Main menu
HOT NEWS
adv
ရန်ကုန်မြို့တော် အတွင်း အမှန်တကယ် ရှိသင့်သော တက္ကစီ အရေအတွက်ကိုသာ ခွင့်ပြုသွားမည်

ရန်ကုန်မြို့တော် အတွင်း အမှန်တကယ် ရှိသင့်သော တက္ကစီ အရေအတွက်ကိုသာ ခွင့်ပြုသွားမည်

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ရန်ကုန်မြို့ တော်အတွင်း အမှန်တကယ်ရှိသင့် ရှိထိုက်သည့် တက္ကစီအရေအတွက်ကိုသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်တိုင်းအစိုးရအနေနှင့် ရန်ကုန်မြို့တော်အတွင်းရှိ တက္ကစီစာရင်းကို ကောက်ယူနေပြီ ဖြစ်ပြီး ရှိသင့် သည့် လိုအပ်ချက်ထက် ကျော်လွန်နေပါက အချို့သောတက္ကစီနံပါတ်အနီများအား အိမ်စီးနံပါတ်အနက်အဖြစ် ပြန်လည်ပြောင်းလဲမည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇန်နဝါရီ ၁၄ ရက် တိုင်းအစိုးရအဖွဲ့ရုံးတွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။


''တက္ကစီတွေ တအားများနေတယ်ဆိုရင် တရားဝင်တက္ကစီဖြစ်သင့်သော ကားများကတော့ ကက၊ ခခ လိုကားတွေပဲဖြစ်ပါတယ်။ အခြားကားတွေကတော့ အိမ်စီးကားတွေကို တက္ကစီနံပါတ်တပ်ထားတာဖြစ်လို့။ ရန်ကုန်မြို့ရဲ့လိုအပ်ချက်အခြေ အနေတွေပေါ်မူတည်ပြီးတော့ ထိန်းညှိဆောင်ရွက်မယ်။ မလို အပ်ရင် အချို့တက္ကစီအနီတွေကို အိမ်စီးပြန် ပြောင်းလဲမယ်။ စီးသူနဲ့ တက္ကစီဆွဲသူ အချိုးညီမျှတမှုရှိဖို့ တော့လိုတယ်။ နည်းသွားရင်လည်း ဈေးကြီးသွားနိုင်သလို များနေတဲ့အခါကျတော့ လူရဖို့ပတ်မောင်းနေရတဲ့ အခြေအနေမျိုးက ယာဉ်ကြောကျပ်တည်းမှုပြ ဿနာကိုဖြစ်ပေါ်စေတယ်''ဟု ၎င်းက ပြော သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းနယ်များမှ ဝင်ရောက်ပြေးဆွဲနေသည့် တက္ကစီများရှိသကဲ့သို့ တရားမဝင်(Without) လိုင်စင်မဲ့တက္ကစီများလည်း ရှိနေခြင်းကြောင့် စနစ်တကျစိစစ်အ ရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။  တက္ကစီစာရင်းကို စနစ်တကျ ကောက်ယူပြီးပါက တက္ကစီစီးနင်းသူများ ကို ဝန်ဆောင်မှုပေးမည့် Call Center တစ်ခုထားရှိခြင်းနှင့် အွန်လိုင်းမှတစ်ဆင့် တက္ကစီငှားရမ်းစီးသည့် စနစ်သို့ပြောင်းလဲသွားမည်ဖြစ်ပြီး ယင်းစနစ်ကိုအကောင်အထည် ဖော်ဆောင်ရန် အရှေ့တောင်အာရှရှိ ကုမ္ပဏီတစ်ခုနှင့် ဆွေးနွေးထား ပြီးဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက''အပြောင်းအလဲတွေကို တစ်ပြိုင်နက်တည်း အကုန် ဘာကြောင့် မလုပ်တာလဲဆိုရင် အားလုံးကို စည်းစနစ်ကိုတဖြည်းဖြည်း ပြောင်းသင့်တယ်။ မဟုတ်ရင် အားလုံးတစ်ပြိုင်နက်တည်း လိုက်နာဆောင်ရွက်ရမယ့်ဘောင်တွေ ကြီးသွားနိုင်ပါတယ်။ ခု ဘာကြောင့် မဆောင်ရွက်လဲဆိုရင် အခြေခံအဆောက်အအုံတွေ အဆင်သင့်မရှိသေးဘူး။ လမ်းဘေးမှာ ကားတွေရပ်နေတဲ့ အခြေအနေတွေကိုလည်း အခြေခံအဆောက် အအုံတွေဖြစ်တဲ့ ကားပါကင်တွေ၊ ကားတွေကို စနစ်တကျထားပေးနိုင်တဲ့နေရာတွေ တည်ဆောက်ရင်းဖြင့် တစ်ဖက်ကနေဆောင် ရွက်သွားဖို့ကြိုးစား နေတယ်။ လမ်းမပေါ်ကကားတွေကို ရွှေ့ဖို့ဆိုရင် သူ့ကိုထွက်ပေါက်တစ်ခုပေးရမယ်''ဟုပြောသည်။ ရန်ကုန်တိုင်းအတွင်းသို့ နယ်ဒေသအသီးသီးမှ နယ်လိုင်စင်ဖြင့် ဝင်ရောက်လာမည့်ကားများသည် မြို့အဝင်ကားပါကင်များတွင် ကားများထားရှိကာ ရန်ကုန်မြို့တွင်းသို့ လိုင်းကားစီး ဝင်ရောက်မည့်စနစ်ကို ဆောင်ရွက်နိုင်ရန် မြို့အဝင်ဂိတ်များ အနီး၌ ကားပါကင်များတည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရန်ကုန်တိုင်းအတွင်းရှိ ကားလမ်းမကြီးများပေါ်တွင် ရပ်နားထားသည့် ကားများအတွက် ကားပါကင်များ တည်ဆောက်ပေးရန်အတွက် ရန်ကုန်မြို့တွင်းရှိ ဈေး ၁ဝ ဈေးကို အသစ်တည်ဆောက်မည်ဖြစ်ကာ ယင်းဈေးများတွင် ကားပါကင်များ ထည့်သွင်းတည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေး ၁၇၆ ဈေးကို ပြုပြင်ပြောင်းလဲရန်လျာထားပြီး ပထမဆင့်အနေဖြင့် စည်ပင်နယ်နိမိတ်အတွင်းရှိ ဈေး ၁ဝ ဈေးအား တည်ဆောက်မည်ဖြစ်ကာ အိမ်ရာစီမံကိန်းအသစ်များတွင်လည်း ကားပါကင်များထည့် သွင်းရန်လျာ ထား ကြောင်း သိရသည်။   

TTMT

#democracytoday

Rate this item
(26 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191