Main menu
HOT NEWS
adv
၂ဝ၁၆ ခုနှစ်အတွက် တက္ကသိုလ် ဝင်ခွင့်များကို သြဂုတ်လဆန်း ဝန်းကျင်တွင် စတင်ခေါ်ယူမည်

၂ဝ၁၆ ခုနှစ်အတွက် တက္ကသိုလ် ဝင်ခွင့်များကို သြဂုတ်လဆန်း ဝန်းကျင်တွင် စတင်ခေါ်ယူမည်

ရန်ကုန်၊ ဇွန် ၁၉

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်များကို သြဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လဆန်းဝန်းကျင်တွင် စတင်ခေါ်ယူမည် ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများကို သြဂုတ်လ ဒုတိယအပတ်ခန့်တွင် လက်ခံပေးသွားမည် ဖြစ်ကြောင်း၊ ဝင်ခွင့်လျှောက်လွှာများကို ရန် ကုန်တိုင်းဒေသကြီးတွင် ကမာရွတ်မြို့နယ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်အားကစား ခန်းမတွင် ရုံးခန်းဖွင့်လှစ်ပြီး စက်တင်ဘာလအထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ သိရသည်။


''ဝင်ခွင့်တွေကို သြဂုတ်လထဲမှာပဲ ခေါ်ယူဖို့သတ်မှတ်ထားပါတယ်။ ပုံမှန်ခေါ်ယူနေကျက သြဂုတ်လထဲမှာပါ။ ဝင်ခွင့်တွေလက်ခံရင်လည်း ခါတိုင်းလက်ခံနေကျပညာရေး တက္ကသိုလ်ခန်းမမှာပဲ လက်ခံပေးမှာပါ။ ထူး ထူးခြားခြားအပြောင်းအလဲတော့မရှိပါဘူး''ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြား ရေးမှူးဦးစောခိုင်က ပြောကြားသည်။ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လက်ခံချိန်တွင် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ပေး အပ်ထားသော ဝန်ထမ်းများက လုပ်ငန်းလိုအပ်ချက်နှင့်အညီနှောင့်နှေးကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ယင်းတို့ကို ငွေကြေးတံစိုးလက် ဆောင်တစ်စုံတစ်ရာပေးအပ်ရန်မလိုဘဲ ယင်းတို့ က ငွေကြေး တံစိုးလက်ဆောင် တစ်စုံတစ်ရာတောင်းခံပါက(သို့မဟုတ်) ကျေနပ် မှုမရှိပါက အဆင့်မြင့်ပညာဦးစီးဌာန၊ ကျောင်းသားရေးရာဌာန(ဖုန်း၅ဝ၃၁၄၇) သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။


တက္ကသိုလ်ဝင်ခွင့်ကို တိုက်ရိုက်လျှောက်ထားရမည့်တက္ကသိုလ်များမှာ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ မန္တလာကောလိပ်၊ ရေဆင်းစိုက်ပျိုးရေတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(ရေဆင်း)၊ မြန်မာ့ သတင်းအချက်အလက်နည်းပညာတက္ကသိုလ် (မန္တလေး)၊ သမဝါယမတက္ကသိုလ် (သန်လျင်၊ စစ်ကိုင်း)၊ သမဝါယမကောလိပ်များ၊ ယွန်းပညာကောလိပ်ပုဂံမြို့၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ဖြစ် သည်။ ကျောင်းအလိုက်ခေါ်ယူမည့် စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာကောလိပ်များ (A.G.T.I)များမှာ စက်မှုလက်မှုသိပ္ပံ (T.H.S) အစိုးရစက်မှုလက်မှုသိပ္ပံ (ကန့်ဘလူ)၊ ချောက်၊ ရေနံချောင်း၊ ကျောက် ပန်းတောင်း၊ ဝါးခယ်မ၊ သရက်တို့ဖြစ်ပြီး အစိုးရနည်းပညာ ကောလိပ် (မိုးညှင်း၊ ရွှေဘို၊ ဟားခါး၊ ပူတာအို၊ ခန္တီး)တို့ဖြစ်ကြောင်း၊ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်း (ပညာ ရေးကောလိပ်) TTC ၊ စိုက်ပျိုးရေးသိပ္ပံ (ညောင်ပင်သာ၊ ရွှေဘို)တို့ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော် ပြထားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္က သိုလ်ဒီဂရီကောလိပ်ပေါင်း ၁၆ဝ ကျော် ရှိ နေသည်။


ATK

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191