Main menu
HOT NEWS
adv
ပထမဇနီးကို လည်လှီးသတ်ခဲ့သူက ဒုတိယဇနီးကိုလည်း တရားရုံးရှေ့တွင် အချက်ပေါင်းများစွာ ဓားဖြင့်ထိုးသတ်

ပထမဇနီးကို လည်လှီးသတ်ခဲ့သူက ဒုတိယဇနီးကိုလည်း တရားရုံးရှေ့တွင် အချက်ပေါင်းများစွာ ဓားဖြင့်ထိုးသတ်

ရန်ကုန်၊ ဇူလိုင် ၅

ပထမဇနီးကို ထမင်းစားနေစဉ် လည်လှီးသတ်သဖြင့် ထောင် ၁၈ နှစ်ကျခဲ့သူက ဒုတိယဇနီးကို ဒလတရားရုံးရှေ့ လက်ဖက်ရည်ဆိုင်အတွင်း ဓားဖြင့်အချက် ပေါင်းများစွာထိုးသတ်မှု ဇူလိုင် ၅ ရက်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

"ဒီလူက အမေ့ကို မူးတိုင်းရိုက်တယ်။ တရားရုံးမှာ ရိုက်မှု၊ ၁၉(င) ဓားကိုင်ဆောင်မှု၊ အမှုတွေအများကြီးနဲ့ ရင်ဆိုင်နေရတာ၊ သူနှိပ်စက်တဲ့ဒဏ်ကို မခံနိုင်တော့ အမေက တရားရုံးမှာကွာရှင်းခွင့်တောင်းထားတာ၊ ဒီနေ့ တရားရုံးကစာကျလို့ တရားရုံးကိုလာတာ၊ သမီးနဲ့အမေ တရားရုံးရှေ့က လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတုန်း နောက်ကနေ အမေ့ကိုတွန်းလှဲပြီး၊ တက်ခွပြီးတော့ သမီးရှေ့မှာဓားနဲ့ အချက်ပေါင်း များစွာ ရက်ရက်စက်စက်ထိုးတယ်၊ ဘေးနားကလူတွေ တားဖို့တောင် အချိန်မမီလိုက်ဘူး၊ ရှစ်တန်းကျောင်းတက်နေတဲ့ သမီးညီမလေးတောင်မသိသေးဘူး၊၊ ညီမ လေး သူကျောင်းကပြန်လို့ အမေ့ကိုမေးရင် ဘယ်လိုဖြေရမလဲမသိဘူး။ အမေက သမီးကိုသေခါနီးပြောသွားတယ်။ ငါ့သားကိုခေါ်ပေးတဲ့" ဟု အသတ်ခံရသူမိခင်နှင့် အတူရှိ နေသော သေဆုံးသူ၏သမီးဖြစ်သူ မသင်းသင်းစု(၁၇နှစ်)က ငိုကြွေးလျက် ဒီမိုကရေစီ တူဒေးသို့ ပြော သည်။

 

