Main menu
HOT NEWS
adv
သင်္ကြန်ကာလ ရထားစီးခရီးသည် ယခင်နှစ်ထက် ပိုမိုများပြား၊ ကားလက်မှတ်များ ပေါက်ဈေးထက် အဆမတန်တောင်းခံခဲ့၍ဖြစ်

သင်္ကြန်ကာလ ရထားစီးခရီးသည် ယခင်နှစ်ထက် ပိုမိုများပြား၊ ကားလက်မှတ်များ ပေါက်ဈေးထက် အဆမတန်တောင်းခံခဲ့၍ဖြစ်

ရန်ကုန် ဧပြီ ၁၉

ယခုနှစ်သင်္ကြန်ကာလတွင် နိုင်ငံတစ်ဝန်း ခရီးသွားပြည်သူများအနေဖြင့် ကားလမ်းခရီးထက် ရထားလမ်းခရီးကို ပိုမိုစီးနင်းလိုက်ပါမှုများလာသဖြင့် ယခင်နှစ်သင်္ကြန်ကာလထက် ရထားစီးခရီးသည် လိုက်ပါစီးနင်းမှု ပိုမိုများပြားလာကြောင်း မြန်မာ့မီးရထားမှသိရသည်။ ''မြန်မာ့မီးရထားအနေနဲ့ သင်္ကြန်အထူးရထားကို စတင်ပြေးဆွဲတဲ့ ဧပြီ ၇ ရက်ကနေ ဧပြီ ၁၃ ရက်အထိတစ်ပတ်ကို အရင်နှစ်သင်္ကြန်ကာလကထက် ခရီးသည်တစ်သောင်းကျော် စီးနင်းလိုက်ပါမှု ပိုမိုများပြားတာကို တွေ့ရတယ်။ မနှစ်က အဲဒီသင်္ကြန်ကာလရက် တစ်ပတ်မှာ လေးသောင်းတစ်ထောင်ကျော်ပဲ ရှိခဲ့တယ်။ ဒီနှစ်မှာ ငါးသောင်းနှစ်ထောင် ကျော်အထိလိုက်ပါစီးနင်းသူ များပြားလာတယ်။


အခု လိုက်ပါစီးနင်းမှု များပြားတဲ့အခြေအနေက ရန်ကုန်ဘူတာကြီးကနေ မော်လမြိုင်လမ်းပိုင်း၊ နေပြည် တော်လမ်းပိုင်း၊ မ္တလေးလမ်းပိုင်း၊ ပြည်လမ်းပိုင်း၊ ပုဂံလမ်းပိုင်း အားလုံးမှာ လိုက်ပါစီးနင်းတဲ့ ခရီးသည်ဦးရေကို ပြောတာဖြစ်ပါတယ်''ဟု မြန်မာ့မီးရထား တိုင်းအမှတ်(၇) သွားလာပို့ဆောင်ရေး ဌာနခွဲမှ ဦးဇော်လွင်(တိုင်းမန်နေဂျာ)က ပြောသည်။ ''ဒီနှစ်သင်္ကြန်မှာ ခရီးသွားရတာ အဆိုးဆုံးပါပဲ။ တိုင်းဒေသကြီးအစိုးရ အနေနဲ့ အဝေးပြေးယာဉ်လိုင်းတွေကို ခရီးသည်တွေ အဆင်ပြေအောင် အလှည့် ကျပြေးဆွဲပေးမယ်ဆိုပြီး တကယ်သင်္ကြန် ကာလလည်းရောက်ရော ဘာလက်မှတ်မှ ဝယ်လို့မရခဲ့ဘူး။ တချို့အဝေးပြေးယာဉ် လိုင်းတွေဆို ဧပြီလဆန်းပိုင်းလောက်ကတည်းက လက်မှတ်ကုန်နေပြီး ပိတ်သိမ်းထားတဲ့ အဝေးပြေးယာဉ်လိုင်းတွေလည်းရှိသေးတယ်။ ကျွန်တော့် အဒေါ်ဆိုရင် ရန်ကုန်ကနေ မ္တလေးသွား ဖို့ ကားလက်မှတ် ၁ဝ ရက်လောက် ကတည်းက ကြိုတင်ဝယ်တာတောင် ပေါက်ဈေးထက် တစ်ဆမကဘူး ပိုပေး ခဲ့ရတယ်။ ဒါကြောင့် ကားလက်မှတ် လုံးဝ မရတော့လို့ အခုလို ရထားနဲ့ လိုက်ပြန် ခဲ့ရတာ။ ရထားကျတော့လည်း ခုံမဲ့တွေပါ အဆမတန်ရောင်းလိုက်တော့ ကျပ်ညှပ် နေတာပဲ''ဟု ရန်ကုန်မှ မ္တလေးသို့ အမှတ်(၃)အဆန်ရထားဖြင့် လိုက်ပါ စီးနင်းခဲ့သည့် ကိုမြင့်သောင်းက ပြောသည်။

