Main menu
HOT NEWS
adv
ဘွဲ့ရ ပညာမတတ်  အလုပ်လက်မဲ့ ပေါတဲ့ခေတ်

ဘွဲ့ရ ပညာမတတ် အလုပ်လက်မဲ့ ပေါတဲ့ခေတ်

ဟေ့..... ခွေးခွေးချင်းပဲ၊ ဘာမှ  မတူမတန်စရာမရှိဘူး။  နင့်ခွေးလည်း ခွေးပဲ။ ငါ့ခွေးလည်းခွေးပဲလို့ ကျုပ်ကပြောတော့ ရှင်လူကြီးဖြစ်ပြီး လူကြီးစကားပြော၊  လူပါးမဝနဲ့။ ကျွန်မခွေးက နိုင်ငံခြားခွေးမျိုးရှင့်။ ငါး သိန်းပေးရတာတော့။ ရှင့်ခွေးလို ဗမာခွေး မဟုတ်ဘူး။ နားလည်ရဲ့လားလို့ ပြန်ပြောတယ်ဗျ။ ကောင်မလေးက ငယ် ငယ်ချောချောလေးပါ။ ဂျင်းဘောင်းဘီနဲ့ တီရှပ်အင်္ကျီဝတ်ထားတော့ ချစ်စရာလေး ပေါ့။ ကျုပ်လည်း မခံချင်လွန်းလို့သာ ပြန် ပြောနေရတာ။ မပြောရက်ပါဘူး။ ဒီတော့လည်း အချေအတင်ပြောမိတာပေါ့ဗျာ။

 

 အောင်မာ၊ ကြီးကြီးကျယ်ကျယ် နင့်ခွေးက ဘာစားကြီးလို့တုံးဆိုတော့ ခွေး ..ခွေးစာစားတာပေါ့တဲ့ဗျ။ ကျုပ်လည်း ပြန်ပြောတာပေါ့။ ဟဲ့...နင့်ခွေးက ခွေးစာစားကြီးတဲ့ခွေးဟဲ့။ ငါ့ခွေးက လူစာစားကြီးတဲ့ခွေးဟ ဆိုပြန်တော့လည်း ကြီးကြီး ကျယ်ကျယ်မပြောနဲ့၊ ခွေးစာမကျွေးနိုင် လို့မကျွေးတာများ၊ ဟင်းဆိုပြီး သူ့ခွေးလေးကိုဆွဲခေါ်ပြီး ထွက်သွားတယ်။ ကျုပ်က စည်သူမောင်တောပဲ လေ။ ဒီလိုအနိုင်ပိုင်းပြီး ထွက်သွားလို့ရ မလား။ အဲဒီကောင်မလေးကြားလောက် အောင်လှမ်းပြီး အော်ပြောတာပေါ့ဗျာ။ ဟိတ်..မကျွေးနိုင်လို့ မကျွေးတာမဟုတ်ဘူး။ ဘယ်ဗမာခွေးက ခွေးစာစားဖူးလို့လဲ။ လူစာပဲစားတာ။ နင့်ခွေးစာထက် လူ စာကပို ပြီးဈေးကြီးသဟလို့ပြောတော့ မ ကြားချင်ယောင်ဆောင်ပြီး ထွက်သွားသဗျ။


အဲဒီတော့မှ တပည့်ကျော်ဗလပိစိ ကျုပ်နားရောက်လာတယ်။ နောက်ပြီး ဆရာတောရယ် ခွေးကိစ္စက စကားများရတယ်လို့ဗျာ။ လူကြားမကောင်းဆိုပြီး အ ပြစ်ဆိုသဗျ။ ကျုပ်လည်း ဒေါသအရှိန်မ ပြေသေးတော့ တပည့်ကျော် ဗလပိစိကို ဟေ့ကောင် ဗလပိစိ၊ မင်းက ငါ့ခွေးအ ကြောင်းဘာသိလို့လဲပြောလိုက်တော့ ကျုပ် ခွေးကြီးက တပည့်ကျော်ဗလပိစိကို စိုက် ကြည့်နေတယ်။ မပြောမဆို တပည့်ကျော် ဗလပိစိက လမ်းပေါ်က တုတ်ကို ကောက် ကိုင်လိုက်တော့ ကျုပ်ခွေးက တဝုတ်ဝုတ် နဲ့ ထိုးဟောင်တော့တာပဲ။ ခွေးက ရုတ် တရက်ထိုးဟောင်တော့ တပည့်ကျော် ဗလ ပိစိလည်း လန့်သွားတာပေါ့။ ဆရာတောလုပ်ပါဦးဗျ၊ ဆရာ တောခွေး ကြီးက ကိုက်မလို့နဲ့တူတယ်။ မကိုက်ပါဘူး။ ဗလပိစိရာ၊ မင်းကတုတ် ကောက်ကိုင်လိုက်တော့ ငါ့ကိုရိုက်မယ်ထင်လို့ ထိုးဟောင်တာကွ။ ကျုပ်ကိုတုတ် နဲ့ရိုက်မလို့ရွယ်လိုက်တာနဲ့ ကိုက်ပြီးသားပဲ။ ငါ့ကောင်ကြီးက သိပ် လိမ္မာတာကွလို့ ပြောရင်း ဟေ့ကောင်အောင်နက် တော် တော့ဆိုတာနဲ့ ဟောင်တာရပ်သွားတယ်။


