Main menu
HOT NEWS
adv

သီလဝါ အထူးစီးပွားရေးဇုန် သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်နိုင်ရန်အတွက် ဂျပန်နည်းပညာသုံး အဆင့်မြင့် မိုးလေဝသစောင့်ကြည့် စစ်ဆေးရေးစနစ် စတင်တပ်ဆင်နေ

ရန်ကုန်၊ စက်တင်ဘာ ၁၅

သီလဝါအထူးစီးပွားရေးဇုန် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ဂျပန်နည်းပညာသုံး အဆင့်မြင့်မိုးလေဝသစောင့်ကြည့် စစ်ဆေးရေးစနစ်ကို သီလဝါအထူးစီးပွားရေးဇုန်တွင် တပ်ဆင်နေ ကြောင်း မြန်မာ-ဂျပန်သီလဝါဖွံ့ ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်၏ စက်တင်ဘာ ၁၅ ရက်သတင်း ထုတ်ပြန်ချက် အရသိရသည်။

Read more...

ဆင်မျိုးစိတ်များ ထိန်းသိမ်းရေး စီမံချက် ရေးဆွဲနေ

ရန်ကုန်၊ စက်တင်ဘာ ၁၅

မြန်မာ နိုင်ငံအနှံ့အပြားတွင် နေထိုင်ကျက်စားနေသည့် ဆင်များမျိုးတုံးမ ပျောက်ကွယ်စေရန် ဆင်မျိုးစိတ်များ ထိန်းသိမ်းရေးစီမံချက်ကို ရေးဆွဲ နေကြောင်း သစ်တောဦးစီးဌာန၊ သဘာဝပတ်ဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောသည်။ ''ဆင်တွေအတွက် မြေနေရာ ကျဉ်းလာတဲ့အပြင် ဆင်ခိုးသတ်တဲ့သူတွေများလာတာကြောင့် ဆင်ထိန်းသိမ်းရေးစီမံချက်ကို ရေးဆွဲနေတာဖြစ်တယ်''ဟု ညွှန်ကြားရေးမှူးဦးဝင်းနိုင်သော်က ပြောသည်။

Read more...

်ဒလတံတားတည်ဆောက်ရေး လုပ်ငန်းကို ၂ဝ၁၈ နှစ်ဆန်းတွင် စတင်မည် အသေးစိတ် ဒီဇိုင်းထုတ်မှု ယခု လကုန်ပြီးမည်

ရန်ကုန်၊ စက်တင်ဘာ ၁၄

၂ဝ၁၈ နှစ်ဆန်းပိုင်းတွင် ရန်ကုန်-ဒလတံတားတည်ဆောက်ခြင်းလုပ်ငန်းများကိုစတင်မည်ဖြစ်ကြောင်းနှင့် တံတား ဒီဇိုင်းအသေးစိတ်ထုတ်ခြင်းမှာ ယခုလကုန် သို့မဟုတ် အောက်တိုဘာ လဆန်းတွင် ပြီးမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒလတံတားတာဝန်ခံအင်ဂျင်နီယာချုပ် ဦးကျော်ကောင်းချိုက ဒီမိုကရေစီတူဒေးသို့ စက်တင်ဘာ ၁၄ ရက် က ပြောသည်။ ဒလတံတားကို မူလသတ်မှတ်ထားသည့်နေရာတွင်ပင် တည် ဆောက်မည်ဖြစ်ကြောင်း၎င်းက ပြောသည်။

Read more...

ထိုင်းအာဏာပိုင်ထံ စာရင်းပေးထားသည့် တရားမဝင်မြန်မာ လေးသိန်းခွဲကျော်ကို မြန်မာအစိုးရ အထောက်အထား ထုတ်ပေးပြီ

ရန်ကုန်၊စက်တင်ဘာ ၁၄

ထိုင်းအစိုးရထံ စာရင်းပေးထားသည့် တရားမဝင်မြန်မာဦးရေ လေးသိန်းခွဲ ကျော်ကို စက်တင်ဘာ ၁၅ ရက် (ယနေ့)မှစတင်ကာ မြန်မာအစိုးရက အထောက်အထားထုတ်ပေးမည် ဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ ၁၅ ရက်တွင် ထိုင်းနိုင်ငံရှိ ချင်းမိုင်၊ ဆောင်ခလာ၊နှင့် နခေါစဝမ်တို့တွင် မြန်မာအစိုးရ၏ အထောက်အထားထုတ်ပေး ရေး CI စခန်းသုံးခုကိုလည်း ထပ်တိုးဖွင့်လှစ်ပြီဖြစ်၍ CI ထုတ်ပေး ရေးစခန်း ကိုးခုအထိရှိလာမည်ဖြစ် ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးမှ စက်တင်ဘာ ၁၄ ရက်ထုတ်ပြန် ချက်အရသိရသည်။

Read more...

ယခုနှစ်အတွက် နေ့စားလပေး မူလတန်းပြ သုံးသောင်း ဝန်းကျင်ခန့် ထားမည်၊ ချက်ချင်း ခန့်မည်မဟုတ်ဘဲ သင်တန်းများ ပေးမည်ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၁၄

ယခုပညာသင်နှစ်အတွက်နေ့စား လပေး သုံးသောင်းခန့်လိုအပ်နေပြီး ခန့်ထားမည့် နေ့စားလပေးများကိုသင်တန်းများပေးအပ်ပြီးမှသာခန့်ထားတော့မည်ဖြစ်ကြောင်း သိရသည်။ ယခုပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်းများအတွက် လိုအပ်လျက်ရှိသော နေ့စားလပေးများကိုခန့်အပ်မည်ဖြစ်ရာ တိုင်းဒေသ ကြီးနှင့်ပြည်နယ်အသီးသီးအလိုက်လိုအပ်နေသော မူလတန်းပြလစ် လပ်စာရင်းများကို ပြုစုပြီးတိုင်းဒေသ ကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယခုပညာသင်နှစ်အတွက် ဘွဲ့ရနေ့စား လပေးတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးသောင်းဝန်းကျင်ခန့်ထားရမည်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်မှစတင်ကာ ခန့်ထားမည့် နေ့စားလပေးများကို သင်တန်းများပေးအပ်ပြီးမှသာ သင်ကြားရေးတာဝန်ပေးတော့မည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191