HOT NEWS
Main menu
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး နဖူးတော် ပုံစံ ပျက်ယွင်းနေမှုကို နဂိုမူလပုံစံ ပြန်လည် ရရှိရန် သြဝါဒ ဆရာတော်ကြီးများ ခွင့်ပြုချက်နှင့် အညီ ဆောင်ရွက်မည်

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး နဖူးတော် ပုံစံ ပျက်ယွင်းနေမှုကို နဂိုမူလပုံစံ ပြန်လည် ရရှိရန် သြဝါဒ ဆရာတော်ကြီးများ ခွင့်ပြုချက်နှင့် အညီ ဆောင်ရွက်မည်

ရန်ကုန်၊ ဇန်နဝါရီ ၉

မန္တလေးမြို့ မဟာ မုနိရုပ်ရှင်တော်မြတ်ကြီး နဖူးတော်ကို နဂိုမူလပုံစံသို့ပြန်လည်ရရှိစေရန် သြဝါဒဆရာတော်ကြီးများ ခွင့်ပြုချက်နှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ ယင်း ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီ ၈ ရက်တွင် ဘုရားကြီးပရိဝုဏ်အတွင်းရှိ မိုး ကောင်းဓမ္မာရုံ၌ စာနယ်ဇင်းအသိပေးပွဲတစ်ခု ကျင်းပခဲ့ပြီး ၁၉၈၆ခုနှစ် နောက်ပိုင်းကာလများတွင် ရုပ်ရှင်တော်မြတ်ကြီး၏ နဖူးတော် အထက်ပိုင်းကို ရွှေသင်္ကန်းကပ်လှူမှုများရှိခဲ့ပြီး နဂိုမူလနဖူးတော်ပုံစံ ပျက်ယွင်းသွားခဲ့ရပြီး နဖူးတော်မှာ မညီမညာဖြစ်နေ၍ ရေတော်ဆရာတော်မှ နဂိုနဖူးတော်ပုံစံအ တိုင်း ပြန်လည်ပြုလုပ်ရန်အတွက် ဂေါပက အဖွဲ့ကို မိန့်ကြားခြင်းကြောင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဘုရားကြီးဂေါပကဥက္ကဋ္ဌ ဦးစိုးလင်းက စာနယ်ဇင်းအသိပေးပွဲတွင် ပြောသည်။


''လက်ရှိ အနေအထားမှာဆိုရင် နဖူးတော်ပိုင်းဟာ မညီမညာဖြစ်နေတာကိုတွေ့ရှိရပြီး ဘယ်ဘက်မျက်လုံးတော် အထက်ပိုင်းထက် ညာဘက်မျက်လုံးတော် အထက်ပိုင်းက ကျဉ်းနေပါတယ်။ အခုဆိုရင်သြဝါဒ ဆရာတော်ကြီးရဲ့ သြဝါဒကိုခံယူရာမှာ ဆရာတော်ကြီးတွေကလည်း ဒီကိစ္စကို ဆောင်ရွက်ဖို့အတွက် ခွင့်ပြုထားပြီး ဖြစ်ပါတယ်။ သာသနာရေးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာနနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီကလည်း ထပ်မံတင်ပြထားပြီးခွင့်ပြု ချက်ရတာနဲ့ နဂိုနဖူးတော်ပုံစံအတိုင်း ဖြစ်အောင် အမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်''ဟု ဦးစိုးလင်းက ဆက်လက်ပြောသည်။


ထို့ပြင် မဟာမုနိရုပ်ရှင်တော မြတ်ကြီးမှာ ကမ္ဘာတွင်ထင်ရှား ကျော်ကြားသလို မြန်မာလူမျိုးဗုဒ္ဓ ဘာသာဝင်များ အမြတ်တနိုးတန်ဖိုးထားကိုးကွယ်နေသောရုပ်ပွားတော် ဖြစ်သောကြောင့် လုပ်ငန်းဆောင်ရွက်ရာတွင် မျက်နှာတော်အောက်ခံကြေးသားကို မထိခိုက်စေရန်အတွက် အထူးအလေးထား ရမည်ဖြစ်ကာဂေါပက အဖွဲ့အတွက် တာဝန်ကြီးကြောင်း၊ အမှားအယွင်း အတိမ်းအစောင်းမခံသည့် ကိစ္စဖြစ်သောကြောင့် ရွှေ သင်္ကန်း ပြန်လည်ခွာချရန်အတွက် ပညာရှင်များနှင့် တိုင်ပင်ရာတွင် ထိခိုက်မှုမရှိသည့် နည်းလမ်းကို ရွှေမိုက်ပညာရှင်ဦးသန်းလွင်မှ တင်ပြထားကြောင်း နှင့် ယင်းနည်းလမ်းအတိုင်း နမူနာ ပြုလုပ်ထားသောေ ကြးပြားပေါ်မှ ရွှေကို အောင်မြင်စွာအကြိမ်ကြိမ် စမ်းသပ်ဖယ်ရှားပြီးဖြစ်ကြောင်း၊ ရုပ်ရှင်တော်မြတ်ကြီး၏ မျက်နှာတော်ကို ဖူးမြော်ရာတွင် ပိုမိုကြည်ညိုတင့် တယ်စေဖို့အတွက်ရည်ရွယ်ပြီး ယခုလိုဆောင်ရွက်ရန်စီ စဉ်ခြင်းဖြစ် ကြောင်း ဦးစိုးလွင်ကဆက်လက်ပြော သည်။


