HOT NEWS
Main menu
adv
ဧဝရတ်တောင်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့်  တောင်တက်အဖွဲ့ မေ ၂၅ ရက် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဟုဆို

ဧဝရတ်တောင်ကို အောင်မြင်စွာတက်ရောက်နိုင်ခဲ့သည့် တောင်တက်အဖွဲ့ မေ ၂၅ ရက် မြန်မာနိုင်ငံသို့ ပြန်ရောက်မည်ဟုဆို

ကမ္ဘာ့အမြင့်ဆုံးဧဝ ရတ်တောင်ထိပ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် မြန်မာနိုင်ငံ သား တောင်တက်သမားအဖွဲ့သည် မြန်မာနိုင်ငံသို့ မေ ၂၅ ရက်တွင် ပြန် လည်ရောက်ရှိရန် ခန့်မှန်းထား ကြောင်း ထူးဖောင်ဒေးရှင်းမှ တာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံသားတောင်တက် သမားများဖြစ်သည့် ကိုပြည့်ဖြိုးအောင် (ခ)PoePin နှင့် ကိုဝင်းကိုကိုတို့သည် မေ ၁၉ ရက် နံနက်တွင် တောင်ထိပ် သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့ ကြောင်း သိရသည်။


'ဧဝရတ်တောင်တက်တဲ့အဖွဲ့ ၂၅ ရက်လောက်မှာ မြန်မာနိုင်ငံကို ပြန်လာနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်။ ပြန်လာပြီးရင်တော့ သတင်း စာရှင်းလင်းပွဲတွေလုပ်တာတို့ စီစဉ် ကြမယ်။ ပြီးရင် သူတို့ကိုထောက်ပံ့ ပေးတဲ့ ကုမ္ပဏီတွေက ကြိုဆိုတာ တွေလုပ်ဖို့ရှိမှာပါ။ အစီအစဉ်တွေ တော့ရှိပါတယ်'' ဟု ထူးဖောင်ဒေး ရှင်းမှ ဦးဘိုထွန်းက မေ ၂၁ ရက်က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြော သည်။

ယခုအခါတွင် တောင်ထိပ်ထိ တက်ရောက်နိုင်ခဲ့ပြီး၊ မြန်မာနိုင်ငံအ လံကို အောင်မြင်စွာစိုက်ထူနိုင်ခဲ့သော တောင်တက်သမားနှစ်ဦးသည် ကျန်း မာရေးကောင်းမွန်လျက်ရှိပြီး၊ ဧဝရတ် တောင်ခြေစခန်းသို့ ချောမောစွာ ပြန်လည် ရောက်ရှိနေပြီဖြစ်ကြောင်း၊ ယင်းတို့သည် ဧဝရတ်တောင်တက် ဧရီးစဉ်ကို အောင်မြင်စွာအဆုံးသတ် နိုင်ခဲ့ကြောင်းMyanmar flag on Everest facebook တွင် ရေးသား ထားသည်။

ကနဦးက မြန်မာတောင်တက် သမားသုံးဦး တက်ရောက်ရန်အတွက် training လုပ်ခဲ့ကြသော်လည်း တစ် ဦးမှာ ကျန်းမာရေးအခြေအနေအရ မတက်ရောက်နိုင်ခဲ့ကြောင်း သိရ သည်။

ဧဝရတ်တောင်တက်ခရီးစဉ် တွင် တောင်ခြေစခန်း Base Camp မှစပြီး Camp1,Camp 2, Camp 3 နှင့် Camp 4 ထိရှိပြီး အဆိုပါ Camp များကို တက်ရောက်ပြီးမှ ကမ္ဘာ့အ မြင့်ဆုံး ဧဝရတ်တောင်ထိပ်သို့ ရောက် ရှိမည်ဖြစ်ကြောင်း သိရသည်။


MMA

#Democractoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS