Main menu
HOT NEWS
adv

တောင်သူလယ်သမားအတွက် သီးသန့်အသက်အာမခံအမျိုးအစား မကြာမီရောင်းချမည်

ရန်ကုန်၊ ဧပြီ ၂၄- တောင်သူလယ် သမားများအတွက် သီးသန့်အသက် အာမခံပေးနိုင်မည့်တောင်သူလယ် သမားအာမခံအမျိုးအစားကို မြန်မာ့ အာမခံလုပ်ငန်းအပါအဝင် ပုဂ္ဂလိ ကအာမခံကုမ္ပဏီ ၁၂ ခုမှတစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်မကြာမီ ရောင်း ချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ အာမခံလုပ်ငန်းမှသတင်းရရှိသည်။

Read more...

ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုမှ သိမ်းဆည်းလယ်ဧကပေါင်း ၂၅ သိန်းကျော်ကို တောင်သူလယ်သမားများနှင့် နိုင်ငံသားများထံပြန်ပေးမည်

ရန်ကုန်၊ ဧပြီ ၂၄-မြေလွတ်မြေရိုင်း များစီမံခန့်ခွဲရေးဥပဒေအရ သတ် မှတ်ကာလအတွင်းမှာ အကောင်အ ထည်ဖော်ဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၃ ခုမှ လယ်ဧကပေါင်း ၂၅ သိန်း ကျော်အား ပြန်လည်သိမ်းဆည်းကာ အမှန်တကယ်လုပ်ကိုင်မယ့် တောင် သူလယ်သမားအပါအဝင် နိုင်ငံသား များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်နေရာချထားပေးသွားရန် စီစဉ်လျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ သိရသည်။

Read more...

ပေကျင်းမြို့သို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွေးရာပါ နှလုံးရောဂါဝေဒနာရှင် ကလေးငယ်များကို မြန်မာ ပညာတော်သင်ကျောင်းသား၊ ကျောင်းသူများ လိုက်ပါ ကူညီစောင့်ရှောက်ပေးနေပြီး ကစားစရာအရုပ်များ လှူဒါန်း

ရန်ကုန်၊ ဧပြီ ၂၃

မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေးပူးပေါင်းဆောင်ရွက်ခြင်းအစီအစဉ်ဖြင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ရှိ Anzhen ဆေးရုံကြီး၌ နှလုံးရောဂါခွဲစိတ်ကုသရန် ရောက်ရှိနေသော မြန်မာနိုင်ငံမှ မွေးရာပါနှလုံးရောဂါဝေဒနာ ရှင်ကလေးငယ်များအား ပေကျင်းမြို့၌ ပညာသင်ကြားနေကြသော မြန်မာပညာတော်သင်ကျောင်းသား၊ ကျောင်းသူများက ဧပြီ ၂၃ ရက် နံနက် ၁ဝ နာရီက Fujan Hotel ၌ ကလေးကစားစရာအရုပ်များလာ ရောက်ပေးအပ်လှူဒါန်းကြကြောင်း သိရသည်။

Read more...

၂ဝ၁၆-၂ဝ၁၇ အခြေခံပညာ အတန်းကူးပြောင်း စာရင်းထုတ်ပြန်၊ လေးတန်း၊ ရှစ်တန်း ကျရှုံးသူများရှိခဲ့သော်လည်း တိုင်းနှင့် ပြည်နယ်အလိုက် အောင်ချက် ၉ဝ ရာခိုင်နှုန်းနှင့် အထက်ရှိခဲ့

ရန်ကုန်၊ ဧပြီ ၂၃

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အခြေခံပညာအတန်းများ၏ အောင်စာရင်းများကို ထုတ် ပြန်ကြေညာခဲ့ရာ စတုတ္ထတန်းနှင့် အဋ္ဌမတန်းတို့တွင် ကျရှုံးသူများရှိခဲ့ သော်လည်း တိုင်းဒေသကြီးပြည်နယ်အလိုက် အောင်ချက် ၉ဝ ရာခိုင် နှုန်းနှင့်အထက် ရှိခဲ့ကြောင်း သိရ သည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းမှ အထက်တန်းအဆင့်အထိ အခြေခံပညာ ကျောင်းပေါင်းလေးသောင်းခွဲကျော်တွင်ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်တက်ရောက်ပြီး စာမေးပွဲဝင်ရောက်ဖြေဆိုခဲ့ရာ ယင်းတို့၏အောင်စာရင်းများကို ဧပြီ ၂၃ ရက်က တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့ရာ စတုတ္ထတန်း နှင့်အဋ္ဌမတန်းကိုအောင်မြင်ခဲ့သူမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရာခိုင်နှုန်း ၉ဝ ကျော်အောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာ ရေးမှူးရုံးများမှ သိရသည်။

Read more...

သျှစ်သောင်း ပုထိုးတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို မေ ၈ ရက်မှ ၁၄ ရက်အထိ မြောက်ဦးတွင် ကျင်းပမည်

ရန်ကုန်၊ ဧပြီ ၂၄

ရိုးရာယဉ်ကျေးမှုဓလေ့များထည့်သွင်းကျင်းပလေ့ရှိသော သျှစ်သောင်းပုထိုးတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကို လာမည့် မေ ၈ ရက်မှ ၁၄ ရက်အထိ မြောက်ဦးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သျှစ် သောင်းပုထိုးတော်ဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါဗုဒ္ဓပူဇနိယပွဲတော်မှာ (၉)ကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ဘုရားရှင်ကို ကဆုန်လပြည့်နေ့ရေသပ္ပာယ်ခြင်းနှင့်အတူ နှစ်သစ်အစတွင် ပထမဆုံးကျင်းပလေ့ရှိသည့် ရိုးရာပွဲတော်တစ်ခုလည်းဖြစ်ကြောင်း သျှစ်သောင်းပုထိုးတော်ဂေါပကအ ဖွဲ့မှဥက္ကဋ္ဌဦးရွှေမောင်က ဧပြီ ၂၂ ရက်တွင်ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616