သေဆုံးသူမှာ ဒလမြို့နယ်၊ အံ့ကြီးအနောက်ရပ်ကွက်၊ အနော် ရထာ(၁) လမ်း၊ အမှတ်-၅၄၅(ခ)တွင်နေထိုင်သည့် ဒေါ်အေးသန္တာ (၄၂နှစ်)ဖြစ်ပြီး၊ ၀ဲနဖူးစောင်းပြတ် ရှဒဏ်ရာ၊ ၀ဲပါးနှင့်ဝဲမေးရိုးထိုးသွင်း ဒဏ်ရာနှစ် ချက်၊မေးရိုးအောက် ထိုးသွင်းဒဏ်ရာ၊ ၀ဲလည်ပင်းထိုးသွင်းဒဏ်ရာ၊ ယာပါးရိုးနှင့် ယာလည်ပင်းထိုးသွင်းဒဏ်ရာနှစ်ချက်၊ ၀ဲလက်ဖျံပြတ်ရှဒဏ် ရာနှစ်ချက်၊ ယာလက် ဖျံရင်းပြတ်ရှဒဏ်ရာ၊ ယာလက် ကောက်ဝတ်ပြတ် ရှဒဏ်ရာနှင့် ၀ဲလက်ဖျံရင်းပြတ်ရှဒဏ်ရာ တို့ရရှိပြီးအခင်းဖြစ်သည့်နေရာတွင် သေဆုံးသွားကြောင်း ဒလမြို့မရဲစခန်းမှ တာဝန်မှူးရဲအရာရှိ တစ်ဦးက ပြောသည်။ ယခုကဲ့သို့ ရက်စက်သော လူသတ်မှုဖြစ်ပွားချိန်တွင် လက်ဖက်ရည်ဆိုင်ပိုင် ရှင်အမျိုးသမီးကြီးမှာ မေ့လဲကျမှုဖြစ်ပွားခဲ့ပြီး အနီးရှိလူ အများမှာလည်းကြောက်လန့်တကြား ရှောင်တိမ်းခဲ့ကြရကာ ဒလတရားရုံး မှာပိတ်ခဲ့ရကြောင်း မျက်မြင်တစ်ဦးကပြောသည်။ အဆိုပါဖြစ် စဉ်ကိုမျက်မြင်ကိုယ် တွေ့ကြုံတွေ့ခဲ့ရသော သမီးဖြစ်သူ မသင်းသင်းစုက ပထွေးဖြစ်သူအား တရားလိုပြုလုပ် တိုင်တန်းပြီး ဒလမြို့မရဲစခန်းမှ(ပ)၃၀၇/၂၀၁၆၊ ရာဇ သတ်ကြီးပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

 

" ကိစ္စတစ်ခုနဲ့တရားရုံးရှေ့ကဆိုင်မှာထိုင်ပြီး လက်ဖက်ရည်သောက် နေတာ၊ အော်သံတွေကြားလို့ လှည့်ကြည့်တော့ ရက်ရက်စက်စက်ထိုး သတ်နေတာ၊ ဆိုင်ပိုင်ရှင်အဒေါ်ကြီးဆို ဒီမြင်ကွင်းကို ကြည့်ပြီးမေ့ လဲပြီး ဆေးခန်းပို့လိုက်ရတယ်။ ဒီဖြစ်စဉ်က တရားရုံးရှေ့မှာဆိုတော့ မြင်ကွင်းက တော်တော်ဆိုးတယ်" ဟု ဒလမြို့ နယ်မှရပ်ကွက် အုပ်ချုပ်ရေးမှူးတစ် ဦးက ပြောသည်။ ဒလမြို့နယ်တွင် ယခုကဲ့သို့ တရားရုံးရှေ့တွင် ရက်စက်သည့် လူသတ်မှုဖြစ်စဉ်မျိုး တစ်ကြိမ်တစ်ခါ မျှမဖြစ်ဖူးကြောင်းနှင့် ယခုဖြစ်စဉ်သည် တရားစီရင်မှုပြုလုပ်သည့် တရား ရေးမဏ္ဍိုင်ရုံးတစ်ခု၏ရှေ့တွင် ပြုမူခဲ့သဖြင့် ဒလမြို့နေပြည်သူများက ထိတ်လန့်တုန်လှုပ်ခဲ့ ကြရကြောင်း ဒလမြို့ဒေသခံကိုလင်းလင်းက ပြောသည်။ ဓားဖြင့်ထိုးသတ်သူ၏အမည်မှာ တင်မောင်ဝင်း(ခ)ထွန်းရွှေ(ခ) ပိုက်တင်ဖြစ်ပြီး ၎င်းသည် ပထမဇနီးကိုသတ်မှုဖြင့် ထောင် ၁၈နှစ် ကျခံခဲ့ရသူဖြစ်ပြီး ၎င်းပြန် လည်လွတ်မြောက်လာသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း သေဆုံးသူ၏ ညီမဖြစ်သူ ဒေါ်မိုးမိုး စန်းက ပြောသည်။

HSL
‪#‎Democracytoday‬

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191