Main menu
HOT NEWS
adv
ယန်ဟီးလီနှင့် သတင်းမီဒီယာကောင်စီ တွေ့ဆုံ

ယန်ဟီးလီနှင့် သတင်းမီဒီယာကောင်စီ တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၃ - မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီးလီနှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီတို့ ဇူလိုင် ၁၃ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး ခန်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

မစ္စယန်ဟီးလီအနေဖြင့် ဆွေး   နွေးရန်တွေ့ဆုံခြင်းမဟုတ်ဘဲ တင်ပြ ချက်များကိုနားထောင်ရန်နှင့် အစီ ရင်ခံစာရေးရန်အတွက်သာ ဖြစ် ကြောင်းသိရသည်။ သတင်းမီဒီယာ လောကတစ်ခုလုံး၏ လက်ရှိအခြေ အနေနှင့် သတင်းထောက်များကြုံ တွေ့နေသည့်ပြဿနာများကိုရှင်းပြ ခဲ့ကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဒုတိယဥက္ကဋ္ဌ ဦးအောင်လှ ထွန်းက မီဒီယာများကိုပြောသည်။

''မစ္စရန်ဟီးလီအနေနဲ့ အကြံပြု ပြောကြားတာတော့မရှိပါဘူး။ ကျွန် တော်တို့ဆီက နားထောင်တာပဲရှိတယ်။ သူ့ခရီးစဉ်က အချက်အလက်ယူဖို့နဲ့ ရီပို့တင်ဖို့အတွက်ပါပဲ။ သူရဲ့ပင်ရင်း အလုပ်က သူ့ရဲ့ရီပို့မှာရေးမယ်ဆို တဲ့အချက်ပါ''ဟု ¤င်းကပြောသည်။

 မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီမှ တာဝန်ရှိသူတစ်ဦးက ယင်းတွေ့ဆုံမှုတွင် ပုဂ္ဂလိကမီဒီယာ များ၏အခန်းကဏ္ဍကို အစိုးရက လေးစားသင့်သည်ဟူသည့် မက်ဆေ့ အား မစ္စရန်ဟီးလီမှတစ်ဆင့်ပေးလိုက် ကြောင်း၊ သတင်းမီဒီယာဥပဒေဆိုင် ရာများအား သတင်းမီဒီယာကောင်စီ က ဆောင်ရွက်နေမှုအပေါ်လည်း ရှင်းပြခဲ့ကြောင်းပြောသည်။

''ကျွန်တော်တို့ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ပြဿနာအားလုံးကို သူ့ ကိုအသိပေးခွင့်ရတယ်။ သူကတစ် ဆင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လည်းပါပါတယ်။ သူ့ဆီကိုလည်း ဒီမက်ဆေ့တွေ ရောက်သွားမှာပါ''ဟု ¤င်းကပြောသည်။      

YM, DemocracyToay

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191