ဒီတော့မှ ဗလပိစိက ဆရာ တောခွေးကြီးက သိပ်လိမ္မာတာပဲလို့ပြော သဗျ။ အေးကွ၊ အောင်နက်က လိမ္မာတယ်။ ကျုပ်စကားနားထောင်တယ်။ လူလူချင်း ပြောတာ နားမလည်ကြပေမယ့် ခွေးက လူစကားနား လည် တယ်ကွဆိုတော့ ဗလ ပိစိက အင်း..ဆရာတောခွေးကြီးက ထွားတယ်ဗျ။ နိုင်ငံခြားခွေးမျိုးလားဆိုပြီး မေးသဗျ။ ဗလပိစိရာ၊ မင်းတို့က နိုင်ငံ ခြားဆို သိပ်အထင်ကြီးတာပဲ။ ခွေးတောင် မှ နိုင်ငံခြားခွေးမျိုး လားလို့မေး ရသေးတယ်။ အင်းခွေးကွ အင်းခွေး၊ ဗမာခွေးမျိုးကွဆို တော့မှ ငြိမ်သွားတယ်။ ဗလပိစိက ခွေးကိုက်မှာစိုးလို့ လူကငြိမ်သွားပေမယ့် ပါးစပ်ကမငြိမ်သေး ဘူးဗျ။ ဒါပေမဲ့ ဆရာတောရာ ခွေးကို  အကြောင်းပြုပြီး စကားများရန်ဖြစ်တာ တော့မကောင်းဘူးဗျ ဆိုပြန်သေးတယ်ဗျ။ အောင်မာ၊ ဗလပိစိရာ။ ခွေးပါးစပ်က နတ် စကားထွက်လို့။ မနေ့က မင်း သူများခွေး ခဲနဲ့ထုလို့ ခွေးရှင်နဲ့စကားများ ရန်ဖြစ်ခဲ့ကြ သေးတယ် မဟုတ်လား ဆိုတော့ ဗလပိစိ ဇက်ကလေး ပုသွားတယ်။


ကျုပ်နဲ့တပည့်ကျော်ဗလပိစိ လမ်းလျှောက်ရင်း ခွေးကိစ္စ စကားပြော ဖြစ်ပါတယ်။ အောင်နက်က နှယ်နှယ်ရရ ခွေးမဟုတ်ဘူးကွ။ ရာဇဝင်တွင်မယ့်ကောင်။ ဟိုနိုင်ငံခြားက ရဲနဲ့အတူဘွဲ့ရသွားတဲ့ ခွေး လောက်တော့ ပျင်းတောင်ပျင်းသေးတယ် လို့ဆိုရမတတ်ပဲဆိုတော့ ဗလပိစိက ဘာ လို့လဲဆရာတောတဲ့။ ကျုပ်လည်း တပည့် ကျော်ဗလပိစိရဲ့အမေးရှိလာတော့ ဖြေရ တော့တာပေါ့။ ကျုပ်နဲ့စကားများတဲ့လူဆိုရင် ဟောင်တော့တာပဲ။ ကျုပ်ကို ရိုက်လား၊ ပုတ်လားလုပ်မလို့ဟန်ပြင်တဲ့သူဆို ကိုက် လိုက်တာပဲ။ ဒီအတိုင်းတော့ ဘယ်သူ့ကို မှမကိုက်ဘူး။ ကုန်ကုန်ပြောရရင် ခွေးခွေး ချင်းတောင် မကိုက်ဘူးဗျ။ ကျုပ်ပြောလိုက်ရင် တစ်ခွန်းပဲဆိုတော့ ဆရာတော ခွေး ဋီကာက အတော်စိတ်ဝင်စားဖို့ကောင်း သားဗျ၊ အတ္ထုပ္ပတ္တိရေးပါလားတဲ့။

