Main menu
HOT NEWS
adv

ရွှေပြည်သာတွင် လမ်းသွားရင်း ပခုံးချင်း တိုက်မိရာမှ လူသတ်မှုဖြစ်ပွား

ရန်ကုန်၊ စက်တင်ဘာ ၁၁

ရွှေ ပြည်သာတွင် လမ်းသွားရင်း ပခုံးချင်းတိုက်မိရာမှ လူသတ်မှုဖြစ်ပွားခဲ့သည်။  စက်တင်ဘာ ၁ဝ ရက် ည ၈ နာရီခန့်က ရွှေပြည်သာမြို့နယ်အမှတ်(၁)ရပ်ကွက် အင်ကြင်းမြိုင် လမ်းမပေါ်တွင် အမျိုးသားတစ်ဦးသည် ဦးခေါင်းနှင့် မျက်နှာတို့တွင် ဒဏ်ရာများရရှိကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ပြစ်မှုကျူးလွန်သူတစ်ဦးအား ဖမ်း ဆီးစစ်ဆေးခဲ့ရာ လမ်းသွားရင်း ပခုံးချင်းတိုက်မိခဲ့ရာမှ စကားများရန်ဖြစ်ကာ တုတ်ဖြင့်ရိုက်ခြင်းဟု သိရ ကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှသိရသည်။

Read more...

အကြားအမြင် ပါရမီရှင် ဆရာမကြီး အီးတီ(ခေါ်) ဒေါ်ဆွေဆွေဝင်း နေအိမ်တွင် အိပ်နေရာမှ ရုတ်တရက် ကွယ်လွန်

ရန်ကုန်၊ စက်တင်ဘာ ၁ဝ

နိုင်ငံရေးလောကတွင်ထင်ရှားသည့် ဖေ၊ ပု၊ ရှိန်အဖွဲ့မှ ဦးထွန်းရှိန်နှင့် ကာတွန်းဆရာကြီး ဦးဖေသိန်း၏ မျိုးဆက်တစ်ဦးဖြစ်သော အကြားအမြင်ပါရမီရှင်ဆရာမ အီးတီ (ခေါ်)ဒေါ်ဆွေဆွေဝင်းသည် စက်တင်ဘာ ၁ဝ ရက် နံနက် ၄ နာရီ မိနစ် ၂ဝ တွင် ရုတ်တရက် ကွယ်လွန်သွားကြောင်း မိသားစုဝင်များထံမှသိရသည်။ အဆိုပါနံနက်၌ အိပ်ရာအတွင်း အိပ်နေရာမှ ကွယ်လွန်သွားခြင်းဖြစ်ပြီး ယခင်ကအဆုတ်နှင့်ပတ်သက်ပြီး နိုင်ငံခြားတွင် သွားရောက်ကုသခဲ့ရဖူးသည်ဟုဆိုသည်။

Read more...

ရေပူ အမြဲတမ်း စစ်ဆေးရေး စခန်းတွင် တရားမဝင် ကျောက်စိမ်းများ သယ်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီးကို ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၁ဝ

ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းတွင် စက်တင်ဘာ ၉ ရက်က တရားမဝင်ကျောက်စိမ်းသယ်ဆောင်လာသည့်ကားနှစ်စီးကိုဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်းရရှိသည်။ ကျောက်စိမ်းများကို မန္တလေးမှမူဆယ်သို့သွားရောက်မည့် Express နှင့် Nissan March ကားများအပေါ်တွင်သိုဝှက်သယ် ဆောင်လာခြင်းဖြစ်ပြီး သယ် ဆောင်လာသည့်ကားနှစ်စီးအပါ အဝင် ခန့်မှန်းတန်ဖိုးကျပ် ၈၂ ဒသမ ၈၅ သန်းဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

Read more...

ပညာရေးကောလိပ် ဝင်ခွင့်များကို စက်တင်ဘာ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်

ရန်ကုန်၊ စက်တင်ဘာ ၁ဝ

ပညာ ရေးကောလိပ်ဝင်ခွင့်များကို စက်တင်ဘာ ၂၉ ရက်နေ့နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ် ကြောင်းသိရသည်။ ၂ဝ၁၇ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်သည့် ပညာ ရေးကောလိပ်နှစ်နှစ်သင်တန်းများကို သက်ဆိုင်ရာပညာရေးကောလိပ်အသီးသီးတွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ရာ အသက် ၂၂ နှစ်အောက်တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများ လျှောက်ထားနိုင်ကြောင်း၊ ဝင်ခွင့်လျှောက်လွှာများကို စက်တင်ဘာ ၂၉ ရက် နေ့နောက်ဆုံးထားပြီး မိမိတို့တက် ရောက်လိုသောပညာရေးကောလိပ်များသို့တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပြီး ပညာရေးဝန် ကြီးဌာန(သို့မဟုတ်)ဦးစီးဌာနများသို့လျှောက်ထားခြင်းမပြုရန် ကြေညာထားကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှသိရသည်။

Read more...

အကြမ်းဖက်မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသော ဆရာ၊ ဆရာမများ ရောက်ရာ အရပ်တွင် စာသင်ရမည်

ရန်ကုန်၊ စက်တင်ဘာ ၉

အကြမ်းဖက်တိုက်ခိုက်မှုကြောင့် နေရပ်ပြန် လာရသည့် ဘူးသီးတောင်၊ မောင် တောဒေသရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအလုပ် လက်မဲ့မဖြစ်စေရန် ယင်းတို့နေ ထိုင်ရာအရပ်ရှိ နီးစပ်ရာကျောင်းများတွင် တာဝန်ထမ်းဆောင်စေမည်ဖြစ်ပြီး လစာကိုလည်းမူရင်း လစာအတိုင်းချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191