Main menu
HOT NEWS
adv
မင်းပြားမြို့တွင် သင်္ကြန် ကာလအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိန်းမူ၌ တရားခံဟု ယူဆရသူ ထွက်ပြေး တိမ်းရှောင်နေ

မင်းပြားမြို့တွင် သင်္ကြန် ကာလအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ် မုဒိန်းမူ၌ တရားခံဟု ယူဆရသူ ထွက်ပြေး တိမ်းရှောင်နေ

မင်းပြား၊ ဧပြီ ၂၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ၂၀၁၇ ခုနှစ် သင်္ကြန်ကာလအတွင်း ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိန်းမူ၌ တရားခံဟုယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ လိုက်လံရှာဖွေလျက်ရှိကြောင်း မင်းပြားမြို့မ ရဲစခန်းမှသိရသည်။ ဧပြီ(၁၆)ရက် ည(၁၀)နာရီခန့်က မင်းပြားမြို့၊ ဥက္ကပျံရပ်ကွက်ရှိ မြို့မသုသာန်အနီးတွင် နေထိုင်နေသည့် မ…… အသက်(၁၁-နှစ်) အား စိုးအောင်ဆိုသူမှ အိမ်တွင် မိဘများမရှိစဉ် သိုင်းဖက်ချုပ်နှောင်ကာ နေအိမ်၏ အရှေ့ဖက် ကိုက်(၅၀၀)ခန့် အကွာသို့ ခေါ်ဆောင်ကာ အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ကျွန်တော်တို့သိတာ နောက်ကျသွားတယ်။ တရားခံက တိမ်းရှောင်နေတယ်။ ကျွန်တော်တို့ နယ်ထိန်းရဲတပ်ဖွဲ့ဝင်တွေ အပူတပြင်းတော့ လိုက်ရှာနေတယ်။ အခုအချိန်အထိတော့ ဖမ်းမမိသေးပါဘူး။ တရားခံ ထွက်ပြေးတိမ်းရှောင်နိုင်တယ်လို့ ယူဆရတဲ့ နေရာတွေကို အလေးထား စောင့်ကြည့်နေပါတယ်။” ဟု မင်းပြားမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်ညီညီက ပြောသည်။ အဆိုပါအမှုအား မိခင်ဖြစ်သူမှ ဧပြီ(၁၈)ရက်တွင် မင်းပြားမြို့မရဲစခန်း၌ အမူဖွင့်ခဲ့ရာ အိမ်တွင် မိဘများမရှိစဉ် လည်ပင်းညှစ်သတ်ပစ်မည်ဟု ပြောဆိုကာ အဓမ္မပြုကျင်ခဲ့ခြင်းဖြစ်ပြီး တရားခံဟုယူဆရသူ စိုးအောင်မှာ ဥက္ကပျံ ရပ်ကွက်ရှိ ၀ါယာမ ဘုန်းတော်ကြီးကျောင်း၌ ခိုလုံနေသူဖြစ်ကြောင်း မင်းပြားမြို့မရဲစခန်းမှ သိရသည်။

 

မင်းပြားမြို့မရဲတပ်ဖွဲ့အနေဖြင့် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကာ မြေပုံကြမ်း ရေးဆွဲခြင်း၊ မှတ်တမ်း ဓာတ်ပုံများရိုက်ကူးခြင်း၊ အခင်းဖြစ်စဉ်က ၀တ်ဆင်ခဲ့သော အ၀တ်အစားများအား သိမ်းဆည်းခြင်း၊ ဓာတုဗေဒ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ထားကြောင်းသိရသည်။ အဆိုပါ အမူအား မင်းပြားမြို့မရဲစခန်း၌ (ပ)၆၇/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမူဖွင့်လှစ်ထားကာ စိုးအောင်အား အမြန်ဆုံးဖမ်းမိရေးအတွက် အမာခံသတင်းပေးများ၊ နီးစပ်ရာ ရဲစခန်း၊ ရဲကင်းတို့ဖြင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း သိရသည်။

 ပန်လှအောင် (မြစ်မခ) 
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191