Main menu
HOT NEWS
adv
စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ကလေးမြို့  ရေကြီးရေလျှံမှု ကြည့်ရှု၊ ကယ်ဆယ်ရေးဌာနမှ ဆန်ရိက္ခာများ ထောက်ပံ့

စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ကလေးမြို့ ရေကြီးရေလျှံမှု ကြည့်ရှု၊ ကယ်ဆယ်ရေးဌာနမှ ဆန်ရိက္ခာများ ထောက်ပံ့

ကလေး၊ စက်တင်ဘာ ၂၂

ကလေး ဒေသနှင့် ချင်းပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကလေးမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အခြေအနေနှင့် ရေဘေး ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကို စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေး၍ ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ ကြောင်း သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့ဝင်များသည် ကလေးမြို့၌ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်နှင့်မြို့နယ် စီမံခန့် ခွဲမှု ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံ၍ ရေကြီး ရေလျှံမှုအခြေအနေနှင့် ရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်မှု အ ခြေအနေတို့အား ရှင်းလင်းတင်ပြ မှုအပေါ်လိုအပ်သည်များ ပေါင်း စပ်ဖြည့်ဆည်းပေးခဲ့သည်။ ယင်းနောက် ရေဘေးကယ် ဆယ်ရေးလုပ်ငန်းများတွင် အသုံး ပြုရန် ဧရာဝတီဖောင်ဒေးရှင်းနှင့် မက်စ်မြန်မာထုတ်လုပ်မှု ကုမ္ပဏီဝန်ထမ်းမိသားစုမှ လှူဒါန်းငွေကျပ်သိန်း ၁ဝဝ၊ မိန်းမိန်းကုမ္ပဏီမှလှူ ဒါန်းသည့် ခေါက်ဆွဲခြောက်ဖာ ၆ဝ နှင့် ရေသန့်ဘူးကတ် ၁ဝဝ၊ က လေးလွင်ပြင်အဖွဲ့မှ လှူဒါန်းသည့် ဆန်အိတ် ၃၆၂ အိတ်လှူဒါန်းမှု တို့အား ကလေးခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌက လက်ခံပြီး က လေးမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်လျက်ရှိသည့် ကျောက်ကပ် ဆေးစက်တစ်လုံးနှင့် ရေသန့်စက်တစ်လုံးတို့ကို ရွှေတောင်သတ္တုတွင်း ကုမ္ပဏီမှ လှူဒါန်းမှုနှင့် ကလေးမြို့ မင်းကြီးဟိုတယ်မှ ကျောက်ကပ် ဆေးစက်တစ်လုံး လှူဒါန်းမှုတို့ကို ကလေးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးက လက်ခံရယူခဲ့သည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ဦးကျေးရွာ အ ခြေခံပညာအလယ်တန်းကျောင်းသို့ သွားရောက်၍ ရေဘေးသင့် ပြည်သူများနှင့် တွေ့ဆုံပြီးနောက် ကလေးမြို့နယ်အတွင်း ရေကြီးရေလျှံမှု အခြေအနေများအား စက် လှေဖြင့် လှည့်လည်ကြည့်ရှုကာ ကလေးမြို့ အမှတ် (၁) အခြေခံ ပညာမူလတန်းလွန်ကျောင်း၊ အမှတ် (၃) အခြေခံပညာအထက် တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းများရှိ ကယ်ဆယ်ရေးစခန်းတို့မှ ရေ ဘေးသင့်ပြည်သူများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ဆန်ရိက္ခာဖိုးငွေများ ပေးအပ် ခြင်းကို စက်တင်ဘာ ၂ဝ ရက်မှစတင်၍ လိုက်လံပေးအပ်ခဲ့ရာ စက်တင်ဘာ ၂၂ ရက်၌လည်း မြို့ ပေါ်တွင် ကျန်ရှိနေသေးသည့် ကယ်ဆယ်ရေးစခန်း တစ်နေရာနှင့် လူဦးရေထပ်မံတိုးလာသည့် ကယ်ဆယ် ရေးစခန်း ငါးနေရာသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေ ရာချထားရေး ဝန်ကြီးဌာန၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုတိယညွန် ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးက သွားရောက် အားပေးစကားပြောကြားကာ ဆန်ရိက္ခာဖိုးငွေများ ပေးအပ်ခဲ့သည်။


ကလေးမြို့နယ်အတွင်း ရေ ဘေးရှောင်ပြည်သူအိမ်ထောင်စု ၂၂၄၁ စုမှ လူဦးရေ ၁ဝ၁၉၈ ဦး တို့အတွက် ဆန်ရိက္ခာဖိုးငွေ ကျပ် ၂၁၄၁၅၈ဝဝ ကို ထောက်ပံ့ပေးခဲ့ ကြပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဝေလွင်ဖြိုးက အိမ်ထောင်စုတစ်စုလျှင် ကြက်ဥငါးလုံးနှင့် ခေါက်ဆွဲခြောက် ငါးထုပ်စီ ထောက်ပံ့ပေးခဲ့သည့်အပြင် လူမှုရေးအသင်းအဖွဲ့နှင့် ဘာသာရေးအသင်းအဖွဲ့ များမှ စေတနာရှင်၊ အလှူရှင်များကလည်း ထမင်းထုပ်များ၊ သောက် ရေသန့်ဘူးများ၊ အချိုရည်ဘူးများ စသည့် ထောက်ပံ့လှူဒါန်းမှုများကို တတ်စွမ်းသမျှ ကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။


AB

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191