HOT NEWS
Main menu

YBS ယာဉ်လိုင်းများ အခက်အခဲကြောင့် ရထားစီးသူ သိသာစွာ များပြား၊ မြို့ပတ် ရထားနှစ်စင်း တိုးချဲ့ ပြေးဆွဲပေးခဲ့ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇

YBS ယာဉ် နှင့်ခရီးသည် မမျှခဲ့သည့်အတွက် မြန်မာ့မီးရထားက ဇန်နဝါရီ ၁၆ ရက်တွင် မြို့ ပတ်ရထားနှစ်စင်းကို တိုးမြှင့်ပြေးဆွဲပေးခဲ့ရကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် အများပိုင်ဘတ်စ်ကားများ စတင်ပြေးဆွဲခဲ့သည့် ဇန်နဝါရီ ၁၆ ရက် နံနက်က အင်းစိန်ဘူတာမှ ရန်ကုန်ဘူတာကြီး ဘက်ကို လက်ဝဲရစ်တစ်စီးနှင့် ညနေပိုင်း အလုပ်ဆင်းချိန်တွင် ရန်ကုန်ဘူတာကြီးမှ မင်္ဂလာဒုံဘက်သို့ လက်ဝဲရစ်တစ်စီး ထပ်တိုးပြေးဆွဲပေးခဲ့ရ ကြောင်းသိရသည်။

Read more...

Yangon Bus Services ယာဉ်လိုင်းသစ်များနှင့် ပထမဆုံး အတွေ့အကြုံ

လူဇော်

=======

မ.ထ.သ ကို ရပ်ဆိုင်းလိုက်ပြီးနောက် ရန်ကုန် ဘတ်စ်လိုင်းသစ်များ စတင်ပြေးဆွဲသည့်နေ့မှာပင် ခရီးသွားပြည်သူအများအပြားသည် မှတ်တိုင်များတွင်  လူပင်လယ်ကြီးသဖွယ် ဖြစ်နေသည်။ အချို့ကဖုန်းထဲက ရန်ကုန်ဘတ်စ်လမ်းညွှန်ကို ကြည့်နေသည်။ အချို့က လမ်း ညွှန်မှတ်တိုင်များပါသည့် စာရွက်များကို ကိုင်လျက် မိမိတို့စီးရမည့် ယာဉ်လိုင်းများအလာကို စောင့်ဆိုင်းနေကြသည်။ ဗော်လန်တီယာ(အခမဲ့ကူညီပေးသည့်လူငယ်များ)ကလည်း ယာဉ်လိုင်းလမ်းညွှန်စာရွက်များကိုင်လျက် မှတ်တိုင်များတွင် ရောက်နှင့်နေကြသည်ကိုတွေ့ရသည်။

Read more...

ပြောင်းလဲချိန် တန်လို့ ပြောင်းလဲပြီ၊ နှစ်ပေါင်းများစွာ မင်းမူနေသည့် မထသကို ဖျက်သိမ်းပြီးနောက် YBS ယာဉ်လိုင်းစနစ် စတင်၊ ပထမနေ့တွင် မှတ်တိုင်၌ လူပုံနေသော်လည်း ယာဉ်ကြီးယာဉ်ငယ် အချို့ အခမဲ့ဖြင့် ပြောင်းလဲမှုကို ကူညီ

=================

သ က် သ က် မိုး သူ

=================


ဇန်နဝါရီ ၁၆ ရက်။ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေခဲ့သော ယာဉ်လိုင်းများတွင် နှစ်ပေါင်းများစွာမင်းမူနေသည့် မထသယာဉ်များကို ဖျက်သိမ်းပြီးနောက် YBS ယာဉ်လိုင်းသစ်ကို စတင်လိုက်ပြီဖြစ်သည်။ ယာဉ်လိုင်းသစ်ပြေးဆွဲသည့် ပထမနေ့တွင် မှတ်တိုင်များ၌ ခရီးသည်များ စုပုံနေသော်လည်း ယာဉ်ကြီး၊ ယာဉ်ငယ်အချို့က အခမဲ့ပြေးဆွဲပေးခြင်းဖြင့် ပြောင်းလဲမှုကို ကူညီခဲ့ကြသည်။ ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားမှတ်တိုင် အတော်တော်များများတွင် ခရီးသည်များသည် ယခင်ရက်များနှင့်မတူ တစ်မူထူးခြားစွာစုပုံနေကြသည်။

Read more...

ဒုတိယ ကမ္ဘာစစ် တိုက်ပွဲနေရာနှင့် စစ်လက်ကျန် ပြတိုက်သို့ လာရောက် လေ့လာသူ များလာ

အင်းတော်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်၊ မော်လူးကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်ထားသည့် ဒုတိယကမ္ဘာ စစ်လက်ကျန် ပစ္စည်းပြတိုက်သို့ ပြည်တွင်း၊ ပြည်ပခရီးသွားများ လာရောက်လေ့လာကြည့်ရှုသူ များရှိလာကြောင်း ပြတိုက်ဖွင့်လှစ်ရာတွင် ဦးဆောင်ပါဝင်သူ ကိုချိတ်က ဇန်နဝါရီလ ၁၄ ရက်တွင်ပြောကြားသည်။

Read more...

မျိုးသုဉ်းလုနီး မြန်မာ့ကြယ်လိပ် ထိန်းသိမ်းရေး အောင်မြင်၊ သားပေါက်နှုန်း တစ်နှစ်လျှင် ကောင်ရေ ၄ဝဝဝ ခန့်ထိ ရှိသဖြင့် သဘာဝတောများသို့ ပြန်လည် လွှတ်ပေးနေရ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

သဘာဝ အခြေအနေတွင် မျိုးသုဉ်းလုနီးပါး အခြေအနေနှင့် ရင်ဆိုင်နေရသည့် မြန်မာ့ကြယ်လိပ် ထိန်းသိမ်းရေး လုပ်ငန်းအောင်မြင်မှုကြောင့် တစ်နှစ်လျှင် သားပေါက်နှုန်း ကောင်ရေ ၄ဝဝဝ ခန့်အထိ ရှိပြီး သဘာဝတောများသို့ ပြန်လည်လွှတ်ပေးနေရကြောင်း သိရသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS