Main menu
HOT NEWS
adv

တစ်နာရီလုပ်ခ ကျပ် ၁ဝဝဝ ပေးရန် ရွှေပြည်သာတွင် လုပ်သား ၁၅ဝ ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မတ် ၂၂

လုပ်ငန်းတိုင်းတွင် တစ်နာရီလုပ်ခကျပ်တစ်ထောင်ပေးရန် ရွှေပြည်သာတွင် အလုပ်သမား ၁၅ဝကျော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည် ရွှေပြည်သာစက်မှုဇုန်အတွင်းရှိ ဂရိတ်စက္ကူစက်ရုံ၊ အာရှအချိုရည်စက်ရုံ၊ ကုန်တင်ကုန်ချ အလုပ်သမားသမဂ္ဂနှင့် အခြားစက်ရုံများမှအလုပ်သမားများစုပေါင်းကာ မတ်၂၁ ရက် နံနက် ၇နာရီတွင် ရွှေပြည်သာ၊ ပုလဲလမ်းမ ဘုန်းကြီးကျောင်းကွေ့မှတ်တိုင်မှ ၁၉၉ဂိတ်ဟောင်းထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more...

ဗိုလ်တထောင်မြို့နယ် လမ်း (၅ဝ) တွင် ကုမ္ပဏီမန်နေးဂျင်း ဒါရိုက်တာတစ်ဦး အနုကြမ်း စီးခံရ၊ ခြောက်သိန်းတန် လက်စွပ်နှင့် ငွေအချို့ ပါသွား

ရန်ကုန်၊ မတ် ၂၂

မျက်နှာကို ပဝါစည်းထားသူနှစ်ဦးသည် ရန်ကုန်မြို့ လမ်း (၅ဝ)တွင် ဖွင့်လှစ်ထားသည့် ကုမ္ပဏီရုံးခန်းအတွင်းသို့ ဝင်ရောက်ကာ မန်နေးဂျင်းဒါရိုက်တာအမျိုးသားကိုဓားဖြင့်ထိုးပြီး အနုကြမ်းစီးလုယက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။  ဖြစ်စဉ်မှာ မတ် ၂၁ ရက် နံနက် ၈ နာရီတွင် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့်ကုန်သည်လမ်းကြား၊ လမ်း(၅ဝ)အောက်ဘလောက်၊ တိုက်အမှတ်(၁၅)၊ ငါးလွှာရှိ New Wave Service IT and Telecommunication ကုမ္ပဏီလီမိတက်ရုံးခန်းတွင် ယင်းကုမ္ပဏီ၏မန်နေးဂျင်း ဒါရိုက်တာ ဦးမင်းဆွေ(၇ဝ)နှစ်သည် တစ်ဦးတည်းရှိနေပြီး တရားထိုင်နေစဉ် မျက်နှာပဝါစည်းထားသော အမည်မသိအမျိုးသားနှစ်ဦး ရောက်ရှိလာကာ အသင့်ပါလာသောဓားဖြင့်ထောက်ပြီး မလှုပ်နဲ့ဟုပြောခဲ့ကြောင်း၊ ဦးမင်းဆွေမှပြန်လည်ခုခံခဲ့ရာ ဓားဒဏ်ရာနှစ်ချက်ရရှိခဲ့ကြောင်း၊ ထို့ နောက်ဦးမင်းဆွေ၏ ခြေထောက်နှင့်ပါး စပ်ကိုတိတ်ဖြင့်ပတ်ကာ ကျပ်ခြောက်သိန်းတန်လက်စွပ်တစ်ကွင်းနှင့်ငွေကျပ်နှစ်သိန်းပါသော ပိုက်ဆံအိတ်တို့ယူဆောင်၍ ထွက် ပြေးသွားခဲ့ကြောင်း ဗိုလ်တထောင်မြို့မရဲစခန်းမှ သိရသည်။

Read more...

သင်္ကြန်ယိမ်းနှင့် တိုင်းရင်းသား ရိုးရာအက ပြိုင်ပွဲဝင်ရန် ၄၁ သင်းလျှောက်ထား

ရန်ကုန်၊ မတ် ၂၁

သင်္ကြန်တွင်းယိမ်းအကနှင့် တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲဝင်ရန် လျှောက်ထားသည့် အသင်းပေါင်း ၄၁ သင်းထိရှိပြီဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှသိရသည်။ သင်္ကြန်ယိမ်းအကနှင့် တိုင်းရင်းသားရိုးရာအက ပြိုင်ပွဲဝင်အသင်းများအား မတ် ၁၃ ရက်မှစတင်ကာ လျှောက်လွှာခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၁၇ ရက်ထိ ယိမ်းအက ပြိုင်မည့်အသင်း ၂၆ သင်းနှင့် တိုင်းရင်းသားရိုးရာအက ပြိုင်မည့် အသင်း ၁၅ သင်းလျှောက်ထားခဲ့ပြီးဖြစ်ကြောင်း စည်ပင်စစ်ဆေးရေးဌာနဌာနခွဲမှူး၊ ပြိုင်ပွဲအကဲဖြတ်လုပ် ငန်းဆပ်ကော်မတီရုံးအဖွဲ့မှ ဦးအောင်မြင်ခန့်က ဒီမိုကရေစီတူဒေးသို့ မတ် ၂ဝ ရက်တွင်ပြောသည်။

Read more...

အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး-အင်ဖာ ကုန်သွယ်မှု လမ်းကြောင်း ပြန်လည် ဖွင့်လှစ်

ရန်ကုန်၊ မတ် ၂၁

လေးလကျော်ကြာ ပိတ်ထားခဲ့သည့် အိန္ဒိယ-မြန်မာနယ်စပ် တမူး-မိုးရေး-အင်ဖာ ကုန်သွယ်မှုလမ်းကြောင်း ယနေ့ မတ် ၂ဝ မှစတင်ကာ ပြန်လည်ဖွင့်ခဲ့ကြောင်း ကလေး-တမူး-ကလေးဝနယ်စပ် ကုန်သည်များအသင်းမှသိရသည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံနယ်စပ်ရှိ အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော အိန္ဒိယ လူမျိုးချင်း လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့ခြင်းကြောင့် ယမန်နှစ် နှစ်ကုန်ပိုင်းမှစတင်ကာ အဆိုပါ တမူး-မိုး ရေး-အင်ဖာကုန်သွယ်မှုလမ်းကြောင်းအား ပိတ်ဆို့ခဲ့ခြင်းဖြစ်သည်။

Read more...

ကုလသမဂ္ဂက ထုတ်ပြန်သော ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းတွင် အဆင့် (၁၁၄) ၌ မြန်မာ ရပ်တည်

ရန်ကုန်၊ မတ် ၂၁

မတ် ၂ဝ ရက်တွင်ကျရောက်သော နိုင်ငံတကာပျော်ရွှင်မှုနေ့တွင် ကုလသမဂ္ဂ၏အဖွဲ့အစည်းတစ်ခုက ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံသည် အဆင့် (၁၁၄) ၌ ရပ်တည်လျက်ရှိကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရသိရသည်။ World Happiness Report 2017 ဟု အမည်ပေးထားသော အစီရင်ခံစာကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးနည်းလမ်းများ ကွန်ရက်အဖွဲ့(SDSN) က နိုင်ငံပေါင်း ၁၅၅ နိုင်ငံအား လေ့လာဆန်းစစ်ပြီး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616