HOT NEWS
Main menu
adv
မန္တလေးတိုင်းဒေသကြီး လွတ်လပ်ရေးနေ့တွင် မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲဆင်နွှဲ

မန္တလေးတိုင်းဒေသကြီး လွတ်လပ်ရေးနေ့တွင် မြို့တော်ဝန် မီနီမာရသွန်ပြိုင်ပွဲဆင်နွှဲ

မန္တလေး၊ ဇန်နဝါရီ ၄- မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်  ကျင်းပသော(၆၉)နှစ်မြောက်လွတ် လပ်ရေးနေ့အထိမ်းအမှတ်အလံ တင်အခမ်းအနားကို ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ က မန္တလေးတိုင်းဒေသကြီး ချမ်းမြသာ စည်မြို့နယ် မန္တလာသီရိအဆင့်မြင့် ဘောလုံးကွင်းအတွင်း ပြုလုပ်ခဲ့ ကြောင်း သိရသည်။

(၆၉)နှစ်မြောက်လွတ်လပ်ရေး နေ့အခမ်းအနားကို မန္တလာသီရိအ ဆင့်မြင့်ဘောလုံးကွင်း၌ ဇန်နဝါရီ ၄ ရက် နံနက် ၈ နာရီတွင် ဆက် လက်ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်  နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်က ဂုဏ်ပြုတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူကာ ကျဆုံးလေပြီးသော ရဲဘော်များအား အလေးပြု၍ ပြည်ထောင်စု သမ္မတ  မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးထင်ကျော်ထံမှပေးပို့သော (၆၉)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာဖတ်ကြားသည်။

အလားတူ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ကြီးမှူး၍ မန္တလေးမြို့တော်ဝန်မီနီမာ  ရသွန်ပြိုင်ပွဲကို ဇန်နဝါရီ ၄ ရက် (လွတ်လပ်ရေးနေ့)နံနက် ၆ နာရီက မန္တလေးတိုင်းဒေသကြီး ချမ်းအေး သာစံမြို့နယ် ၂၆ လမ်း၊ ၇၁ လမ်း ထောင့်ရှိ မြို့တော်ခန်းမ(၁)ရှေ့တွင် ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲ၌ အလွတ်တန်း ပြိုင်ပွဲတွင် အမျိုးသား ၆၃ ဦး၊ အ မျိုးသမီး ၄၇ ဦး၊ လူသစ်တန်းပြိုင်ပွဲ တွင် အမျိုးသား ၁၆၆၅ ဦး၊ အမျိုး သမီး ၈၄၉ ဦး၊ သက်ကြီးတန်းပြိုင်ပွဲ တွင် အမျိုးသား ၅ဝ၊ အမျိုးသမီး  ခုနစ်ဦးနှင့် နိုင်ငံခြားသားအလွတ် တန်းတွင် အမျိုးသားခြောက်ဦးပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေး အပ်ခဲ့ကြောင်း သိရသည်။

AXE , #DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

FacebookG+TwitterRSS