Main menu
HOT NEWS
adv
မြန်မာ လုပ်သားသစ်များ ယခုလ ၁၆ ရက်မှစ၍ ထိုင်းအေဂျင်စီ ဝန်ဆောင်ခ ပေးရန် မလိုတော့

မြန်မာ လုပ်သားသစ်များ ယခုလ ၁၆ ရက်မှစ၍ ထိုင်းအေဂျင်စီ ဝန်ဆောင်ခ ပေးရန် မလိုတော့

ရန်ကုန်၊ ဇန်နဝါရီ ၁၀

မြန်မာလုပ်သားသစ်များ အနေဖြင့် ထိုင်းအေဂျင်စီ ဝန်ဆောင်ခပေးရန် မလိုဟုဆိုသည့် ထိုင်းအလုပ်သမား ဥပဒေသစ် ဇန်နဝါရီ ၁၆ ရက်တွင် စတင်အသက်ဝင် ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပယ်ဖျက်မှုကို ဇန်န ဝါရီ ၁၆ ရက်တွင် စတင်မည်ဖြစ်ပြီး မြန်မာလုပ်သားများ ထိုင်းသို့သွားရောက် အလုပ်လုပ်ရာတွင် နှစ်နိုင်ငံအစိုးရ သတ်မှတ်ထားသည့် မြန်မာနိုင်ငံဘက်မှ ဝန်ဆောင်ခ ကျပ်ငွေတစ်သိန်းခွဲနှင့် ထိုင်းဘက်သို့ပေးရ သည့် အေဂျင်စီ ဝန်ဆောင်ခငွေဘတ်တစ်သောင်း သတ်မှတ်ထားသည့်အပေါ် ထိုင်းဘက်သို့ပေးရမည့် အေဂျင်စီဝန် ဆောင်ခကို ထိုင်းအစိုးရမှပေးဆောင်ရန် မလိုဟု ပယ်ဖျက်လိုက်ခြင်းဖြစ် ကြောင်း သိရသည်။


ထိုသို့ ပယ်ဖျက်ခြင်းနှင့်ပတ်သက်ပြီး ထိုင်းအစိုးရမှ မြန်မာအစိုးရထံ တရားဝင် အကြောင်းကြားလာသဖြင့် မြန်မာအေဂျင်စီများနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့သည် ဇန်နဝါရီ ၉ ရက်တွင် မြောက်ဒဂုံပင်လုံခန်းမ၌ ယင်းအပေါ်ဆွေးနွေးခဲ့ကြောင်း သိရသည်။  ''ထိုင်းဘက်ကတော့ ဥပဒေထုတ်ပြီး မကောက်ဖို့ဆိုလာတယ်။ အဲဒီတော့တို့ဘက်ကလည်း သူတို့ဥပဒေကို ကျော်ပြီးလုပ်လို့မရဘူး။ ခက်တာက မြန်မာအေဂျင်စီတွေဘက်မှာ နှစ်မျိုးဖြစ်နေတယ်။ အဲ့ဒါက တချို့က ထိုင်းအလုပ်ရှင်နဲ့ တိုက်ရိုက်ချိတ် ပြီးလုပ်လို့ ထိုင်းဘက်က သတ်မှတ်ထားတဲ့ ဘတ်တစ်သောင်းကို လုံးဝမပေးရတဲ့ သူတွေရှိတယ်။ တချို့ ကတော့ ထိုင်းဆပ်ကန်ထရိုက်နဲ့လုပ်ရတာမို့ပေးရတဲ့သူတွေရှိတယ်။ အဲဒီမှာပိုဆိုးတာက ထိုင်းဥပဒေမှာက တစ်ဦးချင်း ကိုယ်ပိုင်ကုန်ကျစရိတ်မှအပ ကျန်တာကိုအလုပ်ရှင်က ကောက်ခွင့် မရှိဘူးလို့ပြောထားတာ ဆိုတော့ အဲဒီကိုယ်ပိုင် ကုန်ကျစရိတ်ဆိုတာ ဘယ်ဟာကိုပြောတာလဲဖြစ်ကုန်ရော၊ အဲဒီတော့ဘယ်ဟာဆိုတာ ထိုင်းအစိုးရကိုပြန်မေးရဦးမယ်'' ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးမျိုးအောင်က ဇန်နဝါရီ ၉ ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။


ထိုင်းအစိုးရ သတ်မှတ်ထားသည့် ဘတ်ငွေတစ်သောင်းအစား ဆေးစစ်ခ၊ ဗီဇာလျှောက်ထားခ၊ မဲဆောက်-ထိုင်းတောင်ပိုင်းသို့အသွားအပြန်ကားခ၊ Work Permit စုစုပေါင်းကုန်ကျငွေ ဘတ် ၄၃ဝဝ ကိုသာ အလုပ် သမားကကျခံရန် မြန်မာအေဂျင်စီများဘက်မှ တင်ပြသည်များရှိကြောင်း ဇန်နဝါရီ ၉ ရက်တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။ လုပ်သား၏ တစ်ဦးချင်း ကိုယ်ပိုင်ကုန်ကျစရိတ်မှအပ ကျန်ငွေကို အလုပ်ရှင်မှကောက်ခွင့် မရှိဟုဆိုသည့် အချက်ပါဝင်သောလုပ်သား ဥပဒေ၏ နည်းဥပဒေကို ဇွန်လတွင် ထုတ်ပြန်ခဲ့ပြီးရက် ၉ဝ ကင်းလွတ်ခွင့်ပြုထားသည်။ အဆိုပါကင်းလွတ်ခွင့်ရက်ပေါင်း ၉ဝ သည် လာမည့်ဇန်နဝါရီ ၁၆ ရက်တွင်ပြည့် ပြီဖြစ်ပြီး ၁၆ ရက် မှစတင်ကာ ယင်းဥပဒေအတိုင်း ဝန်ဆောင်ခကောက်ခံ၍မရတော့ ကြောင်း သိရသည်။   

ZCH

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616