Main menu
HOT NEWS
adv

မိုးပြိုမှာကို ထန်းလက်နဲ့ကာခြင်း

''မေမေရေ အိမ်နောက်ဘက်မှာ ရေတွေ တက်လာပြီ လာကြည့်ပါဦး''

မြို့သစ်တွေမှာ မနေဖူးတဲ့ သမီးဟာ ရေတက်တာကို အဆန်းလုပ် ပြီး သူ့အမေ ဒေါ်ခင်ဝေကို အော်ခေါ်နေ တာပါ။ ဒေါ်ခင်ဝေကလည်း သမီးကျေ နပ်အောင် အနောက်ဘက် ပြတင်းပေါက် ဆီ အပြေးကလေးသွားတော့ ဟုတ်ပါရဲ့။ ရေတွေတက်လာတာ လမ်းကြားကလေး တောင် မြုပ်နေပြီ။

Read more...

ဇင်းကျိုက်ရေတံခွန်တွင် ဝါဆိုပန်ခူးသူ ရေကစားသူများဖြင့် စည်ကား

ဇင်းကျိုက်၊ ဇူလိုင် ၉ 


မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ရှိ ဇင်းကျိုက်ရေတံခွန်တွင် ဇူလိုင်လ ၉ ရက် (ဝါဆိုလပြည့်ကျော် ၁ ရက်) နေ့တွင် ဝါဆိုပန်ခူးသူ ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။ ဇင်းကျိုက်ရေတံခွန်သည် မွန်ပြည်နယ်အတွင်း ထင်ရှားသော နေရာတစ်ခုဖြစ်ပြီး အထူးသဖြင့် ဝါဆိုလပြည် နေ့နှင့် လပြည့်ကျော်ရက်များတွင် ရေလာကစားသူများဖြင့် ပိုမိုစည်ကားလျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သူ ကိုနေခြည်က ပြောသည်။

Read more...

အတက်ရောဂါ ကုသပေးရေး စီမံချက်အဖြစ် ၂၀၁၇ ခုနှစ်တွင် မြို့နယ်(၂)ခုကို ထပ်မံတိုးချဲ့ လုပ်ဆောင်မည်

ရန်ကုန်၊ ဇူလိုင် ၉ 


မြန်မာနိုင်ငံတွင် အတက်ရောဂါကုသပေးရေးစီမံချက်အဖြစ် ၂၀၁၇ ခုနှစ်တွင် မြို့နယ်(၂)ခုကို ထပ်မံတိုးချဲ့ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံးကြီး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဌာနမှ သိရှိရသည်။ အဆိုပါ စီမံချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ၏ ပံ့ပိုးမှုဖြင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ မြို့နယ် (၁၀) မြို့နယ်တွင် လုပ်ဆာင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။ "မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက်ကို ဒီနှစ်ထဲမှာ ဧရာဝတီတိုင်းမှာ ပန်းတနော်၊ ပဲခူးတိုင်းမှာ ညောင်လေးပင် တို့ကို ထပ်မံတိုးချဲ့မှာပါ။ ၂၀၁၈ ခုနှစ်မှာ WHO က ဆက်လက်ပံ့ပိုးမလား မသိသေးပါဘူး။ ဝန်ကြီးဌာနအနေနဲ့ ကတော့ မြန်မာတစ်နိုင်ငံလုံး စီမံချက်တွေတိုးချဲ့ဖို့ စိတ်တော့ဝင်စားပါတယ်။ စီစဉ်နေတယ်လို့တော့ပြောလို့ မရ သေးပါဘူး။'' ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြော အထူးကုဌာန၊ ဦးနှောက်နှင့် အာရုံ ကြောအထူးကု ဆရာဝန်ကြီး၊ တွဲဖက်ပါ မောက္ခဒေါက်တာ စမ်းဦးက ပြောသည်။

Read more...

ရှမ်းပြည်နယ်မြောက်ပိုင်း ပရဟိတာများ စုပေါင်းကာ သီပေါမြို့ရှိ ရေဟော် ဘုန်းတော်ကြီးသင် ကျောင်းနှင့် အ.လ.က(၁)ကျောင်းတွင် ခြင်းဆေးဖျန်း

သီပေါ ၊ ဇူလိုင် ၉


ရှမ်းပြည်နယ်မြောက်ပိုင်း ပရဟိတာများ စုပေါင်းကာ သီပေါမြို့ရှိ ရေဟော်ဘုန်းတော်ကြီးသင် ကျောင်းနှင့် အ.လ.က(၁)ကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရန် ရည်ရွယ်ကာ ခြင်းဆေးဖြန်းခြင်းအား ဇူလိုင် ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။  သွေးလွန်တုပ်ကွေးရောဂါဖြစ်စေသော ခြင်အန္တရာယ်မှ ကင်းဝေးစေရန်အတွက် ကျန်းမာရေးဌာနနှင့် သီပေါ ပရဟိတအဖွဲ့များ ပူးပေါင်းကာ ရေဟော်ဘုန်းတော်ကြီးသင်ကျောင်း၊ အ.လ.က(၁)ကျောင်းနှင့် သွေးလွန်တုပ်ကွေးဖြစ်သော နေအိမ်တို့တွင် ခြင်ဆေးဖြန်းခြင်းအား လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

Read more...

သထုံ ခရိုင်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် မြစိမ်းရောင် စီမံကိန်း အကောင်ထည်ဖော်မည်

သထုံ၊ ဇူလိုင် ၁၀


မွန်ပြည်နယ်၊ သထုံခရိုင်အတွင်းရှိ ကျေးရွာ(၈)ရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြု ရန်ပုံငွေဖြင့် မြစိမ်းရောင်စီမံကိန်း အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း သထုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။ ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရန်၊ တစ်နိုင်တပိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်၊ ကျေးလက်ဒေသထုတ်ကုန် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်နေပြည်သူများအား အတိုးနှုန်းသက်သက်စွာ အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သထုံခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမျိုးဝင်းက ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191