HOT NEWS
Main menu
adv
ဧရာဝတီမြစ်ရေ  ဆက်တိုက်ကျဆင်းနေသော်လည်း စက်တင်ဘာလတွင်  တတိယအကြိမ်  ရေတိုးလာနိုင်

ဧရာဝတီမြစ်ရေ ဆက်တိုက်ကျဆင်းနေသော်လည်း စက်တင်ဘာလတွင် တတိယအကြိမ် ရေတိုးလာနိုင်

ကသာ- ဧရာဝတီမြစ်ရေသည် မြစ် အထက်ပိုင်းရှိ မြစ်ကြီးနား၊ ဗန်းမော် နှင့် ကသာမြို့များမှာ ဆက်တိုက် ကျဆင်းမှု ဖြစ်ပေါ်လျက်ရှိသဖြင့် မန္တလေးမှ ဧရာဝတီနှင့် ချင်းတွင်း မြစ်ဆုံအထိ မြို့ရွာများ ရေကျဆင်း နေရာ ယခုကဲ့သို့ ကျဆင်းမှု ဖြစ်ပေါ် နေသော်လည်း လာမည့် စက်တင် ဘာလအတွင်း နောက်တစ်ကြိမ် ရေ ထပ်မံ မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။

ယခုနှစ်အတွင်း ဧရာဝ တီမြစ်ရေသည် ဇူလိုင်လအတွင်း တစ်ကြိမ် စတင်တက်ခဲ့ပြီး ဇူလိုင် လ စတုတ္ထပတ်တွင် နောက်တစ်ကြိမ် ရေ ထပ်မံမြင့်တက်မှု ဖြစ်ပေါ်ခဲ့ သည်။ ဒုတိယအကြိမ် မြစ်ရေ မြင့် တက်ရာ ဇူလိုင် ၂၆ ရက်တွင် ကသာ မြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၁ဝ၄ဝ အောက် ၁ဝ၃၇ စင်တီမီတာ အထိ ရောက်ရှိခဲ့သည်။ ဇူလိုင် ၂၇ ရက် နံနက် ၆ နာရီတွင် ၁ဝ၄၆ စင် တီမီတာသို့ ရောက်ရှိခဲ့ပြီး နံနက် ၁၁ နာရီတွင် စင်တီမီတာ ၁ဝ၅ဝ၊ ည ၆ နာရီတွင် ၁ဝ၅၃ စင်တီမီတာနှင့် ဇူလိုင် ၂၈ ရက် မွန်းတည့် ၁၂ နာ ရီတွင် ၁ဝ၅၉ စင်တီမီတာ အထိ ရောက်ရှိခဲ့ကာ တဖြည်းဖြည်းချင်း ပြန်လည်ကျဆင်းခဲ့သည်။

''မြစ်ရေက ငြိမ်မှာမဟုတ် ဘူး။ သြဂုတ် ၄ ရက်က ၈၃၄ စင်တီမီတာအထိ ကျသွားတယ်။ သြ ဂုတ် ၉ ရက် နံနက် ၆ နာရီမှာ ၇၉၂ စင်တီမီတာ၊ မွန်းတည့် ၁၂ နာရီမှာ ၇၉၇ စင်တီမီတာ ပြန်ဖြစ်လာတယ်။ မြစ်ကြီးနား၊ ဗန်းမော်မှာ မိုးကျန်နေ သေးတယ်။ အထက်ပိုင်း မိုးရှိရင် ကျွန်တော်တို့ကသာမှာ ရေတိုးလာ တယ်။ ဒါကြောင့် နောက်ထပ် ရေ တစ်ကြိမ် ထပ်တိုးဦးမယ်လို့ ဒီဘက်မှာ အတွေ့အကြုံ ရှိသူတွေက သုံး သပ်ပြောနေကြတယ်။ ကျွန်တော် တို့ဆီ ရေတိုးရင် အောက်ပိုင်းမြို့ရွာ တွေမှာလဲ နောက်ထပ် ရေတိုးနစ် မြုပ်မှု ရှိလာဦးမှာဖြစ်တယ်''ဟု က သာမြို့မှ ကိုညိုကိုနိုင်က ပြောသည်။

ဧရာဝတီမြစ်ရေတိုးပါက မြစ်ကြီးနား၊ ဗန်းမော်မြို့များမှ စီးဆင်းရေမှာ နှစ်ရက်အတွင်း ကသာမြို့သို့ ရောက်ရှိပြီး ကသာမြို့မှ နောက်ထပ် လေးရက်ကျော်အကြာတွင် မန္တလေး၊ စစ်ကိုင်း စသောမြို့ ရွာများသို့ ရောက်ရှိမည်ဖြစ်ကြောင်း နောက်တစ်ကြိမ် ရေတိုးလာစရာ ရှိသဖြင့် မြစ်ကမ်းဘေးဝဲယာ နေထိုင်ကြသူများ သတိဝီရိယရှိဖို့လို ကြောင်း သိရသည်။

 

လှိုင်ထွေးအောင် (Flower News Journal, 12-31)

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

FacebookG+TwitterRSS