Main menu
HOT NEWS
adv
ဖော်မလင်ပါသော ပဲသွေးများ ရောင်းချသည့် ပင်ရင်းဒိုင်များကို တည်ဆဲဥပဒေအရ အရေးယူတော့မည်

ဖော်မလင်ပါသော ပဲသွေးများ ရောင်းချသည့် ပင်ရင်းဒိုင်များကို တည်ဆဲဥပဒေအရ အရေးယူတော့မည်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ဖော်မလင်ပါသောပဲသွေးများကိုရောင်း ချသည့်ပင်ရင်းဒိုင်များကို ပညာပေးကာလပြီးဆုံးပြီဖြစ်၍ ယခုတစ်ပတ်မှစပြီး တည်ဆဲဥပဒေအရ စတင်အရေးယူတော့မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)မှသိရသည်။ ပဲသွေးရောင်းချမှုကို ရန်ကုန်တိုင်းဒေသကြီးတွင် ယာယီရပ်ဆိုင်းထားပြီး လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ်တွင် ဖော်မလင်ပါသောပဲသွေးများ စတင်တွေ့ရပြီး အင်းစိန်မြို့နယ်တွင် ရောင်းချနေမှုနှင့် လှိုင်သာယာမြို့နယ်တွင် ပင်ရင်းဒိုင်ကိုတွေ့ရှိခဲ့သည်ဟုဆိုသည်။


''မိတာကတော့ ၂ဝ ရက်မှာ တိုက်ကြီးမြို့မဈေး ပျံကျရောင်းတဲ့ အပြင်ဘက်မှာတွေ့ခဲ့တယ်။ ရှောင်တခင်စစ်ဆေးရာမှာတွေ့ခဲ့တယ်။ ပဲသွေးရောင်းချခွင့်ကလည်း ယာယီတားမြစ်ထားတာဖြစ်တယ်။ ဆရာမတို့ပင်ရင်းတွေကိုစစ်တော့ အင်းစိန်ကိုရွေ့လျားယာဉ်တွေနဲ့ လိုက်စစ်တယ်။ အဲဒီမှာလည်းတွေ့တယ်။ လှိုင်သာယာကို ဆက်လိုက်သွားတဲ့ အခါမှာဆက်တွေ့တယ်၊ အများကြီးပဲ။ အခု ၅ဝဝဝ ကျော်လောက်ရှိတယ်။ ဖော်မလင်လည်း တွေ့တယ်။ မရောင်းရဘူးဆိုတာလည်း တား မြစ်ထားတာလည်း မလိုက်နာဘူး။ တရားစွဲမယ်။ ထိန်ပင်သုသာန်မှာ ဖျက်ဆီးလိုက်ရတယ်။ တရားစွဲအရေးယူသွားဖို့ရှိပါတယ်''ဟု အစားအ သောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီဌာန(FDA )မှ ဒုတိယညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာရွှေစင်လှိုင်က စက်တင်ဘာ ၂၂ ရက်တွင် FDA  ရုံး၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။


ပဲသွေး ၉၅ ရာခိုင်နှုန်းတွင် ဖော်မလင်ပါသောကြောင့် ပဲသွေး ရောင်းချမှုကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လကတည်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရက တားမြစ်ထားခြင်း ဖြစ်ပြီး တားမြစ်မှုကိုမလိုက်နာဘဲ ရောင်းချပါက အမျိုးသားအစား အသောက်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းသိရသည်။ ''ပဲသွေးမှာ ဖော်မလင်တွေအပြင် မသန့်ရှင်းတဲ့အမဲသွေးတွေလည်းပါဝင်နေတယ်။ သက်သတ်လွတ်စားတဲ့သူတွေအတွက်လည်း မသင့်တော်ဘူး။ အခုချိန်ကစပြီး ဥပဒေအရ အရေးယူတာစတင် တော့မယ်။ လှိုင်သာယာမှာမိတာနဲ့ ပတ်သက်လို့ ဌာနကတရားစွဲဆို အရေးယူသွားဖို့ရှိပါတယ်''ဟု အစားအသောက်နှင့် ဆေးဝါးကွပ် ကဲမှုဦးစီးဌာန(FDA)၊ အစား အသောက်ဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာဥမ္မာစိုးဝင်းက ပြောသည်။ မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ကျန်းမာရေးဌာန၊ ဒေါက်တာကိုကိုထွန်းကလည်း


''လောလောဆယ်ဈေးထဲမှာ ပဲ ပြားပဲသွေးတွေမရောင်းရဘူးလို့တားမြစ်ထားတယ်။ ဈေးထဲမှာ တော့မရောင်းကြဘူး။ ဈေးပြင်ပ မှာပဲ ပဲပြားတို့၊ ပဲသွေးတို့ဖမ်းမိတာ။ ဈေးဝယ်ထောက်လှမ်းရေးနဲ့ဖမ်းဆီးနေပါတယ်''ဟု ပြောသည်။ ဖော်မလင်ပါသောပဲသွေးကို ရောင်းချပါက အမျိုးသားအစားအသောက်ဥပဒေအရ ထောင်ဒဏ်သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်သုံး သိန်းဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ အရေးယူနိုင်ကြောင်းနှင့် ဖော်မလင်သည် အသည်းကိုထိခိုက် ခြင်း၊ ကင်ဆာရောဂါဖြစ်ပွားခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါများဖြစ်ပွားခြင်း၊ ဗိုက်အောင့်၊ ဗိုက်နာဝေဒနာဖြစ်ပွားခြင်းနှင့် အသက် သေဆုံးသည်အထိဆိုးကျိုးများ ဖြစ်ပွားနိုင်ကြောင်း FDA မှ ဆရာ ဝန်တစ်ဦး၏ပြောပြချက်အရ သိရသည်။ 

 

TTHL

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191