 

မြန်မာ့မီးရထားသည် ယခုနှစ်သင်္ကြန်တွင် သင်္ကြန်အထူးရထားများကို သင်္ကြန်ကြိုကာလနှင့် သင်္ကြန်ပြီးကာလများတွင် ပြေးဆွဲပေးလျက်ရှိပြီး ပုံမှန် ပြေးဆွဲပေးလျက်ရှိသော ရထားများကိုလည်း ရပ်နားမှုမရှိဘဲ သင်္ကြန်ကာလ၌ ပြေးဆွဲပေးလျက်ရှိရာ ယခင်နှစ်သင်္ကြန် ကာလထက် ခရီးသည်လိုက်ပါစီးနင်းမှုမှာ ယခုနှစ်တွင် ပိုမိုများပြားခဲ့သည်။ ရန်ကုန်- မ္တလေးလမ်းပိုင်းတွင် သင်္ကြန်တွင်း ကာလ၌ အမှတ်(၅)အဆန်နှင့် အမှတ် (၆) အစုန်ရထားတစ်စင်းသာ ရပ်နား ထားခဲ့ပြီး ကျန်ရထားများကို ပုံမှန် ပြေးဆွဲခဲ့ရာ ခရီးသည်အများဆုံး တစ်နေ့မှာ ရှစ်ထောင်ကျော်အထိ များပြားခဲ့ကြောင်း သိရသည်။ ရထားစီး ခရီးသည် ပိုမိုများပြားလာခြင်းမှာ ကားလက်မှတ်များ မှောင်ခိုဈေးဖြင့် ရောင်းချခြင်း၊ အဝေးပြေးယာဉ်လိုင်းများ ပြေးဆွဲမှုနည်းခြင်းနှင့် တချို့ယာဉ်လိုင်းများမှာ ပြေးဆွဲမှုမရှိဘဲ ရပ်နားထားခြင်း တို့ကြောင့်ဖြစ်ကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။ သင်္ကြန်ကြိုကာလနှင့် သင်္ကြန်ပြီး ကာလများတွင် မြန်မမီးရထား အနေ ဖြင့် သင်္ကြန်အထူးရထားများကို ရန်ကုန်- မ္တလေးလမ်းပိုင်း၌ ဆက်လက်ပြေးဆွဲ ပေးလျက်ရှိရာ သင်္ကြန်ကြိုကာလဖြစ်သည့် ဧပြီ ၇ ရက်မှ ဧပြီ ၂၃ ရက်အထိ ဆက်လက်ပြေးဆွဲပေးသွားမည်ဖြစ်သည်။

 

အဆိုပါရက်များအတွင်း ခရီးသည်လိုက်ပါ စီးနင်းမှု အများဆုံးလမ်းကြောင်းများမှာ ရန်ကုန်-မ္တလေးလမ်းပိုင်း၊ ရန်ကုန်- နေပြည်တော်လမ်းပိုင်းတို့ ဖြစ်ကြပြီး ဒုတိယခရီးသည် လိုက်ပါစီးနင်းမှု အများဆုံးမှာ မော်လမြိုင်လမ်းပိုင်း၊ ပြည်လမ်းပိုင်းနှင့် တတိယလိုက်ပါစီးနင်း မှုအများဆုံးမှာ ပုဂံလမ်းပိုင်းတို့ ဖြစ်ကြ သည်။ သင်္ကြန်ကြိုကာလများဖြစ်သည့် ဧပြီ ၉ ရက်၊ ၁ဝ ရက်နှင့် ၁၁ ရက် တို့တွင် လိုက်ပါစီးနင်းသူ ပိုမိုများပြား ခဲ့ပြီး အဆိုပါရက်များတွင် ခရီးသည် လိုက်ပါစီးနင်းမှုမှာ ရှစ်ထောင်ကျော် အထိရှိလာပြီး ကျန်ရက်များတွင် ခရီးသည် ခြောက်ထောင်ကျော်နှင့် ငါးထောင်ကျော်အထိသာ လိုက်ပါစီးနင်း ခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။

#MOI

 

Last modified onThursday, 20 April 2017 14:18
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191