HOT NEWS
Main menu
adv
ရထားပေါ် မေ့ကျန်ရစ်ခဲ့သည့် နိုင်ငံခြားသား၏ ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်

ရထားပေါ် မေ့ကျန်ရစ်ခဲ့သည့် နိုင်ငံခြားသား၏ ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်သူထံ ပြန်လည်ပေးအပ်

သာစည်

ရထားပေါ်တွင် မေ့ကျန်ရစ်ခဲ့သည့် နိုင်ငံခြားသား ခရီးသည်တစ်ဦး၏ ပိုက်ဆံအိတ်ကို ရထားလိုက် ရဲ၊ တွဲစောင့်နှင့် လက်မှတ်စစ်တို့၏ ပူးပေါင်းရှာဖွေပေးမှုကြောင့် ပြန်လည်တွေ့ရှိခဲ့သဖြင့် ပိုင်ရှင်ဖြစ် သူ နိုင်ငံခြားသား ထံသို့ ပြန်လည် ပေးအပ်ပွဲကို ဇန်နဝါရီ ၃ ရက် နံနက် ၉ နာရီတွင် သာစည်မြို့ မြန်မာ့မီးရထား ရထားရဲတပ်ဖွဲ့စခန်း စခန်းမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

 

ရထားရဲတပ်ဖွဲ့ စခန်းမှူး ရဲအုပ်မင်းနိုင်က ပြန်လည်တွေ့ရှိခဲ့ပုံနှင့် ရထားရဲတပ်ဖွဲ့ဝင် ရဲဘော်များအနေဖြင့် ရထားစီးခရီးသည်များ၏ လုံခြုံရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး ပိုက်ဆံအိတ်ပိုင် ရှင်ဖြစ်သူ အမေရိကန်နိုင်ငံသားလက်ဝယ်သို့ ပြန်လည်ပေးအပ်ခဲ့သည်။ ပိုင်ရှင် နိုင်ငံခြားသားမှာ အမေရိကန်နိုင်ငံသား Mr. RIE-HARD ALLE ဆိုသူဖြစ်ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် ရန်ကုန်မှ သာစည် သို့လာရန် အတွက် ရန်ကုန်- မန္တလေး အမှတ်(၁၁) အဆန်အမြန်ရထား အထက်တန်းတွဲ တွဲအမှတ်(၂)၊ ခုံအမှတ် A-6 တွင် စီးနင်းလိုက်ပါခဲ့ပြီး ရထား သာစည်ဘူတာသို့ ဆိုက်ရောက်ချိန်တွင် ဆင်းနေရစ်ခဲ့ကာ တည်းခိုခန်း သို့ရောက်မှ ၎င်း၏ပိုက်ဆံအိတ် ထိုင်ခုံပေါ်တွင် ကျန်ရစ်ခဲ့ကြောင်း သိရှိ၍ ဘူတာရုံပိုင်ချုပ်ထံ နှင့် ရထားရဲတပ်ဖွဲ့စခန်းမှူးထံသို့ အချိန်မီသတင်းပေးပို့သဖြင့် တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ သက်ဆိုင်ရာ ဘူတာ အဆင့်ဆင့်သို့ အကြောင်းကြားခဲ့သဖြင့် ယခုကဲ့သို့ ပြန်လည်ရရှိခဲ့ခြင်းဖြစ်သည်။

မောင်ကို(သာစည်)

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS