HOT NEWS
Main menu
ပထမအကြိမ်ရေကြီးကာလတွင် ဧရာဝတီတိုင်း တောင်ပိုင်းနှင့် ရန်ကုန်တိုင်း အရှေ့တောင်ပိုင်းတို့ ရေဖုံးလွှမ်းခံရနိုင်ဟု ဒေါက်တာထွန်းလွင်ပြော

ပထမအကြိမ်ရေကြီးကာလတွင် ဧရာဝတီတိုင်း တောင်ပိုင်းနှင့် ရန်ကုန်တိုင်း အရှေ့တောင်ပိုင်းတို့ ရေဖုံးလွှမ်းခံရနိုင်ဟု ဒေါက်တာထွန်းလွင်ပြော

ရန်ကုန်၊ ဇွန် ၇

ပထမအကြိမ် ရေကြီးကာလကိုရောက်ရှိလာပြီဖြစ် ခြင်းကြောင့် တိုင်းဒေသကြီးနှစ်ခုတွင် ရေဖုံးလွှမ်းခံရနိုင်သည့်အလား အလာများ တွေ့မြင်နေရပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောကြားသည်။ ''ပထ မရေကြီးကာလရောက်နေပြီ။ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းအရှေ့တောင်ပိုင်းတွေမှာ အတော်အသင့်ရေဖုံးလွှမ်းခံရတဲ့ ဒေသတွေအဖြစ် တွေ့နေရပါတယ်''ဟု ဒေါက်တာထွန်းလွင်ကဆိုသည်။ ယင်းအပြင် ယခုလ ၈ ရက် မှ ၁ဝ ရက် အတွင်း ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ကမ်းရိုးတန်း၊ တနင်္သာရီနှင့် မွန်ကမ်းရိုးတန်းများတွင် နေရာဒေသအလိုက် မိုးကြီးနိုင်ကြောင်း၊ ယင်းကဲ့သို့ မိုးပိုလာနိုင် ခြင်းမှာ အနောက်တောင်မုတ်သုံလေသည် လာမည့်တစ်ပတ်အတွင်း အားကောင်း လာနိုင်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။


''မနေ့က လမ်းမတော် ကမ်းနားလမ်း၊ ဆိပ်ကမ်းဘက်မှာ ဒီရေတက်တာကားလမ်းတောင်ရေကျော်တယ်''ဟု လမ်းမတော်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ မိုးရွာသွန်းနိုင်သည့်ဒေသများတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေရာကျဲကျဲ၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်နှင့် ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းနိုင်ကြောင်း သိရသည်။ ယခုနှစ် အတွင်း ကြုံတွေ့ခဲ့ရသည့် အယ်လ်နီညိုရာသီဥတုမှာလည်း အားလျော့ကျလာပြီး၊ လာနီညာဖြစ်နိုင်ခြေ အလားအလာတိုးလာကြောင်း၊ အထူးသဖြင့် ၂ဝ၁၆ ခုနှစ်(ဇွန်၊ ဇူလိုင်၊ သြဂုတ်များအတွင်း) ဆက်လက်တိုးလာနိုင်ပြီး စက်တင်ဘာလခန့်တွင် လာနီ ညာ ဖြစ်ဖို့သေချာမှု ၇၅ ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။    

MMA

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS