Main menu
HOT NEWS
adv
ရေကြီးရေလျှံမှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ် ကုန်စည်ပို့ဆောင်ရေးလမ်းရှိ ကနန်တံတား ရေတိုက်စားပျက်စီးခဲ့ပြီး လမ်းရေကျော်

ရေကြီးရေလျှံမှုကြောင့် မြန်မာ-အိန္ဒိယ နယ်စပ် ကုန်စည်ပို့ဆောင်ရေးလမ်းရှိ ကနန်တံတား ရေတိုက်စားပျက်စီးခဲ့ပြီး လမ်းရေကျော်

တမူး၊ စက်တင်ဘာ ၂၀- မြန်မာ- အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်း မကြီးဖြစ်သည့် ကလေး-တမူးအ ကြား ခမ်းပတ်-ကနန်ရွာကူးတံ တားရေမျောပျက်စီးခဲ့ပြီး ကလေး-  တမူးကားလမ်း ရေကျော်နေမှု ကြောင့် ကားများရာချီပိတ်ဆို့နေ ကြောင်း သိရသည်။


စက်တင်ဘာ ၁၇ ရက်မှ အ စပြု၍ မိုးအဆက်မပြတ်ရွာသွန်း နေမှုကြောင့် ကလေး-ဂန့်ဂေါ-မုံ ရွာအကြား တောင်ကျချောင်းရေ များကြောင့် ကားလမ်းရေကျော် မှုဖြစ်ပွားနေကာ စက်တင်ဘာ ၂၀ ရက် တွင် ကလေး-တမူးအကြား ခမ်းပတ်နှင့် ကနန်ရွာကို ဆက် သွယ်ထားသည့် ပေ ၁၈၀ ရှိ ကနန်တံတားမှာ  ရေမျောပါပျက်စီး ပြီး ကလေး- တမူးကားလမ်း (ကလေးမြို့ အထွက်)ရေကျော် နေမှု များ ကြောင့် တမူး-ကလေး-ဂန့်ဂေါ-မုံရွာ- မန္တလေး-ရန်ကုန်ကားများ အစီးရေ ရာချီပိတ်မိနေကာ အသွားအလာ ပြတ်တောက်နေသည်။

"တမူး-ကလေး-ချင်းတောင်- ဂန့်ဂေါနေရာအနှံ့ တောင်ကျချောင်း  တွေက ရေကျလာပြီး ကားလမ်း ပေါ်ရေကျော်တာဖြစ်တဲ့အတွက် ဂန့်ဂေါနယ်က ပဲ့ချောင်းရေကျော်၊ ထယ်လှော်ရေကျော်၊ ကျောက် ဂူ ရေကျော်တွေမှာ ကားတွေပိတ်မိ နေတယ်။ အခု ကလေး-တမူးကား  လမ်းရေကျော်တော့ ကလေးအ ခြေပြုလိုင်းကားတွေပိတ်မိနေ တယ် "  ဟု တမူး-ရန်ကုန်ယာဉ်မောင်း  ဦးကျော်ကြီး က စက်တင်ဘာ ၂၀ ရက်တွင်ပြောသည်။

ခမ်းပတ်မြို့အခြေစိုက်လမ်း ဦးစီးဌာန၏ ပြောကြားချက်အရ မိုးအဆက်ပြတ်သည့်အချိန်နှင့် ရေကျချိန်တွင် ပျက်စီးသွားသည့် လမ်းနှင့်တံတားများကို အမြန်ဆုံး ပြုပြင်မှုများဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။


MOS/Democracytoday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191