ယင်းနှင့်ပတ်သက်၍ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ တာဝန်ရှိသူတစ်ဦးက ''အခုထိတော့ သူတို့အနေနဲ့ ဌာနကိုတိုက်ရိုက်တင်ပြလာ တာမရှိသေးဘူး။ ဒါပေမဲ့ ဒီလိုပြန် လည်ဆောင်ရွက်မယ်ဆိုရင်တော့ ဘုရားကြီးရဲ့ဘွဲ့တော်ကိုက မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးဆိုတဲ့အတွက် ဒီဘွဲ့တော်ရဲ့သမိုင်းကြောင်းကိုပါ ထည့်သွင်းစဉ်းစားဖို့တော့လိုပါမယ်''ဟု ဇန်နဝါရီ ၈ ရက်က ပြောကြား သည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏မကိုဋ်တော်၊ စလွယ်တော်နှင့်ရင် ဘတ်တော်ပေါ်တွင် ခေတ်အဆက် ဆက်မှအလှူရှင်များ ချိတ်ဆွဲလှူဒါန်းခဲ့သည့် လက်ဝတ်ရတနာပစ္စည်းများကိုလည်း ရောင်တော်ဖွင့်ရန် အတွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ နှင့် မီဒီယာများရှေ့မှောက်တွင် ပြန်လည်ဖြုတ်ချသွားမည်ဖြစ်ကြောင်း၊ တန်ဖိုးနည်းပါးသည့်လက်ဝတ်ရတနာများနှင့် လက်ကောက်၊ လက်စွပ်များကိုမူ ပြန်လည်ချိတ်ဆွဲတော့ မည်မဟုတ်ဘဲ ဘဏ္ဍာတော်တိုက်တွင်သာ သိမ်းဆည်းသွားမည်ဖြစ်၍ ရှေးဟောင်း လက်ဝတ်ရတနာများကို ပြတိုက်တွင် ပြသထားမည်ဖြစ်ကြောင်း ဦးစိုးလင်းက ဆက်လက်ပြောကြားသည်။


ယင်းသို့ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ''ထူးထူးခြားခြားဒီဘုရားကြီးတွေက နိုင်ငံတော်ရဲ့ အထင်ကရတွေဖြစ်တဲ့အတွက် တကယ်လို့လုပ် ဖြစ်တယ်ဆိုရင် ဒီအစိုးရအဖွဲ့တွေအနေနဲ့ ကျွန်တော်တို့ဝန်ကြီးဌာန အပြင် ကို နိုင်ငံတော်သံဃမဟာ နာယကကိုလည်း သူတို့လျှောက်ရမှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့ဆီ တင်ပြထားလားဆိုတာတော့ မသိရသေးဘူး။ ဒီလိုဆောင်ရွက်တာကို တင်ပြရမယ်ဆိုတဲ့စည်းမျဉ်းတော့ မရှိပေမယ့် ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့တော့ နိုင်ငံတော်က ဘုရားစေတီတွေကိုဝိုင်းဝန်းထိန်း သိမ်းရမယ်ဆိုတာတော့ရှိပါတယ်''ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး ဌာန၊ မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်း စိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲ(သာသနာရေး)မှ ညွှန်ကြားရေးမှူးဦးမြင့်ဇော်ဝင်းကပြောသည်။


ထို့ပြင် ဇန်နဝါရီ ၁၉ ရက်မှ စတင်ကာ ဂန္ဓကုဋီတိုက်အတွင်းတော်ရှိ လျှပ်စစ်မီးကြိုးများကို နောက်ဆုံးပေါ်နည်းပညာ Fiber Cable စနစ်သို့ပြောင်းလဲခြင်း၊ ရုပ်ရှင်တော် မြတ်ကြီးအား သုံးဖက်မြင်ပုံစံမျိုးဖြင့် သပ္ပာယ် စွာ ဖူးမြော်နိုင်ရန် ဆလိုက်မီးများတပ်ဆင်ခြင်းနှင့် ညအချိန်တွင်ပြာသာဒ်တော်ကြီးအပေါ်ပိုင်းရှိ မြန်မာဗိသုကာလက်ရာများကို ပေါ်လွင်စေရန် မီးအလင်းရောင်ပေးခြင်း လုပ်ငန်းများကို အမေရိကန်ဒေါ်လာ နှစ်သိန်း အကုန်အကျခံကာ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ဂေါပက အဖွဲ့ထံမှ သိရသည်။


KSA,MTZ

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS