Main menu
HOT NEWS
adv

ပုဂံရှေးဟောင်း အဆောက်အအုံများ၏ ခံနိုင်ရည်ရှိမှု အခြေအနေများကို ရန်ကုန် နည်းပညာ တက္ကသိုလ်မှ ကျောင်းသား ကျောင်းသူများ သုတေသန ပြုလုပ်သွားမည်

ပုဂံရှိ ရှေးဟောင်းအဆောက်အအုံများ၏ခံနိုင်ရည်ရှိမှုအခြေအနေများကို ရန်ကုန်နည်းပညာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက သုတေသနပြုလုပ်သွားမည်ဖြစ် ကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်မြို့ပြအင်ဂျင်နီယာဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာဥာဏ်မြင့်ကျော်က ဒီမိုကရေစီတူဒေးသတင်းစာသို့ပြောသည်။ ယင်းကဲ့သို့ လေ့လာမှုများပြု လုပ်နိုင်ရန်အတွက် မဟာဘွဲ့နှင့်ပါရဂူဘွဲ့(Ph.D) ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာများသွားရောက်နေ ပြီးဖြစ်ကြောင်းသိရသည်။

Read more...

အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် အတွင်း အမဲလိုက်ခြင်းနှင့် သစ်ခိုးထုတ်ခြင်းများမှ ကာကွယ်ရန် ဝန်ထမ်း မလုံမလောက်ဖြစ်နေ

မုံရွာ၊ စက်တင်ဘာ

အာဆီယံ အမွေအနှစ်ဥယျာဉ်စာရင်းဝင်ဖြစ် သော အလောင်းတော်ကဿပအမျိုးသားဥယျာဉ်ကြီးအတွင်းအမဲလိုက်ခြင်းနှင့် သစ်ခိုးထုတ်မှုများကို ကာကွယ်ထိန်းသိမ်းရန် ဝန်ထမ်းဦး ရေမလုံမလောက်ဖြစ်နေကြောင်း အမျိုးသား ဥယျာဉ်ဘေးမဲ့တော သစ် တောဦးစီးဌာန လက်ထောက်ညွှန် ကြားရေးမှူး ဦးရဲထွန်းကပြောသည်။

Read more...

သူငယ်တန်း(ကေဂျီ) ဆရာ၊ ဆရာမအချို့ သင်ခန်းစာ လျာထားချက်များနှင့် အညီ သင်ကြားနိုင်မှု အားနည်းနေ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ

သင်ရိုး ညွှန်းတမ်းအသစ်ဖြင့်သင်ကြားသည့် သူငယ်တန်း(ကေဂျီ)တွင် ဆရာ၊ ဆရာမအချို့အနေဖြင့် သင်ခန်းစာ လျာထားချက်များနှင့်အညီ သင်ကြားနိုင်မှုအားနည်းနေကြောင်း သိရသည်။ ယခုနှစ်တွင် သင်ရိုး အသစ် ဖြင့်စတင်သင်ကြားသည့်ကေဂျီတန်းတွင် ဆရာ၊ ဆရာမများအား လအလိုက်သင်ကြားရမည့် သင်ခန်းစာခေါင်းစဉ်များ၊ အကြောင်းအရာများကိုသတ်မှတ်ပေးထားပြီးဖြစ် သော်လည်း ဆရာ၊ဆရာမများက သင်ကြားရာတွင်အားနည်းချက်များ ရှိသေးသည်ကို တွေ့ရှိရကြောင်း ယင်းအတွက် တိုင်းဒေသကြီး ပညာ ရေးမှူးရုံးများမှ သင်ကြားမှုလျာထား ချက်များအတိုင်းသင်ကြားရန် ညွှန် ကြားလျက်ရှိကြောင်း သိရသည်။

Read more...

အဝီစိတွင်းမှ မီးတောက်များ ထွက်မှု စိုးရိမ်ဖွယ် မရှိဟု ဆို

လှည်းကူး၊ စက်တင်ဘာ

ရန်ကုန်တိုင်းဒေသကြီး(မြောက်ပိုင်းခရိုင်) လှည်းကူးမြို့နယ် စစ်ပင်(မြောက်)ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း သြဂုတ် ၂၉ ရက် ညနေက အဝီစိရေတွင်းတူးဖော်ရာမှ တွင်းထဲမှမီး တောက်မီးလျှံများ ထွက်ပေါ်လာ ရခြင်းမှာ မြေ အောက်ရှိသဘာဝသစ်ဥသစ်ဖုတို့မှ လောင်ကျွမ်းအငွေ့ ဖွဲ့၍ မီးတောက်မီးလျှံဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သိရသည်။

Read more...

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ရွေ့လျား စာကြည့်တိုက်များဖြင့် ပြည်နယ်အနှံ့ အသိပညာပေးမှုများ ပြုလုပ်မည်

စစ်တွေ၊ စက်တင်ဘာ

ရခိုင် ပြည်နယ်ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ဆိုးကျိုးသက် ရောက်မှုများအား ပြည်သူများသိရှိ စေရန်အတွက် ရွေ့လျားစာကြည့် တိုက်ပုံစံဖြင့် အသိပညာပေးမှု စတင် ပြုလုပ်နေပြီဖြစ်ပြီး အဆိုပါ ပညာပေး မှုအစီအစဉ်ကို ပြည်နယ်အနှံ့ ပြု လုပ်သွားမည်ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှ သိရသည်။ သြဂုတ် ၃၁ ရက်တွင် ရခိုင် ပြည်နယ် စစ်တွေမြို့ ဘုမေရပ်ကွက်ရှိ စစ်တွေတက္ကသိုလ်ခြံဝင်းအတွင်း၌ စတင်ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး အဆို ပါပညာပေးမှုအစီအစဉ်ကို ရခိုင် ပြည်နယ်အနှံ့ပြုလုပ်သွားမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ မူးယစ်တပ်ဖွဲ့စု(၄၇)မှ တပ်ဖွဲ့စုမှူး ရဲမှူးရီထွန်းသန်းက ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616