Main menu
HOT NEWS
adv
မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် ၁၂ဘီးယာဉ် တိမ်းမှောက်၊ နှစ်နာရီ လမ်းပိတ်ဆို့ခဲ့

မြဝတီ-ကော့ကရိတ်အမြန်လမ်းတွင် ၁၂ဘီးယာဉ် တိမ်းမှောက်၊ နှစ်နာရီ လမ်းပိတ်ဆို့ခဲ့

ကော့ကရိတ်၊ စက်တင်ဘာ ၂ဝ- မြဝတီ-ကော့ကရိတ်အမြန်လမ်းမ ကြီးတွင် အကောက်ခွန်မဲ့ဆီပုံးများ တင်ဆောင်လာသော ၁၂ဘီး ယာဉ် ကြီးတစ်စီးတိမ်းမှောက်ခဲ့ကာလမ်း ပိတ်ဆို့မှု နှစ်နာရီကြာဖြစ်ပွားခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီ-ကော့ကရိတ်အမြန်လမ်းမကြီး နတ်စင် ကွေ့ကီလိုမီတာ ၁၄၄ နှင့် ၁၄၅ ကြားတွင် စက်တင်ဘာ ၁၉ရက် ည ၁၁နာရီခွဲက ယာဉ်တိမ်းမှောက် မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကော့ကရိတ်ယာဉ်ထိန်း တပ်ဖွဲ့စု (၇၁)မှ ရဲအုပ်သန်းနိုင်ရွှေနှင့် တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာ နေရာသို့ သွားရောက်စစ်ဆေးရာယာဉ်မောင်း(အမည်နေရပ်လိပ် စာစုံစမ်းဆဲ)မောင်းနှင်လာသည့် 7G/--- မစ်ဆူဘီရှီ၊ ဖူဆို ၁၂ဘီး အပြာရောင်ယာဉ်သည် ယာဉ် ပေါ်တွင် အကောက်ခွန်မဲ့စားအုန်း ဆီနှင့်အချိုရည်ကတ်များ တင် ဆောင်မောင်းနှင်လာစဉ် အခင်းဖြစ် ရာနေရာသို့အရောက် အရှိန်မထိမ်း နိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ဘေး စောင်းလဲတိမ်းမှောက်သွားခဲ့ပြီးယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်သွားကာ အဆိုပါယာဉ်   တိမ်းမှောက်မှုကြောင့် ယာဉ်မှာ အမြန်လမ်းပေါ်တွင် ကန့်လန့်ခံ နေသည့်အတွက် လမ်းပိတ်ဆို့မှု နှစ်နာရီကြာဖြစ်ပွားခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ် ကို အရှိန်ပြင်းစွာဖြင့် တိမ်းမှောက် အောင် မဆင်မခြင်မောင်းနှင်သည့် ထွက်ပြေးတမ်းရှောင်သွားသည့် ယာဉ်မောင်းဖြစ်သူ (အမည်နေ ရပ်လိပ်စာစုံစမ်းဆဲ)အား ကော့ ကရိတ်ရဲစခန်းမှ ယာဉ်(ပ)၇၂/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉ ဖြင့်အမှုဖွင့်အရေးယူထားပြီး အ ကောက်ခွန်မဲ့ပစ္စည်းများ တင် ဆောင်လာမှုနှင့်ပတ်သက်၍ ယာဉ် ပေါ်ပါ စားအုန်းဆီနှင့်အချိုရည်ကတ်များအား သက်ဆိုင်ရာအ ကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်း အပ်နှံအမှုဖွင့်စေပြီး ထွက်ပြေးသွား သူယာဉ်မောင်းအား အမြန်ဆုံး ဖမ်းမိနိုင်ရေး ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။


KKTM

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191