Main menu
HOT NEWS
adv

မူဆယ်မြို့နယ် ထင်းရှူးတော တစ်ခုအတွင်း ဒေသန္တရ လက်လုပ်မိုင်းတစ်လုံး တွေ့ရှိ၍ မူဆယ်-လားရှိုးလမ်းပိုင်း ယာယီပိတ်ကာ တပ်မတော်မှ ရှင်းလင်း

မူဆယ်၊ ဇူလိုင် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့နယ် ကောင်းဝှက်ကျေးရွာရှိ စီးပွားရေး ထင်းရှူးစိုက်ခင်းဟောင်းတစ်ခုတွင် ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒေသန္တရလက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့၍ ရှင်းလင်းခဲ့ ကြောင်း သိရသည်။

Read more...

စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေး လှုပ်ရှားမှု စည်ပင်နှင့် လူမှုအဖွဲ့များ ပူးပေါင်းပြုလုပ်

ရန်ကုန်၊ ဇူလှိုင် ၁၄

ပြည်သူများ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ရေးလှုပ်ရှားမှုကို ရန်ကုန်စည်ပင်နှင့်လူမှုအဖွဲ့များပူးပေါင်းကာ ရန်ကုန်မြို့၊ ဝန်ကြီးများရုံးအနီးတွင် ပြုလုပ်ခဲ့သည်။ သိမ်ဖြူလမ်းနှင့်မဟာဗန္ဓုလ လမ်းထောင့်ရှိ ဝန်ကြီးများရုံးအနီးတွင် ပြည်သူများစည်းကမ်းတကျအမှိုက်စွန့်ပစ်ရန် မော်တော်ယာဉ်များသို့ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ အသိပညာပေးခြင်းကို ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီက ပြုလုပ် ခဲ့ခြင်းဖြစ်သည်။

Read more...

ကရင်ပြည်နယ် ဝန်ကြီးချုပ် ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရ၊ ဘားအံဆေးရုံမှ ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ ကုသလျက်ရှိ

ဘားအံ၊ ဇူလိုင် ၁၄

ကရင်ပြည် နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်သည် ဇူလိုင် ၁၄ ရက် နံနက် ၇ နာရီတွင် တောင်ကလေးဆရာတော် အရှင်ပညာသာမိ၏ သက်တော် (၅၇)နှစ်ပြည့်မွေးနေ့ ဝိဇာတမင်္ဂလာအခမ်းအနားသို့ မော်တော်ယာဉ် ဖြင့်ထွက်ခွာလာစဉ် ဘားအံမြို့ ဘားအံဂေါက်ကွင်းရှေ့၌ ယာဉ် မတော်တဆမှုဖြစ်ပွား၍ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။  ''ကရင်ပြည်နယ်ဝန်ကြီးချုပ် ရဲ့ ဘယ်ဘက်ခြေသလုံးအရိုးကျိုးသွားတယ်။ လောလောဆယ် ဘားအံဆေးရုံကြီးကို တင်ပို့ထား တယ်။ ဘားအံဆေးရုံကြီးမှာ လိုအပ်တဲ့ စမ်းသပ်စစ်ဆေးမှုတွေပြု လုပ်ပြီးတော့ ခုရန်ကုန်ကိုဆေးကုသဖို့ ဆက်လက်ပို့ဆောင်သွားမှာ ပါ''ဟု ပြည်နယ်ဝန်ကြီးချုပ်နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဇူလိုင် ၁၄ ရက် နံနက် ၁၁ နာရီတွင် ပြောသည်။ ကရင်ပြည်နယ်ဝန်ကြီးချုပ် လိုက်ပါလာသောယာဉ်သည် ဘားအံ ဂေါက်ကွင်းရှေ့အရောက်တွင် ယာဉ်၏ ကားတိုက်ရော့ပြုတ်ထွက်သွားပြီး အနီးရှိကျွန်းပင်ကိုတိုက်မိကာ ရပ်တန့်သွားခဲ့ကြောင်း မျက်မြင်တွေ့ရှိ သူ ဘားအံမြို့ခံ ကိုဇေယျာကျော်က ပြောသည်။

Read more...

အစိုးရချင်းချိတ်ဆက်မှုဖြင့် မြန်မာရေလုပ်သားများ တရားဝင်စေလွှတ်ရန် ထိုင်းတောင်းဆိုမှု မူအားဖြင့်သဘောတူ

ရန်ကုန်၊ ဇူလိုင် ၁၃-အစိုးရချင်း ချိတ်ဆက်မှုဖြင့် မြန်မာရေလုပ်သား များ တရားဝင်စေလွှတ်ရန် ထိုင်းနိုင်ငံ ဘက်မှတောင်းဆိုမှုကို မူအားဖြင့် သဘောတူထားပြီး အခွင့်အရေးပိုင်း ဆိုင်ရာ ညှိနှိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

Read more...

ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ရေကြည်မြို့နယ် ငဝန်ရေကာတာ၏ ကြံ့ခိုင်မှုကို စောင့်ကြည့် စစ်ဆေးနေ

ဧရာဝတီတိုင်းဒေသကြီး ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်သို့ ကျော်လွန်လာပြီဖြစ်သောကြောင့် ရေကြည်မြို့နယ်၊ ငဝန်ရေကာတာ၏ ကြံ့ခိုင်မှုကို အမြဲမပြတ် စောင့်ကြပ်ကြည့်စစ်ဆေးနေကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191