Main menu
HOT NEWS
adv
ပြည်သူများ၏ အခက်အခဲများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အချက်အလက်များကို 'ပွင့်လင်းလွှတ်တော်' မိုဘိုင်း အပလီကေးရှင်းတွင် တင်ပြလေ့လာနိုင်

ပြည်သူများ၏ အခက်အခဲများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အချက်အလက်များကို 'ပွင့်လင်းလွှတ်တော်' မိုဘိုင်း အပလီကေးရှင်းတွင် တင်ပြလေ့လာနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်သူများ မိမိတို့၏အခက်အခဲများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက်များသိရှိနိုင်ရန် 'ပွင့်လင်းလွှတ်တော်'အမည်ရှိ မိုဘိုင်းအပလီကေးရှင်းကို လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းရုံဖြင့် အနီးစပ်ဆုံး တင်ပြလေ့လာနိုင်ပြီဖြစ်ကြောင်းသိရသည်။ ညီမျှခြင်းမြန်မာအဖွဲ့နှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်းပြုလုပ် သော'ပွင့်လင်းလွှတ်တော်'မိုဘိုင်းအပလီကေးရှင်း မိတ်ဆက်ပွဲကို စက်တင်ဘာ ၁၉ ရက်က ရန်ကုန် မြို့၊ ကန်တော်ကြီးပတ်လမ်းပေါ် ရှိ Chatrium ဟိုတယ်တွင်ပြုလုပ်ခဲ့ သည်။


''ဒီမိုကရေစီလမ်းကြောင်းကို ကူးပြောင်းနေတဲ့အချိန်ကာလမျိုးမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ၊ အကြံဥာဏ် တွေကို လွှတ်တော်ကိုယ်စားလှယ် တွေဘက်ကလည်းလုပ်ဖို့လိုအပ် နေတယ်။ ပြည်သူတွေဘက်ကလည်း ဝိုင်းပြီးအကြံဥာဏ်တွေပေး ဖို့လိုတဲ့အတွက် ပြည်သူ့အသံကို ပြည်သူတွေကို ကိုယ်စားပြုတဲ့ကိုယ် စားလှယ်တွေကများများကြားရ လေလေ တိုင်းပြည်အတွက်ပိုပြီး အကျိုးရှိစေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာဖြစ်ပါတယ်'' ဟုမြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့မှ အမှု ဆောင်ဒါရိုက်တာ ကိုစိုးလင်းထွဋ်က ပြောသည်။ 'ပွင့်လင်းလွှတ်တော်'အပလီ ကေးရှင်းတွင် တိုင်းဒေသနှင့်ပြည်နယ် အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်များ၏ အချက်အလက်များနှင့် ၎င်းတို့ကိုဆက်သွယ်နိုင်မည့် ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ဖေ့ဘွတ်အကောင့်များကို ဖော်ပြထားပြီး ကိုယ်စားလှယ်များ၏ သတင်းအချက် အလက်များနှင့် လွှတ်တော်တွင်းဖွဲ့ စည်းထားသော ကော်မတီများ၏အကြောင်းတို့ကို လေ့လာနိုင်ကြောင်း သိရသည်။


''ပြည်သူတွေနဲ့လွှတ်တော် ကိုယ်စားလှယ်တွေကြားမှာ အပြန်အလှန်ဆက်သွယ်ဆက်ဆံရေးတွေ အားကောင်းလာစေဖို့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အားကောင်းလာ စေဖို့ စတင်ခဲ့တဲ့အစီအစဉ်ဖြစ် ပါတယ်''ဟု ကိုစိုးလင်းထွဋ်က ပြော သည်။ အပလီကေးရှင်းကို အသုံးပြု နိုင်ရန် Google Play Stay Store  နှင့် open hluttaw website တို့ တွင် open hluttaw ဟုရိုက်ထည့်ကာ ဒေါင်းလုတ်ဆွဲ၍အသုံးပြု နိုင်ကြောင်း သိရသည်။ ''ပြည်သူတွေက အရင်ကဆို စာနဲ့တိုင်တာများတယ်။ အခုတော့ အချိန်မရွေး လက်လှမ်းမီတာပေါ့။ ကိုယ့်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အချက်အလက် တွေကိုလည်း ရှာတွေ့နိုင်တယ်။ ဒီ အပလီကေးရှင်းအရ ပြည်သူတွေ ရဲ့ အခက်အခဲပြဿနာတွေကို ၇ဝ ရာခိုင်နှုန်းလောက် ဖြေရှင်းနိုင်မယ်လို့ ထင်တယ်''ဟု ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်အမှတ် (၇) ကိုယ်စားလှယ် ဒေါက်တာ မြသောင်းက မီဒီယာများသို့ ပြောသည်။

 

ZLH

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191