HOT NEWS
Main menu
adv
ဧဝရက်တောင်တွင် လေးရက်အတွင်း လူလေးဦးသေဆုံး

ဧဝရက်တောင်တွင် လေးရက်အတွင်း လူလေးဦးသေဆုံး

ခတ္တမန္ဒူ၊ မေ ၂၃


ဧဝရက်တောင်တွင် လေးရက်အတွင်း တောင်တက်လမ်းပြအကူရှာပါတစ်ဦးအပါအဝင် လူလေးဦး သေဆုံးခဲ့ပြီး အခြားနှစ်ဦးမှာ ပျောက်ဆုံးနေကြောင်းသိရသည်။ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ လေးရက်တာ ကာလအတွင်း သေဆုံးခဲ့ ခြင်းဖြစ်သည်။ ကြာသပတေးနေ့တွင် အသက် ၂၅ နှစ်အရွယ်တောင်တက်လမ်းပြ အကူရှာပါတစ်ဦးသေဆုံးခဲ့ရသည်။ တောင်ထိပ်နှင့် မီတာ ၁၅ဝ ခန့်အကွာတွင်တောင်အောက်သို့ပြုတ် ကျ သေဆုံးသွားခြင်းဖြစ်သည်။ သောကြာနေ့ညတွင်လည်း အသက် ၃၆ နှစ်အရွယ် နယ်သာလန် နိုင်ငံသားတစ်ဦးသေဆုံးခဲ့ရသည်။ တောင်ထိပ်ကို အောင်မြင်စွာရောက်ရှိခဲ့ပြီး အပြန်ခရီးတွင် သေဆုံးရခြင်း ဖြစ် သည်။ နှလုံးရောဂါကြောင့်ဟု ယူဆရသည်။


စနေနေ့တွင်လည်း အသက် ၃၄ နှစ်အရွယ် သြစတြေးလျနိုင်ငံသူတစ်ဦးသေဆုံးခဲ့ရသည်။ တောင်ထိပ်မရောက်ခင် နောက်ဆုံးရပ်နားရာနေရာဖြစ်သော စခန်းအမှတ်(၄)တွင် အောက်ဆီဂျင်ပြတ်လပ်၍ အသက်ရှူ မဝခြင်း ဝေဒနာကို စတင်ခံစားခဲ့ရသည်။ ထို့ကြောင့် တောင် အောက်ကို ပြန်ဆင်းလာခဲ့ရာ စခန်းအမှတ်(၃)ကို မရောက်ရှိမီလမ်းမှာပင် သေဆုံးခဲ့ရသည်ဟု အတူလိုက်ပါသူ ရှာပါတောင်တက်သူများက ပြောကြား သည်။ သူသည် စီးပွား ရေးပညာရှင်ပါမောက္ခတစ်ဦးဖြစ် ပြီး ကမ္ဘာ့တိုက်ကြီး ခုနစ်တိုက်မှ အမြင့်ဆုံးတောင်ခုနစ်ခုစလုံးကို တက် ရောက်နိုင်ရန် ရည်မှန်းထားသူဖြစ် သည်။

 

သူမသည် အလက်စကာပြည်နယ်မှ ဒီနာလီတောင်၊ အာဂျင်တီးနားမှ အကွန်ကာဂူအာတောင်၊ တူရကီမှ အရာရက်တောင်တို့ကို အောင်မြင်စွာ တက်ရောက်ခဲ့ပြီးပြီဖြစ်ကြောင်း သိရသည်။ တနင်္ဂနွေတွင် သေဆုံးသူမှာ အသက် ၄၄ နှစ်အရွယ် အိန္ဒိယနိုင်ငံသားဖြစ်သည်။ အခြားအိန္ဒိယနိုင်ငံသား တောင်တက်သမားသုံးဦး၊ ရှာပါ လေးဦးနှင့်အတူ တောင်ထိပ်ရောက်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ သူသည် တောင်ခြေစခန်းအမှတ်(၂) မှာပင် အောက်ဆီဂျင်ပြတ်လပ်မှုဝေဒနာဖြင့် သေဆုံးခဲ့ရသည်။ အခြားနှစ်ဦးမှာလည်း ပျောက်ဆုံးနေဆဲဖြစ်သည်။ စတုတ္ထမြောက်တောင်တက်သမားကိုမူ ကယ်ဆယ်နိုင်ခဲ့သည်။ ရာသီဥတု ရုတ်တရက်ဆိုးရွားလာပြီး လမ်းပျောက်လူစုကွဲသွားခြင်းဖြစ်မည်ဟု ရှာပါ တစ်ဦးက မှတ်ချက်ပေးသည်။


ယခုနှစ် ဧဝရက်တောင်တက်ရာသီကို ဧပြီလတွင် စတင်စေခဲ့သည်။ ၂ဝ၁၄ နှင့် ၂ဝ၁၅ ခုနှစ်တို့တွင် နှင်းခဲများပြိုကျခြင်းနှင့် ငလျင်လှုပ်မှုတို့ ကြောင့် တောင်တက်ခြင်းကို ပိတ်ပင်ခဲ့ရပြီး ယခုနှစ်မှသာပြန်လည်ဖွင့်လှစ် ခဲ့ရခြင်းဖြစ်သည်။ ကမ္ဘာ့အမြင့်ဆုံးဧဝရက်တောင်တွင် သမိုင်းတစ်လျှောက် လူပေါင်း ၂၅ဝ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။              

CNN

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS