Main menu
HOT NEWS
adv

ဧရာဝတီမြစ်ရေမြင့်တက်နေခြင်းကြောင့် ပဲခူးတိုင်းအနောက်ပိုင်းရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက်နေ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)တွင် ဧရာဝတီမြစ်ရေသည် (၅)ရက်အတွင်း (၄)ပေခန့်မြင့်တက်လာပြီး မြစ်ကမ်းဘေး အနိမ့်ပိုင်းရပ်ကွက်ချို့တွင် ဇူလိုင် ၁၃ ရက်က ရေများ စတင်ဝင်ရောက်လျှက်ရှိကြောင်း ပြည်ခရိုင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သိရှိရသည်။

Read more...

အာဇာနည်နေ့တွင် ကောလင်းမြို့ ဗိုလ်ချုပ်မြင်းစီး ကြေးသွန်း ရုပ်တုဖွင့်ပွဲနှင့် မြို့လုံးကျွတ် အလေးပြုပွဲ ကျင်းပမည်

ကောလင်း

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ ပြည်သူ့ပန်းခြံတွင် စိုက်ထူထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးသွန်းရုပ်တုကို ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ဖွင့်ပွဲနှင့်အတူ မြို့လုံးကျွတ် ချီတက်အလေးပြုကြမည်ဖြစ်ကြောင်းသိရသည်။ ကောလင်းမြို့ ပြည်သူ့ပန်းခြံတွင် ဂုဏ်ပြုထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးသွန်းရုပ်တုကို မန္တလေးမြို့ တမ္ပဝတီရပ်ရှိ ဦးဝင်းမောင်ကြေးသွန်းလုပ်ငန်းမှ သွန်း လုပ်ခဲ့ရာ ဇူလိုင် ၈ ရက်က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်သယ်ဆောင်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် တမ္ပဝတီရပ်ကြေးသွန်းအလုပ်ရုံမှ ကောလင်းမြို့သို့ မော်တော်ယာဉ်တန်း ဖြင့် သယ်ယူလာခဲ့သည်။

Read more...

အမြန်လမ်းမကြီးတွင် ချင်းတောင်တန်း EXPRESS ယာဉ် တိမ်းမှောက်မှုဖြစ်ပွား

သာဂရ

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ဇူလိုင် ၁ဝ ရက် ည ၇ နာရီက ခရီးသည် များတင်ဆောင်လာသော EXPRESS  ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

Read more...

မြန်မာကြယ်လိပ် မျိုးမတုံးစေရန် မင်းစုံတောင် ဘေးမဲ့တောမှ နည်းလမ်း လေးသွယ်ဖြင့် ဆောင်ရွက်နေ

နွားထိုးကြီး

ကမ္ဘာတွင် မြန်မာတစ်နိုင်ငံတည်းမှာသာရှိသည့် မြန်မာ့မျိုးရင်း ကြယ်လိပ်များ မျိုးတုံးပျောက်ကွယ်ခြင်းမရှိစေရန် မင်းစုံ တောင်တောရိုင်း တိရိစ္ဆာန်ဘေးမဲ့တောမှ နည်းလမ်းလေးသွယ်ဖြင့် ထိန်းသိမ်းစောင့် ရှောက်နေကြောင်း မင်းစုံတောင်ဘေးမဲ့ တောအုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်က ပြောသည်။ မြန်မာ့မျိုးရင်း ကြယ်လိပ်များမှာ မြန်မာနိုင်ငံအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးများရှိ တောများအတွင်းမှာသာ နေထိုင်ကျက်စားမှုရှိရာ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် မင်းစုံ တောင်တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် ကြယ်လိပ်အကောင်ရေ ဒုတိယအများဆုံး စခန်းဖြစ်ပြီး မင်းစုံတောင်စခန်းကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အုပ်ချုပ်ရေးမှူးအဆင့်ရုံးထားရှိ၍ ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

Read more...

မြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တသုဇန၏ သက်တော်(၆၉)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနား စည်ကားစွာ ကျင်းပ

ဘားအံ၊ ဇူလိုင် ၁၁

မြိုင်ကြီးငူ ဆရာတော်ဘဒ္ဒန္တသုဇန၏ သက် တော်(၆၉)နှစ်ပြည့် ဝိဇာတမွေးနေ့ မင်္ဂလာအခမ်းအနားကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းတွင် ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသစုံနံ့သာမြိုင် ဆွေမြို့တော်၌ စည်ကားသိုက်မြိုက် စွာကျင်းပခဲ့ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191