HOT NEWS
Main menu
ဧဝရက်တောင်တက် မြန်မာသုံးဦး Camp 3 သို့ တက်ရောက်ရာတွင် ရေခဲပြိုကျခဲ့ခြင်းကြောင့် Base Camp တွင် ပြန်လည်အနားယူ စောင့်ဆိုင်းနေရဟုဆို

ဧဝရက်တောင်တက် မြန်မာသုံးဦး Camp 3 သို့ တက်ရောက်ရာတွင် ရေခဲပြိုကျခဲ့ခြင်းကြောင့် Base Camp တွင် ပြန်လည်အနားယူ စောင့်ဆိုင်းနေရဟုဆို

ရန်ကုန်၊ ဧပြီ ၂၉

ဧဝရက်တောင်သို့ တက်ရောက်လျက်ရှိသည့် မြန်မာ တောင်တက်သမားသုံးဦးသည် ဧပြီ ၂၉ ရက်တွင် Camp 3 သို့ တက် ရောက်ရာတွင် ရေခဲပြိုကျမှုနှင့်ကြုံ တွေ့ခဲ့ရသောကြောင့် Base Campတွင်ပြန်လည် အနား ယူစောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။ ဧဝရက်တောင်၏ Base Camp တွင်ရောက်ရှိနေသည့် မြန်မာတောင် တက်သမားသုံးဦးသည် အမြင့်ပေ ၂၃၆၂၅ ပေရှိ Camp 3 တက်ရောက်စဉ်တွင် ယင်းနေရာ သို့ မရောက်မီ Camp 1  နှင့်  Base Camp တို့အကြား တွင် ရေခဲပြိုကျမှုဖြစ်ပွားခြင်းကြောင့် ရှေ့မဆက်နိုင်ဘဲ လမ်းပိတ်ဆို့မှုနှင့် ကြုံတွေ့ခဲ့ရကြောင်းသိရသည်။


''သူတို့တောင်တက်စခန်း (၃)ကိုတက်ဖို့သွားရင်း ရေခဲပြိုကျတာနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အခုဖေ့စ်ဘွတ်ခ်မှာတင်ထားတာကလည်း ကျွန်တော်တို့သိရသလောက်ပါပဲ။ ကျွန်တော်တို့ဆီကို Viber တွေကတစ်ဆင့် မက် ဆေ့ခ်ျတွေပေးပို့ပါတယ်။ စာတိုပေးတာတွေကိုပြန်ရေးထားတာပါ''ဟု ထူးဖောင်ဒေးရှင်းမှတာဝန်ရှိသူတစ်ဦးဖြစ်သူဦးဘိုထွန်းက ဧပြီ ၂၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။ လက်ရှိအချိန်တွင် မြန် မာ တောင်တက်အဖွဲ့သည် တောင်ခြေစခန်း Base Camp သို့ လုံခြုံဘေး ကင်းစွာဖြင့် ပြန်လည်ရောက်ရှိနေ ပြီး အဖွဲ့ဝင်အားလုံး ကျန်းမာရေးကောင်း မွန်လျက်ရှိကြောင်းသိရသည်။ ယင်းနှင့်ပတ်သက်ပြီး Myanmar Flag on Everest ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေခဲပျော်ကျပြီးလမ်း ပိတ်သွားချိန်တွင် မြန်မာနိုင်ငံတောင် တက်သမားအဖွဲ့၏ရှေ့တွင် တခြားအဖွဲ့တစ်ဖွဲ့လည်းရှိနေကြောင်း၊ ယင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်ဖွဲ့ လုံးဘေး အန္တရာယ်ကင်းရှင်းကြောင်း၊ ယခုအခါတွင် တောင်ခြေစခန်းသို့ ပြန်လှည့်ပြီး အခြေချပြီးဖြစ်ကြောင်း၊ မြန်မာ တောင်တက်သမားတို့သည် ဧပြီလ ၃ဝ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဧဝ ရက်တောင် ခြေစခန်းမှ Camp 1 သို့ ပြန်လည်စတင်ထွက်ခွာမည်ဖြစ်ကြောင်း၊ မေလ ၇ ရက်နေ့တွင် တောင်ခြေစခန်းသို့ပြန်လည်ဆင်းလာပြီး စခန်းချနေထိုင်ရန်စီစဉ်ထားပြီး တစ်ပတ်ခန့် ပြန်လည် အားဖြည့် အနားယူသွားမည် ဖြစ်ကြောင်း၊ ယခုအခါတွင် လမ်းပိတ် နေသည့် ရေခဲများကို ရှင်းလင်းရန် သွားရောက်နေကြပြီဖြစ်ရာ၊ တောင် တက်သည့်လမ်းခရီးတွင် အနည်းငယ် ကြန့်ကြာမှုများဖြစ်နိုင်ကြောင်း ဧပြီ ၂၉ ရက် က ရေးသားထားသည်။


ယခုနှစ်တွင် ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်သို့ တက်ရောက်ရန် နီပေါအစိုးရမှ ပြည်ပတောင်တက်သမား ၂၈၉ ဦးကိုခွင့်ပြုပေးထား ကြောင်း ထူးဖောင်ဒေးရှင်းမှသိရသည်။ ဧဝရက်တောင်သို့ တက်ရောက် နေ သည့် မြန်မာနိုင်ငံသား တောင် တက်သမားများဖြစ်သည့် ကိုညီညီ အောင်(ဒိုးလုံး)၊ ကိုပြည့်ဖြိုးအောင် (poepin) နှင့် ကိုဝင်းကိုတို့သုံးဦးသည် ယခုအခါတွင် Camp 2 အထိ တက် ရောက်လေ့ကျင့်ခဲ့ပြီး ဖြစ်ကာ ယင်း ဧဝရတ်တောင်သို့ တက်ရောက်မည့် တောက်တက်သမားသုံးဦးသည် တောင်တက်သည့် အတွေ့အကြုံ ဆယ်နှစ်ကျော်ရှိသူများဖြစ်သည်။ အဆိုပါ တောင်တက်သမားတို့သည် ဧပြီလ ၁၁ ရက်နေ့တွင် ဧဝရက်တောင်၏ တောင်ခြေစခန်း အမြင့်ပေ ၁၇၅ဝဝ သို့ ရောက်ရှိခဲ့ ကြောင်း၊ ဧပြီလ ၂၁ ရက်နေ့တွင်တောင်တက်စခန်း(၁)သို့ တက်ရောက် ကြောင်း၊ ဧပြီ ၂၂ ရက်တွင် တောင် တက်စခန်း(၂)သို့ တက်ရောက် ခဲ့ ကြောင်း၊ ဧပြီ ၂၃ ရက်တွင် တောင် ခြေစခန်းသို့ ပြန်လည်ဆင်းသက်ကြ မည်ဖြစ်ပြီး၊ နောက်သုံးရက်အကြာ တွင် တောင်တက်စခန်း(၃)ကိုတက် ရောက်ခြင်းဖြင့်လေ့ကျင့်မှုများကိုပြု လုပ်သွားမည်ဖြစ်ကြောင်း ဧဝရက် တောင်တက်သမားများအကြောင်း နှင့် ပတ်သက်ပြီးဖွင့်လှစ်ထားသည့် ဖေ့စ်ဘွတ်ခ်စာမျက်နှာ Myanmar  Flag on Everest စာမျက်နှာမှ သိရသည်။            

MMA

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS