Main menu
HOT NEWS
adv
ရွှေပြည်သာရှိ တည်းခိုခန်း တစ်ခုမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရွှေပြည်သာရှိ တည်းခိုခန်း တစ်ခုမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

ရွှေပြည်သာ၊ သြဂုတ်

ရန်ကုန် မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ရဲစခန်းအပိုင်တွင် သြဂုတ် ၁၇ ရက် ည ၉ နာရီခွဲက တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုနေသူထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ရွှေပြည်သာမြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မ/၁၁၉၊ ဂန္ဓမာ(၁)လမ်း၊ (၁၂) ရပ်ကွက်ရှိ တည်းခိုခန်း တစ်ခု၏ အခန်းအမှတ် (--)သို့ ၀င်ရောက်ရှာဖွေခဲ့ရာ တည်းခိုနေထိုင်သူ သက်ဇော်ဦးကို အသင့်တွေ့ရှိရပြီး ဆက်လက်ရှာဖွေရာ အိပ်ရာဘေး ခေါင်းရင်း နားမှRed Ruby ဘူးခွံအတွင်း အ၀ါရောင် ပလတ်စတစ်အိတ်အသေး ဖြင့် ထုပ်လျက်WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၂ ပြား၊ အလေးချိန် ၀ ဒသမ ၂၂ ဂရမ်ပါ တစ်ထုပ်၊ အနီရောင်တစ် ရှူးဘောက်တွင် Hair Dyer ဘူးခွံတို့ အတွင်း အပြာရောင်ကပ်ခွာအိတ် ဖြင့်ထည့်လျက်WY စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၀၊ အစိမ်းရောင် နှစ်ပြား၊ အလေးချိန် ၁ ဒသမ ၆၂ ဂရမ်ပါ တစ်ထုပ်၊ မူး ယစ်ဆေး ၀ါးသုံးစွဲရာတွင် အသုံးပြု သော အအေးပိုက် လေးချောင်း၊ ခဲ ပြားတစ်ခု၊ မီးခြစ်တစ်လုံး၊Huawei အဖြူရောင်လက်ကိုင်ဖုန်းတစ်လုံး၊ ၃၈ယ/---- နံပါတ်ပါ CZI-125 အမျိုးအစား အနက်နှင့် မီးခိုးရောင် ဆိုင်ကယ်တစ်စီး တွေ့ရှိပြီး ရှာဖွေ ပုံစံဖြင့် သိမ်းယူဖမ်းဆီးခဲ့ခြင်းဖြစ် သည်။ဖြစ်စဉ်နှင့်ပတ်သက်၍ တရား မ၀င်မူးယစ်ဆေးဝါးရောင်းချရန်အလို့ ငှာ လက်ဝယ်ထားရှိသူ သက်ဇော်ဦး (၃၈နှစ်) မ/၇၉ (က)၊ သမိန်ဗရမ်း လမ်း ၈ ရပ်ကွက် တွံတေးမြို့နယ် နေသူကို ရွှေပြည်သာမြို့မရဲစခန်းက (ပ)၈/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/ ၁၉(က)ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။

KKN

‪#‎Democracytoda‬

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616