 

 ပေါက်ပေါက်ရှာရှာ ဗလပိစိ က နာမည်ကြီးတဲ့လူတိုင်းတောင် အတ္ထု ပ္ပတ္တိ မရေးနိုင်ဘူးဟ။ ခွေးအတ္ထုပ္ပတ္တိရေးလို့ ဘယ်သူကဝယ်ဖတ်မတုံး ဗလပိစိရ။ ဗလပိစိတို့တွေးလိုက်မှဖြင့် မလွယ်ဘူး။ တပည့်ကျော် ဗလပိစိ လည်း ခွေးကို ခွေးလိုမမြင်တတ်သေးဘူးဗျ။ ခွေး ကို ခွေးလိုမမြင်တတ်ရင် လူကိုလည်း လူလိုမြင်တတ်မယ့်ပုံရှိမှာမဟုတ်ဘူးလေ။ ခွေးကိုခွေးလို့မမြင်ရင် ခွေးအခွင့်အရေး ဆုံးရှုံးမယ်။ လူကိုလူလို့မမြင်ရင် လူ့အခွင့် အရေးတွေ ဆုံးရှုံးမှာပေါ့ဆိုပြီး တပည့် ကျော် ဗလပိစိကို ရှင်းပြရတယ်။ ကျုပ် ခွေးက သူ့ခွေးကို နမ်းကြည့်တာလေ။ ကိုက် တာမှ မဟုတ်ဘဲ။ ဒါ အောင်နက် မမှား ဘူး။ ခွေးအကျင့်၊ ခွေးအခွင့်အရေးလေ ဗျာ ဆိုတော့ ဗလပိစိက ခေါင်းကုတ်တယ်။ ဘာမှပြန်မပြောဘူး။


ဒါပေမဲ့ လူ့အခွင့်အရေးဆို ပြီးတော့ ကျုပ်က ကောင်မလေးကိုသွား နမ်းလို့မရဘူး ဗလပိစိရ။ လူမှာက လူ့အ ကျင့်၊ လူ့စည်းကမ်းရှိတယ်။ ဥပဒေရှိတယ်။ ကျင့်ဝတ်စည်းကမ်းဥပဒေဖောက်ဖျက်လို့ မရဘူးပေါ့။ ခွေးမှာက ကျင့်ဝတ်စည်းကမ်း မရှိသလို ဥပဒေလည်းမရှိဘူး။ ဒီတော့ အောင်နက် မမှားဘူးလေ။ အဲဒီကောင်မ လေးက ခွေးကို ခွေးလို့မမြင်ဘူးဗျ။ ခွေးခွေး ချင်းသိက္ခာကျအောင်လုပ်လို့ အဲဒီကောင်မ လေးနဲ့စကားများ ရန်ဖြစ် ရတာ ဗလပိစိရ။ ဆရာတော်ကြီးတစ်ပါးပြော သလို တယ် ဒီခွေးငါရိုက်လိုက်ရ၊ ငါပါခွေး ဖြစ်သွားမှာစိုးလို့ဆိုသလိုပေါ့ကွာဆိုတော့ အင်း၊ ဆရာတောရဲ့ ခွေးပိုင်းဆိုင်ရာဒဿန တွေတော့ လိုက်မမီပါဘူးဗျာ တဲ့။ ခွေး မ မွေးဖူးတော့ ခွေးအကြောင်းလည်းမသိပါဘူးတဲ့။ ကျုပ်တို့ဆရာတပည့်နှစ်ယောက် စကားတပြောပြောနဲ့ စွာကျယ်မ အကြော် ဆိုင်ရှေ့ရောက်လာတယ်။ အောင်နက်ကလည်း ကျုပ်နောက်က တကောက် ကောက်ပေါ့။


