HOT NEWS
Main menu
adv

သယ်ယူ ပို့ဆောင်ရေးနဲ့ ပတ်သက်၍ တိကျသော မူဝါဒ ချပေးရန် လိုအပ်ကြောင်း အီတလီနိုင်ငံမှ သယ်ယူပို့ဆောင်ရေး ပညာရှင် ပြော

ရန်ကုန်

ပြောင်းလဲကျင့်သုံးနေသည့် ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်နှင့်ပတ်သက်၍ တိကျသောမူဝါဒချပေးရန် လိုအပ်ကြောင်း အီတလီနိုင်ငံ တူရင်မြို့မှ မြို့ပြသယ်ယူပို့ဆောင် ရေးပညာရှင်က ပြောသည်။  အစိုးရအနေဖြင့် သယ်ယူပို့ဆောင်ရေး စနစ်သစ် ပြောင်းလဲကျင့်သုံးခဲ့သည်မှာ ကာလအားဖြင့် အနည်းငယ်မျှရှိသော်လည်း သယ်ယူပို့ဆောင်ရေးစနစ်တွင် နည်းစနစ်မှန်မှန်ဖြင့် တိကျသောမူဝါဒ ချမှတ်ဆောင်ရွက်ရန် လိုအပ်ပြီး ရေရှည်အသုံးပြုနိုင်သောစနစ်တစ်ခုဖြစ်ရန်လည်း လိုအပ်ကြောင်း သိရသည်။

Read more...

ပုပ္ပားတောင် ဝန်းကျင်၌ သစ်ခုတ်မှုများ ဆိုးရွားလာခြင်းကြောင့် ရေထွက်ပေါက်များ ပျက်စီးသွားမည်ကို ဒေသခံများ စိုးရိမ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

ပုပ္ပား တောင်ဝန်းကျင်၌သစ်ခုတ်မှုများဆိုးရွားလာခြင်းကြောင့် ရေထွက်ပေါက်များပျက်စီးသွားမည်ကိုဒေသခံများ စိုးရိမ်နေကြကြောင်းသိရသည်။ သစ်ခုတ်မှုအများဆုံးဖြစ်ပေါ် နေသည့်နေရာများတွင် ဒေသခံများ အဓိကအားထားရသည့်ရေထွက် ပေါက်များတည်ရှိကြောင်း၊ ယခုကဲ့သို့အလွန်အကျွံခုတ်ယူမှုများကိုဆက် လက်ပြုလုပ်နေပါက လာမည့်နှစ်အနည်းငယ်တွင်တောများလုံးဝပြုန်းတီးသွားနိုင်ပြီး၊ ရေဝေရေလဲဒေသများပျက်စီးခြင်းနှင့်ရေထွက်ပေါက်များလည်းပျက်စီးသွားနိုင်ကြောင်း ပုပ္ပားတောင်ချစ်သူများအသင်းမှသိရသည်။

Read more...

သက်တော် (၁ဝဝ) သိက္ခာတော် ဝါ (၈ဝ) ရှိ ရွှေကျင် သာသနာပိုင် ဝါဆိုဆရာတော်ကြီး ဘဝနတ်ထံ ပျံလွန်တော်မူ၊ အန္တိမ ဈာပနကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပသွားမည်

မန္တလေး၊ ဖေဖော်ဝါရီ ၁၅

မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက၊ နိုင်ငံတော်သြဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ရွှေကျင်နိကာယဓိပတိ ဥက္ကဋ္ဌ မဟာနာယကဓမ္မသေနာပတိ၊ စုဒ္ဒသမရွှေကျင်သာသနာပိုင်ဝါဆို ဆရာတော်ကြီးဘဒ္ဒန္တအဂ္ဃိယသည် ကျန်းမာရေးအခြေအနေကြောင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိရာမှ ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁ နာရီခွဲက ဘဝနတ်ထံပျံလွန်တော်မူခဲ့ကြောင်း သိရသည်။

Read more...

မြန်မာ-ဂျပန် လူ့အခွင့်အရေး ဆိုင်ရာ စတုတ္ထအကြိမ်မြောက် ဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မြန်မာ-ဂျပန် လူ့အခွင့်အရေးဆိုင်ရာ စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၄ ရက်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

Read more...

တစ်နိုင်ငံလုံးတွင် ယနေ့ စတင်ကျင်းပသည့် အတန်းတင် စာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော် ဖြေဆိုမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

မြန်မာတစ်နိုင်ငံလုံးတွင် ဖေဖော်ဝါရီ ၁၄ ရက်၌ စတင်ကျင်းပမည့် အတန်းတင်စာမေးပွဲများတွင် အခြေခံပညာကိုသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ဖြေဆိုမည်ဖြစ် ကြောင်းသိရသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၏အခြေခံပညာနှစ်ဝက်ဆုံး၊ အခန်းဆုံး၊ ဒုတိယနှစ်ဝက်ဆုံးပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ ပဉ္စမတန်း၊ ဆဋ္ဌမတန်း၊ သတ္တမတန်း၊ နဝမတန်းတို့၏ စာမေးပွဲများကို ဖေဖော်ဝါရီ ၁၄ ရက်တွင် စတင်ကျင်းပမည်ဖြစ် ပြီး ယင်းစာမေးပွဲများပြီးဆုံးပါက အ ခြေခံပညာစတုတ္ထတန်းနှင့်အဋ္ဌမတန်း စာမေးပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ လာမည့်မတ်လတွင် ယခုပညာသင်နှစ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးကို ကျင်းပမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးများမှ သိရသည်။

Read more...
adv

adv

FacebookG+TwitterRSS