Main menu
HOT NEWS
adv

မန္တလေးတိုင်း ဒေသကြီးအတွင်း ရေရှားနိုင်သည့်ကျေးရွာ ၁၆၅ ရွာတွင် ရေ ကြိုတင်ဖြန့်ဝေမှု စတင်ဆောင်ရွက်နေ

မန္တလေး

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၃ မြို့နယ်တွင် ဧပြီပထမပတ်မှစတင်၍ ရေရှားပါး နိုင်သည့်ကျေးရွာများအား ရေကြိုတင်ဖြန့်ဝေမှုလုပ်ငန်းများကို မတ်လ နောက်ဆုံးပတ်မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှသိရသည်။ ''မန္တလေးတိုင်းဒေသကြီးအတွင်း မတ်လနောက်ဆုံးပတ်က စပြီး ရေရှားပါးတဲ့နေရာတွေကို ရေ ဖြန့်ဝေပေးနေပါတယ်။ အုတ်ကန်ရှိတဲ့နေရာတွေကို ထိန်းသိမ်းခြင်း၊ ပြုပြင်ခြင်းများ ဆောင်ရွက်ဖို့၊ အုတ်ကန်မရှိရင် ယာယီရေကန်လုပ်ပေးဖို့ ညွှန်ကြားထားပါတယ်''ဟု မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေ သ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးမင်းဟန်က ပြောသည်။

Read more...

တစ်ပတ်စာ သင့်ကံကြမ္မာ

၂ဝ၁၇ ခုနှစ်၊ ဧပြီလ (၂) ရက်မှ (၈) ရက်အထိ

တနင်္ဂနွေသားသမီးများ
    ဤရက်များအတွင်း၌ ငွေနှင့် ပစ္စည်းများ အလေအလွင့် အဆုံးအရှုံး များနေတတ်ပါသည်။ ဆိုင်ကိစ္စ၊ အိမ်အဆောက်အအုံကိစ္စ၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စားသောက်ကုန်၊ စာအုပ်စာတမ်း၊ စပ်တူ၊ စာချုပ်ကိစ္စများ အထူးကောင်း ပါသည်။ ငွေကြေးကိစ္စ၊ ကားကိစ္စ၊ ကျောက်ကိစ္စ၊ ပွဲလမ်းသဘင်ကိစ္စများတွင် စိတ် ရှုပ်ရတတ်ပါသည်။ ခါး၊ ဗိုက်၊ ခြေထောက်ပိုင်း ဂရုစိုက်ပါ။ ၃ အစ၊ ၉ အစ ထီကို ထိုးပါ။
ကံအထောက်အပံ့ကောင်းရရှိရန် - အရဟံဂုဏ်တော် သက်စေ့ရွတ်ဖတ်ပါ။ ညောင် ပင်မှာ သန့်ရှင်းရေးကုသိုလ် ပြုလုပ်ပါလေ။

Read more...

မန္တလေးမြို့တွင် သင်္ကြန်ကာလ ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများ ၂၄ နာရီ ကြိုတင်ပြင်ဆင်ထား ဟုဆို

မန္တလေး၊ ဧပြီ ၂

မန္တလေးမြို့တွင်  သင်္ကြန်ကာလ မတော်တဆမှုများ ကြုံတွေ့ခဲ့ပါက အရေးပေါ်စစ်ဆေး ကုသမှုပေးနိုင်ရန် မန္တလေးအထွေ ထွေရောဂါကု ပြည်သူ့ဆေးရုံကြီးနှင့် လူမှုကူညီရေးအသင်းများအနေဖြင့် ၂၄ နာရီ ကြိုတင်ပြင်ဆင်ထား ကြောင်းသိရသည်။

Read more...

မျက်မမြင်ကျောင်းသားများ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့ ကိုယ်တိုင် သွားရောက်မဲထည့်

မုံရွာ၊ ဧပြီ ၂

ကြားဖြတ်ရွေးကောက်ပွဲနေ့ ဧပြီ ၁ ရက်၌ မုံရွာမြို့ မြို့သစ်ရပ်ကွက်ရှိ ရောင်ခြည်သစ်မျက်မမြင် ပရဟိတကျောင်းမှ ကျောင်းသားများသည် စံပြမဲရုံသို့ကိုယ်တိုင်သွား ရောက်မဲပေးခဲ့ကြကြောင်း မျက်မမြင် ကျောင်း၊ ကျောင်းအုပ်ကြီး ဦးကြည်က ပြောသည်။ ယင်း မျက်မမြင်ကျောင်းမှ ကျောင်းသား ၂၁ ဦးသည် နံနက် ၁ဝ နာရီတွင် ကျောင်းမှစီတန်းထွက်၍ စံပြမဲရုံတွင် မျက်မမြင်စာဖြင့်ပြု လုပ်ထားသောမဲစာရွက်၌ မိမိစိတ်ကြိုက်ပါတီကို မဲပေးခဲ့ကြသည်။

Read more...

ရန်ကုန်-မန္တလေး သင်္ကြန် အထူးရထား ယခင်နှစ်ပြေးဆွဲမှုထက် စော၍ဆွဲပေးမည်

ရန်ကုန်၊ ဧပြီ ၂

ယခုနှစ်အတွက် ရန်ကုန်-မန္တလေး သင်္ကြန်အထူးရထား ပြေးဆွဲမှုကို ယခင်နှစ်ပြေးဆွဲမှုထက် စော၍ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှသိရသည်။ ယခင်နှစ်များက ရန်ကုန်-မန္တ လေးခရီးစဉ်အတွက် သင်္ကြန်အထူး ရထားပြေးဆွဲပေးမှုကို ဧပြီ ၉ ရက်မှစတင်ကာ သင်္ကြန်အကြိုနေ့အထိ ပြေးဆွဲပေးခဲ့ပြီး သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့နှင့် သင်္ကြန်အတက်နေ့များတွင် ပြေးဆွဲမှုရပ်နားပြီး နှစ်ဆန်းတစ်ရက်နေ့နှင့် နှစ်ဆန်း နှစ်ရက်နေ့များတွင် ပြန်လည်ပြေးဆွဲပေးခဲ့သော်လည်း ယခုနှစ်တွင် သင်္ကြန်မတိုင်ခင် ဧပြီ ၇ ရက် (သို့) ၈ရက်နေ့မှစတင်ကာ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616