ဒီတော့ စွာကျယ်မ ကျုပ်ကို ခရီးဦးကြိုပြုသဗျ။ ဆရာတောခွေးလားတဲ့ဗျာ။ အံ့ရော ကျုပ်တောင် နောက်ကျော ချမ်းသွားတယ်။ ကျုပ်လည်း စွာကျယ်မရယ် နင့်စကားကအရင်းမရှိ၊ အဖျားမရှိဟာ။ ကျုပ်က ခွေးမဟုတ် ပါဘူးဗျ။ လူပါ လူပါလို့ပြောတော့မှ သြော်..ကန်တော့.. ကန်တော့တဲ့၊ ပြီးမှ ဆရာတောမွေးထား တဲ့ ခွေးလားလို့ မေးတာပါတော်တဲ့။ ကျုပ်နဲ့တပည့်ကျော်ဗလပိစိ စားပွဲမှာ ထိုင်လိုက်တာနဲ့ စွာကျယ်မက စကားစတော့ တာပါပဲဗျာ။ ဆရာတော အမေစုပြောတဲ့စကားကြားပြီးပြီလားတော့တဲ့။ စွာကျယ်မရယ်၊ အမေစုပြောတဲ့စကား တွေက အများကြီးပဲဟ ရှင်းရှင်းပြောစမ်း ပါဟဆိုတော့မှ အမေစုက မိဘတွေက ပညာဆိုတာ ဘွဲ့ရ တာလို့ ထင်နေတယ် တဲ့။ ဘွဲ့ရအလုပ်လက်မဲ့တွေများတယ်။ အသက်မွေးဝမ်းကျောင်းပညာသင်မှ က လေးတွေအဆင်ပြေမတဲ့တော့၊ လူငယ် တွေအတွက် တန်ဖိုးရှိလိုက်တာတော်တဲ့။


ဒီတော့ ဗလပိစိက တွေ့သမျှ လူပါရဂူ၊ မြင်မြင်သမျှပါမောက္ခဆိုပြီး ကျောင်း ထဲမှာ ပညာတတ်တွေပေါကြောင်း သူတို့ အချင်းချင်းနောက်နေကြသေးတယ်ဗျလို့ ပြောတော့ စွာကျယ်မက ဒီခေတ်က ပညာ တတ်ဆင်းရဲ၊ လူနပ်ချမ်းသာတဲ့ခေတ်တော့ တဲ့။ တပည့်ကျော်ဗလပိစိကတော့ ပညာ တတ်အလုပ်လက်မဲ့ဆိုတာ အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုတဲ့စကားကို နားမလည်လို့ပါ ဗျာ။ ဝန်ထမ်းလုပ်မှ အလုပ်လို့ထင်နေလို့ ပါတဲ့။ အဲဒီတော့မှ ကျုပ်လည်း ဗလပိစိ စကားကို အတွေးပေါက်သွားတယ်ဗျ။ ဒီတော့မှ စွာကျယ်မ၊ နင့်ပညာ အရည်အချင်းကဆိုတော့ ကုန်ထုတ်ဓာတု သိပ္ပံဘွဲ့တဲ့။ ဗလပိစိ မင်းကရော စီးပွား ရေးဘွဲ့လို့ဖြေပြီး ဆရာတော ကရော ဆို တော့ မဟာဝိဇ္ဇာမြန်မာစာဆိုတော့ တစ် ယောက်မျက်နှာတစ်ယောက်ကြည့်မိတယ် ဗျ။ ဒီတော့ ကျုပ်တို့သုံးယောက်စလုံးက ဘွဲ့ရတွေချည်းပဲဟ။ စွာကျယ်မ နင်က လည်း နင့်အကြော်လုပ်ငန်းမှာ အောင်မြင် တယ်။ နင့် အကြော်တွေ ရန်ကုန်တစ်မြို့ လုံးကို ဖြန့်ရတယ်။ ဗလပိစိက ပလတ်စ တစ်စက်ရုံလုပ်ငန်းရှင်၊ ကျုပ်က ဂျာနယ်လစ်၊ စာရေးဆရာထုတ်ဝေသူလုပ်ငန်းရှင်တွေချည်းပဲဆိုပြီး သုံးယောက်သား လက်ဝါးချင်း ရိုက်လိုက် ကြတယ်။


ဒီနောက် စွာကျယ်မက ဘွဲ့ရပညာမတတ်ရင်တော့ အလုပ်လက်မဲ့ဖြစ်မှာပဲလေ။ အမေစုပြောသလို ကျုပ်တို့က အသက်မွေးဝမ်းကျောင်းပညာတတ်တော့ ကိုယ်ပိုင်လုပ်ငန်းရှင်တော့ ဖြစ်နေသေးတယ်တော့လို့ပြောတော့ တပည့်ကျော် ဗလပိစိက ဘာပြောတယ်မှတ်သလဲ။ လူ ငယ်တွေဘွဲ့ရ၊ ပညာမတတ် အလုပ်လက် မဲ့ဖြစ်ရတာ အရင်အစိုးရတွေကြောင့် ဗျတဲ့ ကောင်းရော...ကောင်းရောဗျို့။

စည်သူမောင်တော

#theflowernews

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616