HOT NEWS
Main menu
adv

ကလေးမြို့ မိဘမဲ့ဂေဟာများတွင် စွန့်ပစ်ခံ မိဘမဲ့ကလေးများ ရောက်ရှိမှုတိုးလာ

ကလေး၊ ဇွန် ၁ဝ

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ပေါ်နှင့်ကလေး မြို့နယ်များအတွင်းရှိ မိဘမဲ့ဂေဟာများတွင် ယခုနှစ်ပိုင်းအတွင်းမိဘစွန့် ပစ်သည့်ကလေးရောက်လာမှုအရေအတွက် များပြားလာကြောင်း ကလေး မြို့ပေါ်ရှိ မိဘမဲ့မိန်းကလေးများစောင့် ရှောက်ရေး အေးရိပ်မွန်ဂေဟာမှ ဆရာမ ဒေါ်မေရီမြင့်က ပြောသည်။ ကလေးမြို့ အေးရိပ်မွန်အမျိုးသမီးဂေဟာသည် ကျောင်းအိပ်၊ ကျောင်းစားအဖြစ်စောင့်ရှောက် ပညာသင်ကြားပေး လျက်ရှိရာ စားရေး သောက်ရေးအတွက် မခက်ခဲသော်လည်း အဝတ်အထည်၊ အသုံးအ ဆောင် ပစ္စည်းနှင့် ကျောင်းတက်ကျောင်းဆင်းကြိုပို့ကိစ္စတို့အတွက် အမြဲစိုးရိမ်နေရကြောင်း သိရသည်။


''ကျွန်မတို့ဂေဟာက မိန်းက လေးတွေဖြစ်တယ်ဆိုတော့ ကျောင်းသွား၊ကျောင်းပြန်ကြိုပို့ကိစ္စ အမြဲပူနေရပါတယ်။ အကြောင်းအမျိုးမျိုးပေါ့ နော်။ မူလတန်းကစလို့ အလယ်တန်း၊ အထက်တန်းကျောင်းသူတွေရှိတယ်။ ဘွဲ့ရပြီးလို့အလုပ်စဝင်နေတဲ့ မိန်းကလေးတွေလည်းရှိတယ်''ဟု ဒေါ်မေရီမြင့်က ထပ်မံပြောသည်။ ကလေးမြို့တွင် ဘာသာရေးဆိုင်ရာ မိဘမဲ့ဂေဟာများနှင့်အေးရိပ်မွန်အမျိုးသမီးမိဘမဲ့ဂေဟာအပါအဝင် မိဘမဲ့ဂေ ဟာလေးခုဝန်း ကျင်ခန့်ရှိသည်။ အေးရိပ်မွန်တွင် ယခင် နှစ်ကမိဘမဲ့မိန်းကလေးငယ် ၂ဝ ဝန်း ကျင်ရှိခဲ့သော်လည်း ယခုနှစ်တွင် ၄ဝ ဝန်းကျင်ရှိကြောင်း သိရသည်။ ကလေးမြို့တွင် အသက် ၁၈ နှစ်ဝန်းကျင် ကိုယ် ဝန်ဆောင်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ်များပြားလာ နေပြီး ကိုယ်ဝန်ဆောင်နေစဉ် တိတ်တိတ်ပုန်းကိုယ်ဝန်ဖျက်ချမှုများလည်း ရှိသကဲ့သို့ မွေးဖွားပြီးစွန့်ပစ်သည့် မိဘများလည်းရှိကြောင်း ကလေးမြို့ အခြေစိုက်ပရ ဟိတအဖွဲ့တစ်ဖွဲ့ဖြစ် သည့် သားဆက်ခြားပညာပေးရေး အဖွဲ့မှ ပြောသည်။       

MOS

#Democracy Today

Last modified onSunday, 12 June 2016 11:58
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS