HOT NEWS
Main menu
မင်္ဂလာဈေး အမြန်ဆုံး တည်ဆောက်ပေးရန် ဈေးသူဈေးသား ၄ဝဝ ကျော် မြို့တော်ခန်းမရှေ့  ဆန္ဒထုတ်ဖော်

မင်္ဂလာဈေး အမြန်ဆုံး တည်ဆောက်ပေးရန် ဈေးသူဈေးသား ၄ဝဝ ကျော် မြို့တော်ခန်းမရှေ့ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မီးဘေးသင့် ခြင်းတစ်နှစ်ပြည့်တွင် မင်္ဂလာဈေးကို အမြန်ပြန်လည်တည်ဆောက်ပေးရန် ဈေးသူဈေးသား ၄ဝဝ ကျော်က ရန်ကုန်မြို့တော်ခန်းမရှေ့၌ ဇန်နဝါရီ ၉ ရက်က ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ မင်္ဂလာဈေး မီးဘေးသင့်ခဲ့သည့် တစ်နှစ်ပြည့်ဖြစ်ပြီး ဈေးကို ဖြိုဖျက်နေပြီဖြစ်သော်လည်း ဈေးသစ် တည်ဆောက်မှုနှင့် ပတ်သက်၍ တာဝန်ရှိသူများထံမှ တစ်စုံတစ်ရာပွင့်လင်း မြင်သာစွာ သိရှိခြင်း မရှိကြောင်း၊ လက်ရှိနေရာချ ထားပေး သည့် ယာယီဈေးတွင် ဆိုင်ခန်းများကို ဈေးနှုန်းကြီး စွာငှားရမ်းရသည့်အတွက် အရှုံးနှင့်ရင်ဆိုင်နေကြရကြောင်း၊ ထို့ကြောင့် မင်္ဂလာဈေးကို အမြန်ဆုံးပြန်လည် တည်ဆောက်ပေးရန် ဆန္ဒထုတ်ဖော် ခြင်းဖြစ် သည်။



မင်္ဂလာဈေးမှ ဆိုင်ခန်းရှင်တစ်ဦးဖြစ်သူ မဒါလီမြင့်က''မင်္ဂလာဈေး ဖျက်ဖို့အတွက်တောင် မနည်းကိုအတိုက်အခံတွေလုပ်ပြီး ကြိုးစားခဲ့ရတယ်။ အခုဈေးကတော့ပြိုသွားပြီ။ ဒါပေမဲ့ ဘယ်လိုဆောက်မယ်။ ဘယ်ေ လာက်ပေနဲ့ ဘယ်နှထပ်ဆောက် မယ်ဆိုတဲ့ အချက်အလက်တွေကို ပြောပြလာတာမရှိသေးပါဘူး။ ကျွန်မတို့စိုးရိမ်တာက အထပ်တွေအရမ်း မြင့်သွားရင် အချိန်တွေအရမ်းကြာသွားမယ်။ အချိန်ပိုကြာရင် ကျွန်မတို့ဈေး ကွက်ပျောက်ပြီး ကျွန်မတို့ ဘဝတွေသွားပါပြီ''ဟု မီဒီယာများကို ပြောသည်။ မင်္ဂလာဈေးမီးလောင်ပြီးနောက် ယာယီဈေးအဖြစ် နေရာချပေးခဲ့သော်လည်း ဆိုင်ခန်းငှားခမှာဈေးကြီး လွန်းလှသဖြင့် တစ်နှစ်လျှင်ကျပ် သိန်း နှစ်ရာမှ ကျပ်သိန်းငါးရာအထိ အရှုံး နှင့်ရင်ဆိုင်နေရသူများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။


အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် မင်္ဂလာဈေး အမြန်ပြန်လည်တည် ဆောက်ပေးရေး၊ အထပ်မြင့် မဆောက်ရေး၊ ဈေးကိုယ်စားလှယ်များအား တာဝန်ရှိသူများက အမြန်ဆုံးေါ်ယူတွေ့ဆုံပေးရေး စသည့် တောင်းဆိုချက်များ ကို ကြွေးကြော်ခဲ့ကြသည်။ ''ကျွန်တော်တို့ကတော့ ဈေးကို အမြန်ဆုံးဆောက်ပေးစေချင်ပါတယ်။ ဈေးသူ၊ ဈေးသားတွေအနေနဲ့ ကိုယ့်ဆိုင်ခန်းနဲ့ကိုယ် ပြန်လည်ဈေးရောင်းချစေချင်ပါတယ်။ ဒါပါပဲ''ဟု မင်္ဂလာ ဈေးမှ ဆိုင်ခန်းရှင် တစ်ဦးဖြစ်သူ ဦးရဲမြင့်က ပြောသည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲမှာ အစိုးရထံသို့ ဈေးသူဈေးသားများ၏ အခက်အခဲများကို မေတ္တာရပ်ခံ ခြင်းဖြစ်ကြောင်း ဆိုင်ခန်းရှင် ဒေါ်ညိုညိုဦးကပြောသည်။ ယင်းဆန္ဒ ထုတ်ဖော်ပွဲကို ခွင့် ပြုချက်တင်၍ တရားဝင်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုအခါ မီးဘေးသင့်မင်္ဂလာ ဈေးတည်ဆောက်ရန်အတွက် ဗိသု ကာလက်ရာဒီဇိုင်းကို မြန်မာနိုင်ငံ ဗိသုကာအသင်းက တင်ဒါခေါ်ယူ ထားပြီဖြစ်ပြီး ယင်းဒီဇိုင်းအတည် ပြုပြီးသည်နှင့် ဈေးတည်ဆောက် တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီကို တင် ဒါဆက်လက်ခေါ်ယူသွားမည်ဖြစ် ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီမှ သိရသည်။     


မင်္ဂလာဈေး ပြန်လည်တည် ဆောက်ရေးနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၆ ရက်က မင်္ဂလာဈေးသူဈေး သားများခန့်အပ်ထားသော ကိုယ်စားလှယ်အဖွဲ့များက လာရောက်တွေ့ ဆုံသည့်အတွက် ရှေ့ဆက်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားထားခဲ့ပြီးဖြစ်ပြီး စည်ပင်သာယာရေး ကော်မတီအနေဖြင့် စီစဉ်ထားသည့် အစီအမံများအတိုင်းသာ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''လက်ရှိမှာ လုပ်သင့်တာတွေကို လုပ်ဆောင်နေပါတယ်။ အဆောက်အအုံဒီဇိုင်းပုံစံမရှိဘဲ တည်ဆောက်လို့မရပါဘူး။ အကောင်း ဆုံးဖြစ်အောင် စနစ်တကျလုပ်ဆောင်နေပါတယ်။ ဘယ်သူမှမထိခိုက်စေရပါဘူး။ အဲဒီအတွက် အစီအစဉ်အများကြီးရှိပါတယ်''ဟု ၎င်းကပြောသည်။  အဆိုပါမင်္ဂလာဈေးမှာ ၂ဝ၁ဝ ခုနှစ်တွင်တစ်ကြိမ် မီးလောင်ကျွမ်းခဲ့ပြီး ၂ဝ၁၆ ဇန်နဝါရီလတွင် ဒုတိယအကြိမ် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ ယင်းဈေးတွင် ဆိုင်ခန်း စုစု ပေါင်း ၄ဝ၆၇ ခန်းရှိခဲ့ကြောင်း သိရသည်။         

TTMT, AL

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS