Main menu
HOT NEWS
adv

သိန်းတစ်သောင်းဆုကံထူးရှင်က ထီကိုယ်စားလှယ်ကို ကျပ်သိန်း ၁၀၀ ကန်တော့

ရန်ကုန်၊ ဇူလိုင် ၁၃ - သိန်းတစ် သောင်းကံထူးရှင် ကိုခွန်မိုးသွင်သည် သိန်းတစ်သောင်းပေါက်အောင် ရောင်း ချပေးခဲ့သည့် ထီကိုယ်စား လှယ် ဒေါ်ကြည်ဝင်း(သိန်းသိန်းသန်းထီ ဆိုင်)ကို ကျပ်သိန်း ၁၀၀ သွားရောက် ကန်တော့ခဲ့ကြောင်းသိရသည်။

Read more...

ကျိုင်းတုံမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ သတ်မှတ်ရန် ဆောင်ရွက်နေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူနေမှုပတ်ဝန်းကျင်ကျန်းမာရေးအတွက် ဆေးလိပ်ငွေ့ကင်း စင်နယ်မြေများ သတ်မှတ်ကာ ယင်းနေရာများတွင် အမှန်တကယ်လေးစားလိုက်နာစေရေး ဆောင်ရွက်နိုင်ရန်  အတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းအကောင်ထည်ဖော်ရန် လိုအပ်ကြောင်း ရှမ်းပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးရဲနိုင်က ပြောဆိုလိုက်သည်။

Read more...

ပြည်တွင်းမှ ထွက်ရှိသည့် ပြောင်းများ မျိုးရောနှောနေခြင်းကြောင့် အရည်အသွေးပိုင်း အားနည်းချက် ရှိနေ

ရန်ကုန်

မြန်မာနိုင်ငံတွင် စိုက်ပျိုးသော ပြောင်းများမှာ အမျိုးအစားရှိသော်လည်း ပြောင်းမျိုးများ ရောနှောနေသောကြောင့် အရည်အ သွေးပိုင်းမှာ အားနည်းချက်ရှိကာ ပြည်ပသို့ ရောင်းချရာတွင် ထိုက်သင့်သော ဈေးနှုန်းကို မရရှိသေးကြောင်း မြေပဲဆန်နှင့် ပြောင်း ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။ ''ကျွန်တော်တို့ တောင်သူတွေက ၈၈၈ မျိုး (တောင်သူမျိုး)ကို စိုက်ချင်လည်း စိုက်မယ်၊ ၂၂၂ မျိုးကိုလဲ စိုက်မယ်။ ဒါပေမဲ့ သူတို့က ဘေးချင်းကပ်ပြီးတော့ စိုက်ကြတာ။ ဝတ်မှုန်ကူးတာတွေကိုလဲ သိပ်သတိမထားကြဘူး။ ကြက်စာပြောင်းဆိုပေမယ့်လဲ အုတ် ရောရော ကျောက်ရောရောဆိုတဲ့ အရည်အ သွေးမျိုးတွေပဲရှိတယ်''ဟု မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း၊ ဒါရိုက်တာဦးထွန်းအောင်က ပြောသည်။

Read more...

အစိုးရဆေးရုံများတွင် ရေဆိုးကန် ထားရှိမှု ရှိမရှိ နှစ်နှစ် အချိန်ယူ စောင့်ကြည့်သွားမည်

ရန်ကုန်

အစိုးရဆေးရုံကြီးများတွင် ရေဆိုးကန်ထားရှိမှု ရှိမရှိကို နှစ်နှစ်အချိန်ယူစောင့်ကြည့်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။ ယခင်က ဆေးရုံဆေးခန်းမှထွက်ရှိသည့် အရည်များနှင့် ပတ်သက်၍ ဌာနမှစစ်ဆေးမှု များ မရှိခဲ့သော်လည်း ၂ဝ၁၆ ခုနှစ် သြဂုတ်လနောက်ဆုံးပတ်တွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပုဂ္ဂလိကနှင့် အစိုးရ ဆေးရုံဆေးခန်း ၇ဝ ကျော်အား ခေါ်ယူတွေ့ဆုံ ဆွေးနွေးခဲ့သည်။

Read more...

ကျိုက်ထိုတွင် ခရီးသည်တင်ယာဉ်(၂)စီး ခေါင်းချင်းဆိုင်တိုက်မိ ၃ ဦးသေဆုံး၊ ၃၂ ဦး ဒဏ်ရာရရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်တွင် ဇူလိုင် ၁၂ ရက်၊ ည(၁၀း၀၀)နာရီချိန်ခန့်တွင် ခရီးသည်တင်မှန်လုံယာဉ်(၂)စီး ခေါင်းချင်းဆိုင်တိုက်မိရာမှ လူ(၃)ဦး သေဆုံးပြီး (၃၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191