Main menu
HOT NEWS
adv

မြန်မာ့ သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်း ရမှတ်နှင့် ဝင်ခွင့်စာမေးပွဲ ရမှတ်တို့အပေါ် မူတည်ပြီး လက်ခံပေးမည်

ရန်ကုန်၊ ဇူလိုင် ၁၄

အိန္ဒိယ နိုင်ငံနှင့်ပူးပေါင်းဖွင့်လှစ်ထားသည့် မြန်မာ့သတင်းအချက်အလက်နည်း ပညာတက္ကသိုလ် MIIT ၏ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ်နှင့်ဝင်ခွင့် စာမေးပွဲရမှတ်တို့အပေါ်မူတည်ပြီး လက်ခံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၂ဝ၁၇ ခုနှစ်တက္ကသိုလ်ဝင် တန်းအောင်ကျောင်းသား၊ ကျောင်းသူများလျှောက်ထားနိုင်မည့် မြန်မာ့သတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် စုစုပေါင်း ၄၅ဝ နှင့်အ ထက်ရရှိသူများလျှောက်ထားနိုင်မည်ဖြစ်ပြီး အဆိုပါတက္ကသိုလ်သို့ လျှောက်ထားမည့်သူများသည် ဝင်ခွင့်စာမေးပွဲကိုဖြေဆိုရမည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်တန်းရမှတ်နှင့်ဝင်ခွင့် စာမေးပွဲရမှတ်တို့အပေါ်မူတည်ပြီး ရွေးချယ်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။

Read more...

The Voice အယ်ဒီတာချုပ်၏ ခုနစ်ကြိမ်မြောက် အာမခံလျှောက်ထားမှု တရားရုံးက ထပ်မံ ပယ်ချပြန်

ရန်ကုန်၊ ဇူလိုင် ၁၄

The Voice သတင်းစာအယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ခုနစ်ကြိမ်မြောက် အာမခံလျှောက်ထားမှုကိုလည်း ဗဟန်းတရားရုံးမှ ထပ်မံပယ်ချလိုက်သည်။ ကျည်ထောင်စုသစ္စာသရော်စာဆောင်းပါးကို အွန်လိုင်းမီဒီယာတွင် ဖော်ပြခဲ့သဖြင့် တရားစွဲဆိုခံထားရသော The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအား ဇူလိုင် ၁၄ ရက် နံနက်ပိုင်းက ရုံးထုတ်ခဲ့ခြင်းဖြစ်ပြီး အာမခံလျှောက်ထားမှုမပြည့်စုံခြင်း၊ အာမခံပေးခွင့်မရှိသည့်ပုဒ်မဖြစ်ခြင်း ဆိုသည့်နှစ်ချက်ဖြင့် ထပ်မံပယ်ချခံခဲ့ရကြောင်း ဦးကျော်မင်းဆွေ၏ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

Read more...

တောင်ဥက္ကလာပတွင် စည်ပင် အကြီးတန်း စာရေးမက အိမ်အတွင်းဝင် အနုကြမ်းစီး

ရန်ကုန်၊ ဇူလိုင် ၁၄

စည်ပင်အကြီး တန်းစာရေးမတစ်ဦးသည် ရေကန်ထဲပိုးလောက်လန်းစစ်ဆေးမည်ဟုဆိုကာ အမျိုးသမီးကြီးတစ်ဦးတည်း ရှိသည့်အိမ်သို့ ဝင်ခွင့်တောင်းပြီး လည်ပင်းညှစ်၍ လက်ကောက် ၁၄ ကွင်းအနုကြမ်းစီးချွတ်ယူမှု တောင်ဥက္ကလာပတွင် ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဇူလိုင် ၁၄ ရက် မွန်းလွဲ ၂ နာရီခန့်တွင် တောင် ဥက္ကလာပမြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘရဏီ(၁)လမ်းအောက်လမ်းရှိ အိမ်အမှတ်(---)၌ အိမ်ရှင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်း(၆၈)နှစ်သည် နေအိမ်၌တစ်ဦးတည်းရှိနေစဉ် အမျိုးသမီးတစ်ဦးမှ ရေကန်ထဲသို့ ပိုးလောက်လန်းစစ်ဆေးရန်အတွက် လာရောက်ခြင်းဖြစ်ကြောင်း အခြားအဖွဲ့များလည်းပါဝင်ကြောင်း ပြောသဖြင့် အထဲသို့ဝင်ခွင့်ပေးခဲ့ကြောင်း သိရသည်။

Read more...

ယန်ဟီးလီနှင့် သတင်းမီဒီယာကောင်စီ တွေ့ဆုံ

ရန်ကုန်၊ ဇူလိုင် ၁၃ - မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီးလီနှင့် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီတို့ ဇူလိုင် ၁၃ရက်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီရုံး ခန်းတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

Read more...

YBS-25 ယာဉ် မြေပျော့နင်းမိရာမှ တိမ်းစောင်းမှုဖြစ်၊ ခရီးသည်အချို့ ဒဏ်ရာအနည်းငယ်ရ

ရန်ကုန်၊ ဇူလိုင် ၁၃- ဒဂုံတက္ကသိုလ်မှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ခရီးသည် များလိုက်ပါလာသည့် YBS-25 ခရီးသည်တင်ယာဉ်တစ်စီး မြောက်ဒဂုံမြို့နယ် ပြည်ထောင်စုလမ်းမကြီးပေါ်  ချောင်းကူးတံတားအနီးတွင် တိမ်းစောင်းသွားရာမှ ကျောင်းသူနှစ်ဦးအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191