Main menu
HOT NEWS
adv
မြန်မာ့ အကောက်ခွန်နှုန်း စာရင်း၂ဝ၁၇ ပြောင်းလဲပြင်ဆင်ချက်များ ရှင်းလင်းပွဲ မူဆယ်တွင်ပြုလုပ်

မြန်မာ့ အကောက်ခွန်နှုန်း စာရင်း၂ဝ၁၇ ပြောင်းလဲပြင်ဆင်ချက်များ ရှင်းလင်းပွဲ မူဆယ်တွင်ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ၂၁

မြန်မာ့ အကောက်ခွန်နှုန်းစာရင်း၂ဝ၁၇ ပြောင်းလဲပြင်ဆင်ချက်များရှင်းလင်းပွဲကို မူဆယ်မြို့တွင် စက်တင်ဘာ ၂၁ ရက်ကပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာလတွင် စတင်ကျင့်သုံးရန်ရည်ရွယ်ထားသည့် မြန်မာ့အကောက်ခွန်နှုန်း စာရင်း ၂ဝ၁၇ ပြောင်းလဲပြင်ဆင်ချက်များကို မူဆယ်မြို့ မူဆယ်-နမ့် ခမ်းကုန်သည်ကြီးများအသင်းရုံး၌ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

 

မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်ကြီးများအသင်း၏ အတွင်းရေးမှူးဦးထွန်းဦးက''မြန် မာ့အကောက်ခွန်နှုန်းစာရင်း HS Code  ပြောင်းလဲမှုအပေါ်မှာ တချို့ ဟာတွေကရာခိုင်နှုန်းတိုးမြင့်သွား တာတွေလည်းရှိတယ်။ တချို့ဟာ တွေမှာတော့ ရာခိုင်နှုန်းလျော့ကျ သွားတာတွေလည်းရှိတာကိုတွေ့ ရတယ်။ ကျသွားတဲ့အကောက်ခွန် နှုန်းထားတွေအတွက်တော့ ဝမ်းသာစရာကောင်းပေမယ့် ဆောက် လုပ်ရေးသုံးဘိလပ်မြေလိုမျိုးဟာတွေက တစ်ရာခိုင်နှုန်းကနေ ငါးရာခိုင်နှုန်းအထိတက်သွားတာမျိုး၊ ဂျုံ ငါးရာခိုင်နှုန်းကနေ ၁ဝ ရာခိုင် နှုန်းတက်သွားတာမျိုး၊ သတင်းစာ စက္ကူ သုည ဒသမ ငါးရာခိုင်နှုန်း ကနေ သုံးရာခိုင်နှုန်းတက်သွား တာမျိုးတွေတွေ့ရတယ်။ ဒီလိုတက် လာခြင်းက ကျွန်တော်တို့ပြည် တွင်းမှာရိုက်ခတ်လာနိုင်သလား ဆိုတာသုံးသပ်ဖို့ စောသေးတယ်။ ဒီမူဆယ်နယ်စပ်ကုန်သွယ်ရေးက သွားတဲ့တချို့ပစ္စည်းတွေက လားရှိုး တစ်ဝိုက်လောက်အထိပဲ ရောက်တာဆိုတော့ မြန်မာပြည်အလယ် ပိုင်းဈေးကွက်ကို မထိခိုက်နိုင်ပါဘူးလို့တော့ ကျွန်တော်သုံးသပ်မိပါတယ်''ဟု ဒီမိုကရေစီတူဒေးသို့ ပြောသည်။ ယင်းသို့အကောက်ခွန်နှုန်း များပြောင်းလဲပြင်ဆင်သော်လည်း မူဆယ်နယ်စပ်ကုန်သွယ်ရေးကို ရိုက်ခတ်မှုမရှိနိုင်ဘဲ ပုံမှန်စီးဆင်းသွားနိုင်ကြောင်းသိရသည်။

 

PS

#thedemocracytoday

 

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191