Main menu
HOT NEWS
adv

ကျောက်မီးသွေးသုံး ဓာတ်အားပေး စက်ရုံကို ဒေသခံ ၂၀၀၀ ကျော် ကန့်ကွက် ဆန္ဒထုတ်ဖော်

မော်လမြိုင်၊ ဇွန် ၂၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံအား ဆန့်ကျင်ကန့်ကွက်သည့်အ နေဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံ(၂၀၀၀)ကျော်သည် ဇွန် ၂၁ ရက်တွင် မော်လမြိုင်မြို့၌ ဆန္ဒထုတ်ဖော်ခဲ့ကြ ကြောင်းသိရှိရသည်။ ကျိုက်မရောမြို့နယ်၌ MCL ဘိလပ်မြေစက်ရုံသည် ကျောက်မီးသွေးသုံး၍ လည်ပတ်နေခြင်း၊ မွန်နှင့် ကရင်ပြည် နယ်များတွင် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံများ တည်ဆောက်မည့် အလားအလာရှိနေခြင်းနှင့် ဒေသခံ ပြည်သူများ ဆန့်ကျင်ကန့်ကွက်နေမှုအား အစိုးရအနေဖြင့် ပြည်သူ့သဘောထားကို လျစ်လှူရှုထားသည်ဟုဆိုကာ ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်သည်။

Read more...

တိုင်းဧရာ မြို့နယ် (၃)မြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှု ဒေသခံ ၁၀၀၀ ကျော် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံနေရ

ပုသိမ်၊ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး မြို့နယ်(၃)မြို့နယ်တွင် မြစ်ရေမြင့်တက်မှု ရေလျှံမှုများကြောင့် ဒေသခံ(၁၀၀၀)ကျော် နေအိမ်များကို စွန့်ခွာ၍ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေရကြောင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရှိရသည်။ မြစ်ရေသည် ဇူလိုင်လလယ်မှ စတင်ဝင်ရောက်မှုကြောင့် မြန်အောင်၊ အင်္ဂပူနှင့် ဓနုဖြူမြို့နယ်တို့ရှိ ရေဘေး ဒဏ်ခံနေရသည့် ပြည်သူများအတွက် ကယ်ဆယ်ရေးစခန်း(၄)ခု ဖွင့်လှစ်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ညွန်ကြားရေးမှူး ဦးသန်းစိုးက ပြောသည်။

Read more...

ကျောက်တံခါးတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ကျောက်တံခါး

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ပွတ်ခရီးကျေးရွာတွင် ဇူလိုင်လ ၂၁ ရက်(ယနေ့) နံနက် ၉ နာရီခန့်က အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

Read more...

သာစည်မြို့နယ်တွင် ဖမ်းဆီးရမိသော သေနတ်များသည် တတိယအကြိမ်မြောက် တင်သွင်းလာခြင်းဖြစ်

သာစည်

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် တောင်ကြီး-မီထ္ထီလာ ကားလမ်းမ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် ဇူလိုင်လ ၁၉ ရက်နေ့ည ၁၀ နာရီက ဖမ်းဆီးရမိသော သေနတ်များသည် တတိယအကြိမ်မြောက် တင်သွင်းလာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

Read more...

မန္တလေးမြို့တွင် ပြုလုပ်နေသည့် တောင်သူများ၏ ထိုင်သပိတ် ရက်တိုး ခွင့်ပြုချက်တင်ရာ အကြောင်း မပြန်သေး

မန္တလေး၊ ဇူလိုင်လ ၁၉

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် (၂၅)နှင့် (၂၄)လမ်းကြား (၆၂) လမ်းမကြီးပေါ်တွင် ထိုင်သပိတ်ပြုလုပ်နေသည့် တောင်သူ(၂၀၀)ခန့်က ထိုင်သပိတ်ဆက်လက်ပြုလုပ်ရန် ခွင့်ပြုချက်ထပ်တင်ရာသက်ဆိုင်ရာရဲစခန်းမှ အကြောင်းမပြန်သေးကြောင်းယင်းတောင်သူများထံမှ သိရှိရသည်။ အဆိုပါ ထိုင်သပိတ်ပြုလုပ်ရန် ဇူလိုင်လ(၆) ရက်မှ ဇူလိုင်လ (၂၀)ရက် ည(၁၂)နာရီထိခွင့်ပြုချက်ရရှိထားသော်လည်းဇူလိုင်(၁၈)ရက်ကရက်တိုးခွင့်ပြုချက်တောင်းခံထားကြောင်းသိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191