Main menu
HOT NEWS
adv

ရန်ကုန်-ပြည် အဝေးပြေးလမ်းပေါ်၌ ခရီးသည်တင် Express ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ

ပြည်၊ ဧပရယ် ၁၉

ရန်ကုန်-ပြည်အဝေးပြေးလမ်းပေါ်၌ ဧပြီလ ၁၉ ရက်နေ့ နေ့လယ်ပိုင်းက ခရီးသည်တင် Express ယာဉ်တစ်စီးတိမ်းမှောက်မှုကြောင့် လူတစ်ဦးသေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကြို့ပင်ကောက်မြိုမရဲစခန်းမှ သိရသည်။ ရန်ကုန်မှ ပြည်ဘက်သို့မောင်းနှင်လာသော ဘုန်းမြတ်ပိုင် Express ယာဉ်မှာ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည်အဝေးပြေးလမ်း မိုင်တိုင် အမှတ် ၁၂၆/၃ နှင့် မိုင်တိုင်အမှတ် ၁၂၆/၄ ကြား၌ ကားလမ်းနှင့် ရထားလမ်းကြားရှိ ရေမြောင်းအတွင်းသို့ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more...

ရွှေပြည်သာမြို့နယ်က ကျူးကျော်များကို စမတ်ကတ်များ စတင်ထုတ်ပေး

 ရန်ကုန်၊ ဧပြီ ၇

ရွှေပြည်သာမြို့ နယ်တွင်ရှိသောကျူးကျော်များကို နေရာသုံးနေရာခွဲပြီး ကျူးကျော်စမတ် ကတ်များထုတ်ပေးနေပြီးဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးဖွံ့ဖြိုး ရေးသုတေသနစီမံကိန်း၊ ကျူးကျော် နေထိုင်သူများစာရင်းကောက်ယူ ရေးအဖွဲ့မှစာရင်းကောက်အဖွဲ့များသည် ဧပြီ ၆ ရက်မှ စတင်ကာရွှေ ပြည်သာမြို့နယ်အတွင်းကျူးကျော် စမတ်ကတ်များထုတ်ပေးနေခြင်းဖြစ် ကြောင်း ကွင်းဆင်းစာရင်းကောက် အဖွဲ့ဝင်များထံမှသိရသည်။

Read more...

မီတာခများ တိုးမြှင့်ကောက်ခံရေးနှင့် ပတ်သက်ပြီး တွက်ချက်နေ၊ အခြေခံ လူတန်းစားများ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်လျက်ရှိ ဟုဆို

ရန်ကုန်၊ ဧပြီ ၇

မီတာခများတိုးမြှင့်ကောက်ခံရေးနှင့်ပတ်သက်၍ တွက်ချက်မှုများဆောင်ရွက်လျက်ရှိပြီး အခြေခံလူတန်းစားများထိခိုက်မှုအနည်း ဆုံးဖြစ်အောင် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးထိန်လွင်ကပြောသည်။ ဧပြီ ၆ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီး ဌာန၌ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်အစိုးရ၏ပထမတစ်နှစ်တာကာလ အတွင်းပြုပြင်ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more...

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိ

နေပြည်တော်၊ ဧပြီ ၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်တို့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ဖိတ်ကြားချက်အရ ဧပြီ ၆ ရက် နံနက်တွင် နေပြည်တော်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်ရန် လေကြောင်းခရီးဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

Read more...

အဲကွန်း မပါသော ယာဉ်များ ဧပြီ ၇ ရက်တွင် ခရီးစဉ် တစ်ပိုင်းလျှင် ကျပ် ၁ဝဝ စတင်ကောက်ခံမည်

ရန်ကုန်၊ ဧပြီ ၆

အဲကွန်းမပါသော YBS ယာဉ်များ ခရီးစဉ်တစ်ပိုင်းလျှင် ကျပ် ၁ဝဝ သာ ကောက်ခံရမည့်စနစ်ကို ဧပြီ ၇ ရက်တွင် စတင်တော့မည်ဟုသိရသည်။ အဲကွန်းမပါသည့် YBS ယာဉ်လိုင်းများအနေဖြင့် သတ်မှတ်ပေးထားသည့် ခရီးစဉ်ပိုင်းဖြတ်မှုနှုန်းထားအတိုင်းသာ ကောက်ခံရမည်ဖြစ်ပြီး ဘယ်စီးစီးနှစ်ရာကျပ်ကောက်ခံမှုမျိုးရှိလာပါက တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှတွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်းက ဧပြီ ၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616