HOT NEWS
Main menu
adv
Others

Others (974)

မန်စီမြို့နယ် အတွင်း တိုက်ပွဲများကြောင့် မိုင်းခေါင် တိမ်းရှောင်စခန်း နှစ်ခုသို့ ခိုလှုံသူ ၁ဝဝ ကျော် ထပ်မံ ရောက်ရှိ

ကချင်၊ ဇန်နဝါရီ ၂၀

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်နေသောကြောင့် မန်စီမြို့နယ်၊ မိုင်းခေါင်ကျေးရွာရှိ တိမ်းရှောင်စခန်းနှစ်ခုသို့ စစ်ဘေးရှောင်ပြည်သူ ၁ဝဝ ကျော် ဇန်နဝါရီ၁၇ရက်မှ ၁၉ ရက်အထိရောက်ရှိလာနေကြကြောင်း သိရသည်။ ''ကျွန်တော်တို့ဆီမှာ အယောက်သုံးဆယ်ကျော် ထပ်တိုးလာ တယ်၊ (RC Camp) မှာက (၇၅) ယောက်ကျော် နောက်ထပ် ထပ်တိုးလာတယ်၊ ခုဒီမှာ ထပ်သွားပြန်ကြိုရမလိုလို ဖြစ်နေရတယ်၊ ခုရောက်ရှိနေတဲ့သူတွေကိုလည်း တောလမ်းကနေသွားကြို ပေးရတယ်၊ ကောင်ဂျာကျေးရွာအထိ သွားကြိုပေးရတယ်၊ ဇန်နဝါရီ ၁၉ ရက်မှာ ထပ်ရောက်လာဦးမယ်လို့ ကြားရပါတယ်''ဟု မိုင်းခေါင် နှစ်ခြင်းတိမ်းရှောင်စခန်းတာဝန်ခံ ဦးနော်မိုင်က ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားသည်။

Read more...

အင်းတော် နတ်ပေါက် ဆင်စခန်းသို့ ဒေသတွင်း နေထိုင်သူများ လာရောက်သဖြင့် ရုံးပိတ်ရက်များတွင် သိသိသာသာ စည်ကားနေ

အင်းတော်

ကသာခရိုင် အင်းတော်မြို့နယ် နတ်ပေါက်ဆင်စခန်းသို့ ဇန်နဝါရီလဆန်းမှ စတင်၍ ဒေသတွင်းနေထိုင်သူများ ရုံးပိတ်ရက်များတွင် အုပ်စုလိုက် လာရောက်သူများရှိသဖြင့် ပိုမိုစည်ကားလာကြောင်း သိရသည်။ နတ်ပေါက်ဆင်စခန်းမှာ ကသာ(အaနာက်)သစ်ထုတ်လုပ်ရေးဒေသ၊ အင်းတော်မြို့နယ် နမ့် မကျိုင်းသစ်တောကြိုးဝိုင်းအတွင်း တည်ရှိပြီး အင်းတော်မြို့နှင့် ခုနစ်မိုင်၊ ကသာမြို့နှင့် ၁၁ မိုင်အကွာရှိ နိုင်ငံတော်ပိုင်ဆင် စခန်းတစ်ခုဖြစ်သည်။ ကသာ(အနောက်)သစ်ထုတ်ရေးဒေသ၊ အင်းတော်မြို့နယ်မှ ခရီးသည်များ လာရောက်လေ့လာနိုင်မည့် ခရီးသွားဆင်စခန်းတစ်ခုအဖြစ် ၂ဝဝ၉ ခုနှစ်မှ စတင် ဆောင်ရွက်ခဲ့ရာ နိုင်ငံခြားသားများအား အခaကြးငွေဖြင့် စတင်ဖွင့်လှစ်ပြသနိုင်ခဲ့သည်။

Read more...

ညောင်လေးပင်မြို့ သီတဂူ စက္ခုဒါနဆေးရုံ တည်ဆောက်ပြီးစီးပြီ ဖြစ်သောကြောင့် မျက်စိဝေဒနာရှင်များ စာရင်းပေးသွင်းနိုင်

ပြွန်တန်ဆာ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ြ>ွပန်တန်ဆာမြို့တွင် သီတဂူ ကမ္ဘာ့တက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဥာဏိဿရ တည်ဆောက်တော်မူသော သီတဂူစက္ခုဒါနဆေးရုံတော်ကြီးကို ၂ဝ၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါ၍ ၂ဝ၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက် တွင် ဆေးရုံတော်သစ်ကြီးအား ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။

Read more...

မန္တလေးမြို့တော် စည်ပင်ကော်မတီဝင် ၁၁ ဦးတို့အား ဌာနအလိုက် ကြီးကြပ် ကွပ်ကဲ တာဝန်ခွဲဝေ

မန္တလေး

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ၁၁ ဦးတို့အား ဇန်နဝါရီ ၆ ရက် က အတည်ပြုခန့်ထားပြီးဖြစ်ရာ ဌာနအလိုက် ကြီးကြပ်ကွပ်ကဲနိုင်ရန် ဇန်နဝါရီ ၁၃ ရက်တွင် တာဝန်ခွဲဝေလိုက်ပြီဖြစ်ကြောင်း သိရသည်။

Read more...

