HOT NEWS
Main menu
Others

Others (850)

ပညာရေး ဝန်ကြီးဌာနက တင်ပြသည့် ဘတ်ဂျက်ကို ကျပ်သန်း ၂ဝဝ လျှော့၍ ပြည်ထောင်စု လွှတ်တော် ခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ ၁၄

ပညာ ရေးဝန်ကြီးဌာနမှတင်ပြထားသော ဘတ်ဂျက်ကျပ်သန်းငါးသောင်းကျော်မှ ကျပ်သန်း ၂ဝဝ ကျော်လျှော့၍ ပြည်ထောင်စုလွှတ်တော်မှခွင့်ပြုခဲ့ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနမှ ၂ဝ၁၆ -၂ဝ၁၇ဘဏ္ဍာနှစ် အတွက် ငွေလုံး ငွေရင်းသုံးငွေကျပ်သန်း ၅ဝ၉၄၆  ဒသမ ၁၄၄ အနက်မှကျပ်သန်း ၂၄၆ ဒသမ ၉၅၄ ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏သဘောထား မှတ်ချက်နှင့်အညီလျှော့၍ခွင့်ပြုရန် တင်ပြထား ရာ ပြည်ထောင်စုလွှတ် တော်၏ သဘောထားဖြင့် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၈၉ ဦးအနက် ထောက်ခံမဲ ၅၄၁ မဲ၊ ကန့်ကွက်မဲ ၁၁ မဲ၊ ကြားနေမဲငါးမဲရရှိခဲ့သည့်အတွက် ပညာရေးဝန်ကြီးဌာန မှတင်ပြ ထားသောငွေကိုလျှော့၍ ခွင့် ပြုကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။

Read more...

မြဝတီ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ အမျိုးသားအများစု သွားရောက် အလုပ်လုပ်ကိုင်ကြသော်လည်း ယခုနှစ်တွင် အမျိုးသမီးများပါ သွားရောက် လုပ်ကိုင်မှု များပြားလာ

မြဝတီ၊ ဒီဇင်ဘာ ၁၄


မြန်မာ- ထိုင်းနယ်စပ် မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်သူများတွင်  ယခင်က အမျိုးသားများသာ သွားရောက်မှုများပြားခဲ့သော်လည်း   ၂ဝ၁၆ ခုနှစ်တွင် အမျိုးသမီးများပါ သွားရောက်မှု များပြား လာကြောင်း  သိရသည်။ ပြည်ပအလုပ်အကိုင်ရှာဖွေ ရေးအေဂျင်စီများ၏ပို့ဆောင်ပေးမှု ကြောင့် မြန်မာ-ထိုင်းနယ်စပ်မြဝတီ မြို့မှတစ်ဆင့် MoU  ဖြင့် သွား ရောက်ကြသည့်မြန်မာ့ရွှေ့ပြောင်း လုပ်သားများမှာ ၂ဝ၁၆ ခုနှစ်၊ နို ဝင် ဘာလကုန်အထိ (၉၃၆၄၅)ဦး  သွားရောက်ခဲ့ပြီးဖြစ်သည်။

Read more...

မြူနှင်းများ ထူထပ်မှုကြောင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ် ဆင်းသက်မှုကို လေးနာရီခန့် ပိတ်ထားခဲ့ရ

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းက မြူနှင်းများ ထူထပ်ကာ နှင်းပိတ်မှုများကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဆင်းကို လေးနာရီခန့်ကြာ ခေတ္တပိတ်ထားခဲ့ရကြောင်း Yangon Air Traffic Control Tower  မှ သိရသည်။ ဒီဇင်ဘာ ၁၂ ရက် နံနက် ၅ နာရီ မိနစ် ၂ဝ အချိန်တွင် နှင်းကျများလာခြင်းကြောင့် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်အဆင်းကို ပိတ်ထားခဲ့ပြီး နံနက် ၉ နာရီ ၁၇ မိနစ်အချိန်တွင် ရာသီ ဥတုပြန်လည် ကောင်းမွန်လာခြင်းကြောင့် ပြန်လည် ဖွင့်ပေးခဲ့ကြောင်း Yangon Air Traffic Control Tower မှ သိရသည်။

Read more...

အာဇာနည် ဗိမာန်ကို လိုအပ်ပါက မိုးလုံလေလုံ အဖြစ် ဆောင်ရွက်သွားမည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

အာဇာနည်ဗိမာန်ကို လိုအပ်ပါက မိုးလုံလေလုံဗိမာန်အဖြစ် ဆောင်ရွက်သွားမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကပြောသည်။ ဒီဇင်ဘာ ၁၂ ရက် ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်အောင်ဝင်းက အာဇာနည်ကုန်းမြေနေရာတွင် ခံ့ညားထည်ဝါသော အာဇာနည်ဗိမာန်ကြီးတစ်ခုကို ၂ဝ၁၇ ခုနှစ် အာဇာနည်နေ့အမီ ဆောက် လုပ်ပေးရန် အစီအစဉ်ရှိမရှိမေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

Read more...

