Main menu
HOT NEWS
adv

ဦးကိုနီ လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်သူ ကြည်လင်း ပါ လေးဦးကို (၇)ကြိမ်မြောက် ရုံးထုတ်

ရန်ကုန်၊ မေ ၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥပဒေအကြံပေး ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အမှုတွင်ပါဝင်ပတ်သက်သူ ငါးဦးအနက် ကြည်လင်းပါလေးဦးတို့အား မေ ၁၂ ရက်က ခုနစ်ကြိမ် မြောက်အဖြစ်ရုံးထုတ်ခဲ့ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။ မြောက်ပိုင်းခရိုင်တရားရုံးမှ လက်ခံထားသော အမှုအမှတ်ရာကြီး ၄၅/၂ဝ၁၆၊ ရာထွေ ၂ဝ/ ၂ဝ၁၇၊ ရာကြီး ၄၆/၂ဝ၁၇ တို့အတွက် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်ခဲ့သည့် ကြည်လင်း၊ အောင်ဝင်း ဇော်၊ ဇေယျာဖြိုးနှင့်အောင်ဝင်းထွန်းတို့ကို ပူးတွဲရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

Read more...

ဈေးကွက်အတွင်း ဖြန့်ချိနေသည့် ကွမ်းသီး၊ ငါးပိနှင့် လက်ဖက်အချို့တွင် လူကို အန္တရာယ်ဖြစ်စေသည့် ချွတ်ဆေးနှင့် ဆိုးဆေးများ အသုံးပြုထားသဖြင့် အဓိက ပစ်မှတ်ထား စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်

နေပြည်တော်၊ မေ ၁၁

ဈေးကွက် အတွင်းဖြန့်ချိနေသည့် ကွမ်းသီး၊ ငါးပိ၊ နှင့် လက်ဖက်တို့တွင် လူကိုအန္တရာယ် ဖြစ်စေသည့် ချွတ်ဆေးနှင့်ဆိုးဆေးများအသုံးပြုထား၍ အဓိကပစ်မှတ် ထားစစ်ဆေးဆောင်ရွက်မှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း နေပြည် တော် အစားအသောက်နှင့် ဆေး ဝါးစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာထွန်း လင်းအောင်က ပြောကြားသည်။

Read more...

အိန္ဒိယ ရေတပ်သင်္ဘော Rajput ရန်ကုန်မြို့သို့ သုံးရက်ခရီး ရောက်ရှိ

ရန်ကုန်၊ မေ ၁၁

အရာရှိများနှင့်စစ်သည် ၂၅ဝ ကျော်ပါဝင်မည့် အိန္ဒိယ ရေတပ်သင်္ဘော Rajput သည် ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရန်ကုန်မြို့သို့ မေ ၁၁ ရက်က ရောက်ရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး၏ သတင်းထုတ်ပြန်ချက်အရသိရသည်။ အဆိုပါသင်္ဘော Commanding Officer မှာ Capt.Rizwan Ali Shah  ဖြစ်ပြီး အရာရှိများနှင့်စစ်သည်များအပါအဝင် ၂၅ဝ ကျော်ကို ဦးဆောင်၍ရောက်ရှိကြောင်း သိရသည်။

Read more...

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၆၅ ကျောင်းတွင် နည်းပြ သရုပ်ပြ ၆ဝဝ ကျော် အသစ်ခန့်မည်

ရန်ကုန်၊ မေ ၁၁

နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် ၆၅ ကျောင်းတွင် နည်းပြ သရုပ်ပြ ၆ဝဝ ကျော် အသစ်ခန့်ထားမည်ဖြစ် ကြောင်း သိရသည်။

Read more...

ရွှေတိဂုံစေတီတော် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မဝင် ၂ဝ၂၁ ခုနှစ်တွင် သိရှိနိုင်မည်

ရန်ကုန်

ရွှေတိဂုံစေတီတော် ကမ္ဘာ့အမွေအနှစ် စာရင်းဝင်၊ မဝင်ကို ၂ဝ၂၁ ခုနှစ်တွင် သိရှိနိုင်မည်ဖြစ်ကြောင်း ယူနက်စကို၊ အမျိုးသားစီမံကိန်းအရာရှိထံမှ သိရသည်။ ထိုသို့ အမွေအနှစ်စာရင်းဝင်နိုင်ရန် ရွှေတိဂုံဂေါပကအဖွဲ့၊ ဝန်ကြီးဌာနနှင့် ပြည်တွင်း ပြည်ပပညာရှင်များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကမ္ဘာ့အမွေအနှစ် တင်သွင်းရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဦးဆောင်၍ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616