မြင်းခြံမြို့၌ လူ ၂ဝ ခန့် ခွေးကိုက်ခံရ၍ မြင်းခြံ ပြည်သူ့ဆေးရုံ၌ ဆေးကုသပေးခဲ့ရ

မြင်းခြံ၊ ဇန်နဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် ရပ်ကွက်အချို့ တွင် ခွေးရူးဟုယူဆရသော ခွေးတစ်ကောင်က ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းတွင် လူများကိုလိုက်ကိုက်ခဲ့သောကြောင့် ခွေးကိုက်ခံရသူလူနာများအား မြင်းခြံပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှ ဆေးကုပေးခဲ့ရကြောင်း သိရ သည်။

Read more...

YBS ခရီးသည်တင် ယာဉ်တစ်စီး ဘုရင့်နောင် လမ်းမပေါ် မတော်တဆမှု ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

YBS ယာဉ်လိုင်းအမှတ်(၄ဝ)မှ ဟွန်ဒိုင်းအမျိုးအစား ခရီးသည်တင်ယာဉ်တစ်စီးသည် ဘုရင့်နောင်လမ်းမကြီးပေါ်တွင် မတော်တဆမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ လှော်ကားမှ သခင်မြပန်းခြံဘက်သို့ ဘုရင့်နောင်လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် အဆိုပါခရီးသည်တင်ယာဉ်သည် ဇန်နဝါရီ ၁၇ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂ဝ အချိန်ခန့်က ကြို့ကုန်းမှတ်တိုင်အနီးအရောက်တွင် လမ်းလယ်ကွန်ကရစ်တုံးများအား ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း အမှတ်(၉)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ကျော်မိုးက ဒီမိုကရေစီတူဒေးသို့ပြောသည်။

Read more...

ဂျပန်တွင် အာရှ ကော်စမို ပိုလစ်တန် ဆု ရယူခဲ့သော သမ္မတဟောင်း ဦးသိန်းစိန်ကို ရန်ကုန်လေဆိပ်တွင် ပါတီဝင်နှင့် ပြည်သူ ၅ဝဝဝ ကျော် ကြိုဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၈

နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်သည် အာဆီယံနှင့် အာရှရေးရာစီးပွားရေး သုတေသနအင်စတီကျု(ERIA) ကပေးအပ်သည့် အာရှကော်စမိုပိုလစ် တန်ဆုကိုလက်ခံယူပြီး ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာရာ လူဦးရေ ၅ဝဝဝ ကျော်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြောင်း သိရသည်။

Read more...

YBS ယာဉ်လိုင်း ပြေးဆွဲမှု အဆင်ပြေ ချောမွေ့စေရန် တစ်ပတ်ခန့် အချိန်ယူရမည်ဟု ဝန်ကြီးချုပ် ဆို

ရန်ကုန်၊ ဇန်နဝါရီ ၁၇

YBS ယာဉ်လိုင်းပြေးဆွဲမှု အဆင်ပြေချောမွေ့စေရန် တစ်ပတ်ခန့် အချိန်ယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။ အဆိုပါပြောကြားချက်ကို ဇန်နဝါရီ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာ ဏာပိုင်အဖွဲ့ရုံးတွင် ပြုလုပ်သည့်မီဒီယာများ နှင့်တွေ့ဆုံရာတွင် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

Read more...

ဘုရင့်နောင် ပွဲရုံဝင်းရှိ စည်းကမ်းနှင့် မညီသည့် ဆိုင်ခန်းနှင့် ပွဲရုံပိုင်ရှင် ၄ဝဝ ကျော်ကို သတိပေးစာ ပို့

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ဘုရင့်နောင် ပွဲရုံဝင်းအတွင်းရှိ စည်းကမ်း နှင့် ကိုက်ညီမှုမရှိသည့် ဆိုင်ခန်းနှင့် ပွဲရုံပိုင်ရှင် ၄၂၉ ဦးထံ သတိပေးစာ ပေးပို့လိုက်ပြီး လိုက်နာမှုမရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဘုရင့်နောင်ပွဲရုံနှင့် ကုန်တင်ယာဉ်ရပ်နားစခန်းတာဝန်ခံ ဦးဥာဏ်ထွန်းအောင်ထံမှသိရသည်။ ယခုအခါ ဘုရင့်နောင်ပွဲရုံဝင်းတွင်ရှိသော ဆိုင်ခန်းများနှင့်ပွဲရုံများသည် စည်ပင်မှချမှတ်ထားသောစည်းမျဉ်းနှင့် ကိုက်ညီမှုရှိစေရန်၊ ယာဉ်လမ်းကြောင်း ရှင်းလင်းစေရေးအပါအဝင်  ဒုစရိုက်မှုများ ကင်းစင်စေရေးအတွက်  စည်ပင်၊ အထွေထွေအုပ်ချုပ်ရေး၊ တိုင်းဒေကြီး ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင် ရာအဖွဲ့အစည်း များမှ တာဝန်ရှိသူများက စစ်ဆေးမှုများကို ဇန်နဝါရီ ၁၆ ရက်မှစတင်ကာ သုံးရက်တာစတင် စစ်ဆေးနေပြီဖြစ်ကြောင်း သိရသည်။

Read more...

ရန်ကုန် တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (ဗဟို)ရုံး ဖွင့်လှစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (ဗဟို) ရုံးကို ဇန်နဝါရီ ၁၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တာမွေမြို့နယ် လေးထောင့်ကန်လမ်းရှိ မထသ(မြို့တွင်း)ရုံးချုပ်ကို ရန်ကုန်တိုင်းဒေသ ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(ဗဟို)ရုံးအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

Read more...
Subscribe to this RSS feed
adv

adv

FacebookG+TwitterRSS