ဘက်ဟိုးများ အပါအ၀င် ကားအစီးရေ ၂၀ ခန့်နှင့် ဆက်စပ် ပစ္စည်းများ တွေ့ရှိသည့် နေအိမ်ကို ချိပ်ပိတ်ထား၊ စုံစမ်းစစ်ဆေးဖော်ထုတ်မည် ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် ဘက်ဟိုးကားများ အပါအ၀င် ကားအစီး ရေ ၂၀ ခန့်နှင့် ဆက်စပ်ပစ္စည်းများကို စစ်ဆေးတွေ့ရှိထားသည့် အိမ်နှင့်ပတ်သက်ပြီး ပိုင်ရှင်ကိုဆက်သွယ် မရသေးသည့်အတွက် အဆိုပါ နေအိမ်ခြံဝင်းကို ချိပ်ပိတ်ထားပြီး ယင်းကိစ္စအား စုံစမ်းစစ်ဆေးဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

သုံးပေရှည် ငါးပေါင်ကျော် လေးတဲ့ မုန့်ကို ၁၃ မိနစ်နဲ့ ကုန်အောင် စားပြသူ

ကယ်လီဖိုးနီးယား

ကယ်လီဖိုးနီးယားပြည်နယ်က အစားပြိုင်ပွဲဝင် တစ်ဦးဟာ အန်နာကွန်နာဘာရီတိုလို့ခေါ်တဲ့ အလွန်ကြီးမားတဲ့ မက္ကဆီကိုရိုးရာ မုန့်တစ်ခုကို ၁၃ မိနစ်နဲ့ ရှစ်စက္ကန့်အတွင်း ကုန်အောင်စားပြီး ဒီလိုမုန့်မျိုးကို အချိန်တို အတွင်း ကုန်အောင်စားနိုင်တဲ့ ပထမဆုံး သောပြိုင်ပွဲဝင်ဆိုတဲ့ မှတ်တမ်းကို ရယူသွားခဲ့ပါတယ်။

Read more...

ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေလို ခံစားမှုမျိုး ရရှိစေမယ့် ကြယ်ငါးပွင့် အများသုံး သန့်စင်ခန်း

ချုံကွင်း

အများသုံးသန့်စင်ခန်း တွေဆိုရင် ညစ်တီးညစ်ပတ်လို့နှာ ခေါင်းရှုံ့ချင်ကြတဲ့ လူတွေရဲ့ သဘောထားကို ပြောင်းလဲပေးမည့် ကြယ်ငါးပွင့် သန့်စင်ခန်းတစ်ခုကို တရုတ်နိုင်ငံမှာ ဖွင့်လှစ်လိုက်ပါပြီ။ ချုံကွင်းမြို့ရဲ့ ဘီယွမ် ခရိုင် မှာရှိတဲ့ ဒီသန့်စင်ခန်းမှာ အကောင်းတကာ့ အကောင်းဆုံးပစ္စည်းတွေကို တပ်ဆင်ကာ တည်ဆောက်ထားပြီးတော့ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တွေနဲ့ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ စားသောက်ဆိုင်တွေကို ရောက်ရှိသလို ခံစားချက်မျိုး ဖြစ်လာဖို့ ဖန်တီးထားပါတယ်။

Read more...

စူပါဗီလိန် Red Skull နဲ့ တူဖို့ အစွမ်းကုန် ကြိုးစားနေတဲ့ ဗင်နီဇွဲလား သား

ကာရာကတ်စ်

Captain America ဇာတ်လမ်းတွဲတွေထဲက စူပါဗီလိန် Red Skull ကိုအားကျလွန်းတဲ့ ဗင်နီဇွဲလား နိုင်ငံသား တစ်ယောက်ဟာ Red Skull နဲ့တူဖို့ စတာလင်ပေါင် ၃ဝဝဝဝ ကျော်အသုံးပြုပြီး ခန္ဓာကိုယ်ပြုပြင် မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Read more...

ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အကြမ်းဖက်မှုကို အကြံပြု တင်ပြနိုင်ရန် ပဋိပက္ခ ဖြစ်စဉ် ၂ဝ ကို စုံစမ်းစစ်ဆေးရေး ကော်မရှင် လေ့လာမည်

ရန်ကုန်

ဒုတိယသမ္မတ ဦးမြင့် ဆွေ ဦးဆောင်သော ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အကြမ်းဖက် ဖြစ်ပွားမှုများကို နိုင်ငံ တော်သမ္မတထံသို့ အကြံပြုအစီရင်ခံစာ တင်ပြနိုင်ရန် အတွက် ပဋိပက္ခဖြစ်စဉ် ၂ဝ ကို အသေးစိတ်စုံ စမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ ပထမဆုံးအကြိမ်အ ဖြစ် ဒီဇင်ဘာ ၈ ရက်က ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်  အစည်းအဝေးကျင်းပခဲ့စဉ် ဘူးသီး တောင်၊ မောင်တောဒေသရှိ ပဋိပက္ခ ဖြစ်ပွားရာနေရာများသို့ အ မြန်ဆုံးသွားရောက်ကာ စစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ၎င်း ကော်မရှင်ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောသည်။

Read more...

အလုပ်အကိုင်ကို အာမခံထားသည့် စနစ်ဖြင့် အလုပ်သမားများ အတွက် ပြည်သူ့အိမ်ရာ စီမံကိန်းများ ဖော်ဆောင်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ပြည်သူ့အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရာတွင် အလုပ်အကိုင်ကို အာမခံအဖြစ်ထားကာ အိမ်ရာ နေထိုင်ခွင့်ပြုမည့်စနစ်အား ကျင့်သုံးရန်အတွက် စီစဉ်လျက်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ပြောကြားချက်အရ သိရသည်။  ဒီဇင်ဘာ ၁ဝ ရက်က ကုန်သည်/စက်မှုအသင်းချုပ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံအထည်ချုပ်လုပ် ငန်းရှင်များအသင်း၏ တတိယအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီ အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS