Main menu
HOT NEWS
adv

မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် 'နိုင်ငံတကာ ဆံပင်ပြိုင်ပွဲ' တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင် မည်

ရန်ကုန်

မလေးရှားနိုင်ငံ တွင်ကျင်းပပြုလုပ်မည့် 'နိုင်ငံတကာဆံပင်ပြိုင်ပွဲ'တွင် မြန်မာနိုင်ငံမှ ပထမဦးဆုံးအကြိမ်အဖြစ် ယခုနှစ်တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတကာ ဆံပင်ပြိုင်ပွဲကြီးတွင် ပါဝင် ယှဉ်ပြိုင်ရန်အတွက် ပြည်တွင်းမှ ဆံပင်ပညာရှင်များထွက်ပေါ်လာစေရန် "Agnes Lim Kyin Po" Hair & Make Up Championship 2016 ပြိုင်ပွဲ ကြီးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more...

လိုင်စင်မဲ့ ယာဉ်များကို တရားဝင်လိုင်စင် ရရှိစေရန် ဆောင်ရွက်ပေးမည် မဟုတ်

နေပြည်တော်

ပြည်သူအများလက်ဝယ် ဝယ်ယူပိုင်ဆိုင်အသုံး ပြုနေသည့် တရားမဝင်မော်တော်ယာဉ်များကို တရားဝင်လိုင်စင်ရရှိ စေရန် ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန် ကြီး ဦးသန့်စင်မောင်က ပြောသည်။  လိုင်စင်မဲ့ယာဉ်များ လိုင်စင်ရ ရှိစေရန်ဆောင်ရွက်ပါက တရားဝင် တင်သွင်းလာသည့် ယာဉ်ပိုင်ရှင်များ နစ်နာမှုရှိသဖြင့် မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်လာနိုင်ခြင်း၊ ခွင့် ပြုချက်ဖြင့်ဖွင့်လှစ်ရောင်းချလျက်ရှိ သော Sale Centre များ၊ Showroom များ ထိခိုက်လာနိုင်သဖြင့် တရားဝင်လိုင်စင်ရရှိရေး ဆောင်ရွက် ပေးမည်မဟုတ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်ကပြော သည်။

Read more...

ကွမ်းစားခြင်းနှင့် စည်းကမ်းမဲ့ ကွမ်းတံတွေး ထွေးခြင်းကို ထိရောက်စွာ အရေးယူရန် ပြည်ထောင်စု အစိုးရအဖွဲ့ညွှန်ကြား

ရန်ကုန်

ကွမ်းစားသုံးခြင်း နှင့် စည်းကမ်းမဲ့ကွမ်းတံတွေးထွေး ခြင်းတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့တို့၏အကူ အညီရယူ၍ ထိရောက်စွာပြစ်ဒဏ်ပေး အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန များနှင့် ပြည်နယ်/တိုင်း အစိုးရအဖွဲ့များကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ ညွှန်ကြားလိုက်ကြောင်း သိရသည်။ ယင်းအပြင် စံနမူနာအဖြစ် ကွမ်းအရောင်းဆိုင်များမရှိစေရေးနှင့် ကွမ်း ရောင်းသူများအတွက် အစားထိုး အသက်မွေးဝမ်းကျောင်းဖန်တီးပေးမည့်အစီအမံအပါအဝင် စည်းကမ်းသတ်မှတ်၍ ထိရောက်သည့်အပြစ်ပေး အရေးယူခြင်းများကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် အမြန်ဆုံးအကောင် အထည်ဖော်ဆောင်ရွက်ရန်အကြောင်း ကြားထားကြောင်း သိရသည်။

Read more...

လျှပ်စစ်ကြောင့် ပြည်သူများ အသက်အန္တရာယ် ကင်းရှင်းရေး ရန်ကုန်တိုင်း လွှတ်တော်တွင် မေး

ရန်ကုန်၊ မေ ၂၇

လျှပ်စစ်ကြောင့် ပြည်သူများ အသက်အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်တားပါဝင်သောဗို့အားမြင့်မီးကြိုးများ လဲလှယ်တပ်ဆင်ရန် ရှိ၊ မရှိ လွှတ် တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက ရန်ကုန်တိုင်းလွှတ်တော် တွင် မေးမြန်းလိုက်သည်။ မေ ၂၆ ရက်တွင်ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ကျောက်တံတားမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ် တော်ကိုယ်စားလှယ်ဒေါ်ကြည်ပြာက မေးမြန်း ခဲ့ခြင်းဖြစ်သည်။

Read more...

ယခု ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းများကို ထောက်ပံ့ကြေးငွေ ကျပ်လေးသိန်းမှ ၃၈ သိန်းအထိ ချထားပေးမည်

ရန်ကုန်၊ မေ ၂၇

ယခုပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများကို ထောက်ပံ့ကြေးငွေကျပ်လေးသိန်းမှ ၃၈ သိန်းအထိ ချထားပေးမည်ဖြစ် ကြောင်းသိရသည်။ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံ ပညာကျောင်းများအတွက် ကျောင်း ထောက်ပံ့ကြေးငွေများကို နှစ်ရစ်ခွဲ ပြီး ထောက်ပံ့ပေးအပ်သွားမည်ဖြစ် ကြောင်း၊ ချထားပေးမည့်ကျောင်းများ မှာ ပညာရေးဝန်ကြီးဌာနလက် အောက်ရှိ ကျောင်းများ၊ ဆရာအတတ် ပညာနှင့် လေ့ကျင့်ရေးကျောင်းများ၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေး ကျောင်းများ၊ စစ်ကိုင်းဖွံ့ဖြိုးရေး တက္ကသိုလ်လေ့ကျင့်ရေးကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ အားလုံးကို ထောက်ပံ့ ပေးအပ် သွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616