HOT NEWS
Main menu
adv

ရန်ကုန် ယာဉ်လိုင်းသစ်များ စတင်မည့်နေ့ ပြည်သူများ အဆင်ပြေစေရေး လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင် ကူညီမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စနစ်သစ်ဖြင့် ယာဉ်လိုင်းများစတင်ပြေးဆွဲမည့် ဇန်နဝါရီ ၁၆ ရက်တွင် ပြည်သူများ အခက်အခဲမဖြစ်ပေါ်စေရန် အကူ အညီပေးရေးအဖွဲ့များကို မြို့နယ်အလိုက်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများအခက်အခဲမဖြစ် စေရေး အကူအညီပေးရေးအဖွဲ့များကို မြို့နယ်အလိုက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဦး ဆောင်ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပြီး ဇန်နဝါရီ ၁ဝ ရက်က ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် Media Corner တွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ်များတွေ့ဆုံခဲ့ပြီး ယင်းသို့ဆောင်ရွက်ရန် ဆွေးနွေးခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။


''ဇန်နဝါရီ ၁၆ ရက်မှာ ခရီးသည်ယာဉ်လိုင်းတွေ စနစ်သစ်နဲ့ ပြေးဆွဲမှာဖြစ်တဲ့အတွက် အဲဒီနေ့မှာ ခရီးသွားပြည်သူတွေ အခက်အခဲမဖြစ်စေဖို့ မြို့နယ်အလိုက် လွှတ် တော်ကိုယ်စားလှယ်တွေကဦးဆောင်ပြီး အဖွဲ့တွေ ဖွဲ့ကူညီပေးဖို့ ဝန်ကြီးချုပ်က အကူအညီတောင်းပါတယ်။ ကိုယ်စားလှယ်တွေလည်း ကူညီကြမယ်ပေါ့။ မြို့နယ်အလိုက် မှတ်တိုင် တွေမှာ အဖွဲ့တွေနဲ့ပြည်သူတွေကို ကူညီမယ်။ လမ်းကြောင်းတွေရှင်းပြမယ်။ ခရီးစဉ် လမ်းကြောင်းပန်း ဖလက်တွေဝေမယ်။ စနစ်သစ်အပေါ် ပြည်သူတွေရဲ့ တုံ့ပြန်မှုကိုယူမယ်။ အဲဒီတုံ့ပြန်မှုကနေ ပြုပြင်ရမှာတွေကို ကိုယ်စားလှယ်တွေဘက်ကလည်း အစိုးရကို ပြန်တင် ပြမယ်ပေါ့။ ဒီလိုလုပ်ဖို့စီစဉ် ထားပါတယ်''ဟု ပန်းဘဲတန်းမဲဆန္ဒနယ် အမှတ်(၁) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဒီမိုကရေစီတူဒေးသို့ ပြောသည်။


စနစ်သစ်အောက်တွင် ပြေးဆွဲမည့်ယာဉ်လိုင်းများ၊ ခရီးစဉ်များဖော် ပြထားသည့် ပန်းဖလက်ပေါင်းတစ်သန်းကိုလည်း ပြည်သူများသိရှိရန် ဇန်နဝါရီ ၁၆ ရက်တွင် မှတ်တိုင်များ၌ဝေမည်ဖြစ်ကြောင်းလည်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံပွဲတွင် စနစ်သစ်အောက်တွင်ပြေးဆွဲမည့် ယာဉ်လိုင်းများတွင် ခရီးစဉ်အချို့မပါရှိတော့ခြင်းများကိုတင်ပြခြင်း၊ မော်တော်ယာဉ်လိုင်းများ စည်း ကမ်း လိုက်နာမှုအားကောင်းရေး ဖော်ဆောင်ပေးရန် အကြံပြု ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။


ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ''ဝန်ကြီးချုပ်က သူတို့အနေနဲ့ အရင်ဆုံးစနစ်ကိုပြောင်းတယ်။ နောက်တစ်ဆင့်ပြီးတစ်ဆင့် ပြောင်း သွားမယ်ပြောတယ်။ ကားမှတ်တိုင်တွေမှာလည်း နိုင်ငံတကာအတိုင်း လုပ်မယ်။ မှတ်တိုင်တွေမှာ ခရီးစဉ်လမ်းကြောင်းတွေဖော်ပြပေးတာ မျိုးတွေကိုလုပ်မယ်ပြောတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်တွေဘက်က လည်း ပြည်သူတွေကိုကူညီပေးဖို့ အစီအစဉ်တွေကို ဆောင်ရွက်သွားမှာပါ''ဟု ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့အုပ်ချုပ်မှုဖြင့် ရန်ကုန်မြို့တော်အတွင်း ယာဉ် လိုင်း လမ်းကြောင်း ၆ဝ ဖြင့် ဇန်နဝါရီ ၁၆ ရက်မှစတင်ပြေးဆွဲမည်ဖြစ်ပြီး ပြေးဆွဲမည့်အစီအစဉ်ဆောင်ရွက်ထားရှိမှုတို့ကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လွှတ်တော်ကိုယ်စားလှယ်များကို ရှင်းလင်းခဲ့ခြင်းဖြစ် သည်။                                              

YM

#democracytoday

 

 

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS