Main menu
HOT NEWS
adv
အာရှလမ်းမကြီးတွင် မော်တော်ယာဉ်သုံးစီး ချောက်ထဲထိုးကျ အမျိုးသားနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

အာရှလမ်းမကြီးတွင် မော်တော်ယာဉ်သုံးစီး ချောက်ထဲထိုးကျ အမျိုးသားနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကော့ကရိတ်-မြဝတီသွား ကားလမ်း အာရှလမ်းမကြီးတွင် စက်တင်ဘာ ၁၉ ရက်က မော်တော်ယာဉ်သုံးစီးဆင့် တိုက်မိပြီး ချောက်ထဲကျသဖြင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ခုနစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် နံနက် ၁ဝ နာရီတွင် မြဝတီမှ ကော့ကရိတ်ဘက်သို့ အမျိုးသား ငါးဦးလိုက်ပါစီးနင်းလာသည့် ၁၂ ဘီးယာဉ်သည် ကော့ကရိတ်-မြဝတီသွားကားလမ်း အာရှလမ်းမကြီး နတ် စင်ကွေ့အနီး မိုင်တိုင်အမှတ် (၁၅၃) နှင့်(၁၅၄)တို့အကြား အရောက်တွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အရှေ့တွင်သွားနေသည့် ပရို ဘောက်ယာဉ် နှစ်စီးကို ဆင့်ကာတိုက်မိသဖြင့် ၁၂ ဘီးယာဉ် အပါအဝင် ပရိုဘောက်ယာဉ် နှစ်စီးတို့မှာ လမ်း၏ယာဘက်ရှိ ပေ ၂ဝ ခန့် နက်သည့် ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။


ယင်းနောက် ၁၂ ဘီးယာဉ် ပေါ်ပါ ယာဉ်မောင်းအမျိုးသားနှင့် ခရီးသည် အမျိုးသားတစ်ဦး စုစု ပေါင်းနှစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်အမျိုးသားသုံးဦးနှင့် ပရိုဘောက် ယာဉ်နှစ်စီးပေါ်မှ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦးတို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ ကြပြီး ကော့ကရိတ် ပြည်သူ့ဆေးရုံ ကြီးတွင် ဆေးကုသမှု ခံယူနေရ ကြောင်း ရဲမှတ်တမ်းများအရသိရသည်။ ယင်းနှင့်ပတ်သက်ပြီး ကော့ကရိတ် မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ''၁၂ ဘီးယာဉ်မောင်းကို သေဆုံးသွားပေမယ့် ဥပဒေအရ ကော့ကရိတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဘရိတ်ပေါက်ပြီး နောက်ကနေ ဝင်တိုက်မိရာကနေ သုံးစီးလုံး ချောက်ထဲကျတာပါ။ လိုအပ်တဲ့က ကူညီကယ်ဆယ်မှုတွေကို ရဲတပ်ဖွဲ့နဲ့ ကြက်ခြေနီအပါအဝင် ပရဟိတ အဖွဲ့အစည်းတချို့က ကူညီဆောင်ရွက်ပေးနေပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၉ ရက်က အတည်ပြု ပြောကြားသည်။ အဆိုပါအမှုကို ကော့ကရိတ် မြို့မရဲစခန်းမှ ရဲအုပ်အောင်ကျော် ဝင်းက တရားလိုပြုလုပ်ပြီး ကော့ ကရိတ်မြို့မ ရဲစခန်းမှ ယာဉ်(ပ) ၇၁/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄-(က) တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရ သည်။ 

 

KKTM, KZ

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191