Main menu
HOT NEWS
adv
ဖျာပုံမြို့  ဆိပ်ကမ်းသာဈေး မြစ်ကမ်းပါး အကြိမ်ကြိမ် ပြိုကျနေ၍ ဈေးဆိုင်များ ဖျက်သိမ်းခဲ့ရပြီး အန္တရာယ်ရှိ နေရာအဖြစ် သတ်မှတ်ထားရ ဟုဆို

ဖျာပုံမြို့ ဆိပ်ကမ်းသာဈေး မြစ်ကမ်းပါး အကြိမ်ကြိမ် ပြိုကျနေ၍ ဈေးဆိုင်များ ဖျက်သိမ်းခဲ့ရပြီး အန္တရာယ်ရှိ နေရာအဖြစ် သတ်မှတ်ထားရ ဟုဆို

ဖျာပုံ၊ ဇန်နဝါရီ ၁၆

ဧရာဝတီ တိုင်းဒေသကြီး ဖျာပုံမြို့ ဆိပ်ကမ်းသာဈေး၏ မြစ်ကမ်းပါးမြေထိန်းနံရံ အကြိမ်ကြိမ် ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး ယခုအခါ ထပ်မံပြိုကျခဲ့မှုကြောင့် အန္တရာယ်ရှိနေရာအဖြစ် သတ်မှတ်ထားရပြီး သက်ဆိုင်ရာမှ အမြန်ဆုံးပြန်လည် ပြုပြင်ပေးရန် ဒေသခံများကလိုလား နေကြကြောင်း သိရသည်။


ဖျာပုံမြို့ ဧရာဝတီသင်္ဘောဆိပ်မှ ဂွကြီး၊ ဘုန်းတော်ကြီးကျောင်းအထိ မြစ်ကမ်းပါး ထိန်းသိမ်းခြင်းလုပ်ငန်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဘိုးပိုင်ရိုက်၍ ကွန်ကရစ်ကြမ်းခင်း တည်ဆောက်ထိန်းသိမ်းရေးပြုလုပ်ခဲ့ပြီး ၂ဝ၁၆ ခုနှစ် နှစ်ဦးပိုင်းကာလက တစ်ကြိမ် ထပ်မံပြိုကျသဖြင့် တာဝန်ရှိသူများက မြို့ မိ မြို့ဖများနှင့် ပူးပေါင်း၍ ပြန်လည်ပြုပြင်ခဲ့သော်လည်း ဇန်နဝါရီ ၁၂ ရက် ည ၁၁ နာရီခန့်မှ စတင်အက်ကွဲမှုများဖြစ်ပေါ်ကာ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲပိုင်းတွင် မြေထိန်းနံရံနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် A ရုံမှ ဈေးဆိုင်ခန်းကျောကပ် ၂၄ ခန်းပါပြိုကျနေသဖြင့် အမြန် ဆုံးဖျက်ဆီး သိမ်း ဆည်း ခဲ့သည်။


''လက်ရှိ အနေအထားအရ ဒီနေရာကိုဈေးရောင်းချခြင်းမပြုဖို့၊  သင်္ဘောဆိုက်ကပ်ခြင်းမပြုဖို့၊ ကုန်ပစ္စည်း မပုံထားဖို့၊ လူဖြတ်သန်းသွားလာခွင့် မရှိဖို့ တားမြစ်တယ်။ ပြန်လည် ပြုပြင်မယ့်ကိစ္စကို သက်ဆိုင်ရာဒေသအဖွဲ့အစည်း၊ မြို့မိမြို့ဖ၊ စည်ပင်အဖွဲ့တွေနဲ့ တိုင်ပင်ပြီးမှ ဆက်လုပ်သွားပါမယ်'' ဟု ဈေး တာဝန်ခံက ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားသည်။ မြစ်ကမ်းပါးပြိုကျမှုတွင် ဧရာဝတီသင်္ဘောဆိပ်မှ တောင်ဘက် (၁၂)ရပ်ကွက် ရေခဲဒိုင်ဆိပ်ကမ်းအထိ ပြိုကျမှုများကို နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုနှင့်ပြည်သူများ၏ ပူးပေါင်းပါဝင်မှုများဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများက အ ကြိမ်ကြိမ် ကြိုးစားပြုပြင်တည်ဆောက် ခဲ့သော်လည်း တည်ဆောက်ရေးအပိုင်း၌ အားနည်းခဲ့မှုများနှင့်ပြည်သူများဘက်မှ စည်းကမ်းလိုက်နာမှု အားနည်းမှုများကြောင့်လည်း ယခုကဲ့သို့ ပြိုကျရမှုများဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။    


PSCT

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191