HOT NEWS
Main menu
adv
ဆိုင်ကလုန်း မုန်တိုင်း 'ရွန်နု'  အစိမ်းရောင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ဒေသအချို့တွင်  ဆက်လက် မိုးကြီးနိုင်သေး

ဆိုင်ကလုန်း မုန်တိုင်း 'ရွန်နု' အစိမ်းရောင် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သော်လည်း ဒေသအချို့တွင် ဆက်လက် မိုးကြီးနိုင်သေး

ဆိုင်ကလုန်းမုန်တိုင်း ရွန်နု တိုက်ခတ်ခြင်းကို ခံခဲ့ရသော စစ်တွေမြို့ မြင်ကွင်းတစ်နေရာ

 

ရန်ကုန်၊ မေ ၂၂

ဆိုင်ကလုန်းမုန်တိုင်း'ရွန်နု'သည် အားပျော့ပျက်ပြယ်သွားပြီဖြစ်ကာ အစိမ်းရောင်အဆင့်သို့ ရောက်ရှိသွားပြီဖြစ်သော်လည်း ဒေသအချို့တွင် ဆက်လက်ပြီး မိုးကြီး နိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှု ဦးစီးဌာနမှသိရသည်။ အဆိုပါမုန်တိုင်းသည် မေ ၂၂ ရက်တွင် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ကုန်းတွင်းမုန်တိုင်းငယ်အဖြစ် ဖြတ်ကျော်ဝင် ရောက်ခဲ့ပြီးနောက် အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ အားပျော့ပျက်ပြယ်သွားပြီဖြစ်ကြောင်း မိုး/ဇလ ဦးစီးဌာန၏ မုန်တိုင်းနှင့်ပတ်သက်ပြီး နောက်ဆုံးသတင်းထုတ်ပြန်ချက်အရ သိရ သည်။


''လေတိုက်နှုန်းနည်းသွားမယ်။ ဒါပေမဲ့ စိုးရိမ်ရတာကတော့ မုန်တိုင်းကြောင့် ကျန်ခဲ့တဲ့တိမ်တွေကြောင့် မိုးဆက်တိုက်ရွာနိုင်တယ်။ မိုးဆက်တိုက်ရွာရင် မြေပြိုတာတွေကို စိုးရိမ်ရတယ်။ ပြီးတော့ တောင်ပေါ်ချောင်းတွေ နဲ့ မြစ် တွေချောင်းတွေမှာ ရုတ်တရက်ရေကြီးတာတွေ ဖြစ်လာနိုင်တယ်။ အဲဒါတွေကို သတိထားရမယ်။ ကမ်းရိုးတန်းဘက်တွေကတော့ လှိုင်းကြီး နိုင်သေးတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက မေ ၂၂ ရက်တွင် ပြောသည်။


မုန်တိုင်းအရှိန်ကြောင့် တစ်ပြည်လုံးတွင် မိုးထစ်ချုန်းရွာခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင် ပြည်နယ်တို့တွင် နေရာဒေသအလိုက် မိုးကြီးခဲ့ ကြောင်း၊ ဟုမ္မလင်းမြို့၊ တမူးမြို့၊ ဟိုင်းကြီးကျွန်း မြို့၊ ဂွမြို့၊ သထုံမြို့၊ ငသိုင်းချောင်းမြို့၊ ဇလွန်မြို့၊ ဟင်္သာတမြို့၊ ရေးမြို့၊ ပေါင်မြို့၊ အုတ်ဖိုမြို့၊ ရန်ကုန်၊ ဖလမ်းမြို့၊ တောင်ကုတ်မြို့၊ ဘီးလင်းမြို့၊ ပလက်ဝမြို့နှင့် မဒေါက်မြို့တို့တွင် မိုးရွာသွန်းမှုများပြားခဲ့ပြီး မိုးရေချိန်လက်မ အမြင့်ဆုံး   ခုနစ်လက်မကျော်မှ အနိမ့်ဆုံး သုံးလက်မကျော် ထိရှိခဲ့ကြောင်း သိရသည်။


မုတ်သုံလေသည်လည်း ကပ္ပလီပင်လယ် ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်းတို့တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး မြန်မာနိုင်ငံကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျရောက်စဉ် ရေပြင်၊ မြေပြင်လေ သည်တစ်နာရီမိုင် ၄ဝ အထိ တိုက်ခတ်နိုင် ကြောင်း သိရသည်။         

MMA

#Democracy Today

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS