Main menu
HOT NEWS
adv
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုတရ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပရဟိတ လူမှု အဖွဲ့အစည်းများထံ ငွေကြေး လှူ ဒါန်းနိုင်ပြီ

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း လိုတရ ဝက်ဘ်ဆိုက်မှ တစ်ဆင့် ပရဟိတ လူမှု အဖွဲ့အစည်းများထံ ငွေကြေး လှူ ဒါန်းနိုင်ပြီ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း လိုတရဝက်ဘ်ဆိုက်မှတစ်ဆင့် မိုဘိုင်းဖုန်းဖြင့် ပြည်တွင်းရှိ ပရဟိတလူမှုအဖွဲ့အစည်းများထံ ငွေကြေးထောက်ပံ့လှူ ဒါန်းမှုများ လှူဒါန်းနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ ယင်းကဲ့သို့ လှူဒါန်းမှုများပြုလုပ်နိုင်ရန်အတွက် အဆိုပါဝက်ဘ်ဆိုက်တွင် လိုတရ စေတနာကမ်းလက်များအမည်ဖြင့် စာမျက်နှာသစ်ကို ထပ်မံထည့်သွင်းခဲ့ခြင်းဖြစ်ပြီး ယင်းစာမျက်နှာသစ် မိတ်ဆက်ပွဲအခမ်း အနားကို  ဇန်နဝါရီ ၉ ရက်က ရန်ကုန်မြို့ဆူး လေရှန်ဂရီလာဟိုတယ်တွင် ပြုလုပ်ခဲ့သည်။


လှူဒါန်းမှုပြုလုပ်လိုပါက လိုတရဝက်ဘ်ဆိုက်သို့ဝင်ရောက်ရမည်ဖြစ်ပြီး လိုတရ စေတနာကမ်းလက်များ စာမျက်နှာမှတစ်ဆင့် မိမိလှူဒါန်းလိုသောအဖွဲ့အစည်းများကို ရွေးချယ်ပြီး တစ်ကြိမ်လျှင်အနည်းဆုံးကျပ် ၁ဝဝ၊ ၂ဝဝ၊  ၅ဝဝ၊ ၁ဝဝဝ အထိ လှူဒါန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။ MPT-KSGM Joint Operations ၏ အမှုဆောင်အရာရှိချုပ် Mr. Toshitake Amamiya  က ''ကျွန်တော်တို့ တာဝန်သိလုပ်ငန်းတစ်ခုအနေ နဲ့ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီပေးသွားမှာပါ။ ခုလို အစပြုလိုက်တဲ့ခြေလှမ်းကနေစပြီး နောင်အခါမှာ လိုအပ်လာမယ့် ကိစ္စရပ်တွေအတွက် ရန်ပုံငွေအမြောက်အမြားဖန်တီးပေးနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်''ဟု အဆိုပါအခမ်းအနားတွင် ပြောသည်။


ယင်း လိုတရ စေတနာကမ်းလက်များ စာမျက်နှာတွင် ဖောင်တော်ဦးဘုန်းတော်ကြီး ပညာရေးကျောင်း၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ ဆည်းဆာရိပ် ဂိလာနဘိုးဘွားများ ရိပ် သာ၊ ပြည်ကြီးခင်လူမှုရေးအသင်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ လမ်းသစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ(သန်လျင်)၊ လူမှုဖွံ့ ဖြိုးတိုးတက်ရေးအသင်းနှင့် ဂျပန်ငြိမ်းချမ်း ရေးလေညှင်းလေးများစသည့် လူမှုအဖွဲ့အ စည်း ၁ဝ ဖွဲ့ပါရှိကြောင်း သိရသည်။  နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ကိုမျိုး(မြန်မာစာ)က ''များသောအားဖြင့် ကျွန်တော်တို့ဆီလာလှူဒါန်းတဲ့သူ တော်တော်များများက ဥပမာ- ငွေကျပ်ငါးသောင်းဝန်း ကျင်လောက်မှ ကားနဲ့လာလှူကြတယ်။ လက်ထဲမှာရှိနေတဲ့အြေ<ွကလေးတွေနဲ့ လှူဖို့ကျတော့အဆင်မပြေပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ဒီအစီအစဉ်လေးကို ကြားသိရပြီး ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်'' ဟု အဆိုပါအခမ်း အနားတွင် ပြောသည်။ အဆိုပါလူမှုအဖွဲ့အစည်း ၁ဝ ဖွဲ့ကို သုံးလ(သို့)ခြောက်လအထိ လှူဒါန်းနိုင်မည် ဖြစ်ပြီး ပရောဂျက်ကာလပြီးဆုံးပါက အခြားလူမှုရေး၊ ပညာရေး၊ ကျန်းမာရေးဖောင်ဒေးရှင်းများဖြင့် အစားထိုး သွားမည်ဖြစ်ကြောင်း သိရသည်။                  

PP,TNO

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616