Main menu
HOT NEWS
adv

ကမ္ဘာ့ကုလသမဂ္ဂ ၊ မြန်မာနိုင်ငံနဲ့ ဘင်္ဂါလီပြဿနာ

၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေ ထွေညီလာခံကို စက်တင်ဘာ ၁၂ ရက်မှ ၂၅ ရက်အထိ ကျင်းပနေရာ မြန်မာ နိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် မတက်ရောက်နိုင်ဘဲ ဒုတိယသမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ တက်ရောက်မိန့်ခွန်း ပြောကြားမယ်လို့ သိရပါတယ်။

Read more...

ပြည်သူများ၏ အခက်အခဲများနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ အချက်အလက်များကို 'ပွင့်လင်းလွှတ်တော်' မိုဘိုင်း အပလီကေးရှင်းတွင် တင်ပြလေ့လာနိုင်

ရန်ကုန်၊ စက်တင်ဘာ ၁၉

ပြည်သူများ မိမိတို့၏အခက်အခဲများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ အချက်အလက်များသိရှိနိုင်ရန် 'ပွင့်လင်းလွှတ်တော်'အမည်ရှိ မိုဘိုင်းအပလီကေးရှင်းကို လက်ကိုင်ဖုန်းများအတွင်း ထည့်သွင်းရုံဖြင့် အနီးစပ်ဆုံး တင်ပြလေ့လာနိုင်ပြီဖြစ်ကြောင်းသိရသည်။ ညီမျှခြင်းမြန်မာအဖွဲ့နှင့် မြန်မာ့ပဉ္စမမဏ္ဍိုင်အဖွဲ့တို့ ပူးပေါင်းပြုလုပ် သော'ပွင့်လင်းလွှတ်တော်'မိုဘိုင်းအပလီကေးရှင်း မိတ်ဆက်ပွဲကို စက်တင်ဘာ ၁၉ ရက်က ရန်ကုန် မြို့၊ ကန်တော်ကြီးပတ်လမ်းပေါ် ရှိ Chatrium ဟိုတယ်တွင်ပြုလုပ်ခဲ့ သည်။

Read more...

အာရှလမ်းမကြီးတွင် မော်တော်ယာဉ်သုံးစီး ချောက်ထဲထိုးကျ အမျိုးသားနှစ်ဦးသေဆုံးပြီး ခုနစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ရန်ကုန်၊ စက်တင်ဘာ ၁၉

ကော့ကရိတ်-မြဝတီသွား ကားလမ်း အာရှလမ်းမကြီးတွင် စက်တင်ဘာ ၁၉ ရက်က မော်တော်ယာဉ်သုံးစီးဆင့် တိုက်မိပြီး ချောက်ထဲကျသဖြင့် အမျိုးသားနှစ်ဦး သေဆုံးပြီး ခုနစ်ဦးမှာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း ကော့ကရိတ်မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ စက်တင်ဘာ ၁၉ ရက် နံနက် ၁ဝ နာရီတွင် မြဝတီမှ ကော့ကရိတ်ဘက်သို့ အမျိုးသား ငါးဦးလိုက်ပါစီးနင်းလာသည့် ၁၂ ဘီးယာဉ်သည် ကော့ကရိတ်-မြဝတီသွားကားလမ်း အာရှလမ်းမကြီး နတ် စင်ကွေ့အနီး မိုင်တိုင်အမှတ် (၁၅၃) နှင့်(၁၅၄)တို့အကြား အရောက်တွင် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ အရှေ့တွင်သွားနေသည့် ပရို ဘောက်ယာဉ် နှစ်စီးကို ဆင့်ကာတိုက်မိသဖြင့် ၁၂ ဘီးယာဉ် အပါအဝင် ပရိုဘောက်ယာဉ် နှစ်စီးတို့မှာ လမ်း၏ယာဘက်ရှိ ပေ ၂ဝ ခန့် နက်သည့် ချောက်ထဲသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။

Read more...

အစိုးရ စာသင်ကျောင်းများမှ တိုင်းရင်းသား စာပေဆရာ၊ ဆရာမများကို ယခုနှစ်မှ စတင်ပြီး နေ့စားလပေး ခန့်ထားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၉

အစိုးရ စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေသင်ကြားပေး နေသည့်ဆရာ၊ ဆရာမများကို ယခုနှစ်မှစတင်ပြီး နေ့စားလပေး ဝန်ထမ်းများအဖြစ်ခန့်ထားမည် ဖြစ်ကြောင်းသိရသည်။ တိုင်းရင်းသားဒေသအတွင်းရှိ အစိုးရစာသင်ကျောင်းများတွင် တိုင်းရင်းသားကလေးငယ်များ ပညာသင်ယူမှုအခွင့်အလမ်းပိုမိုရရှိစေရန်နှင့် သင်ယူတတ်မြောက်မှုအရည် အသွေးမြင့်မားစေရန် လက်ရှိတွင် တိုင်းရင်းသားဘာသာသင်ကြား ပေးနေသည့်ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာန၏ နေ့စား လပေး ဆရာ၊ ဆရာမများအဖြစ် ခန့်ထားရန်စီစဉ်လျက်ရှိကြောင်း နေ့စားလပေးအဖြစ်လျှောက်ထားလိုသောဆရာ၊ ဆရာမများအနေ ဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့ရုံးများရှိ တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးဌာနရုံးများနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနညွှန်ကြားရေးမှူး(ယာယီ)ရုံးများတွင်လျှောက်ထားနိုင် ကြောင်း တိုင်းရင်းသားလူမျိုးရေး ရာဝန်ကြီးဌာနမှ သိရသည်။

Read more...

ထိုင်းရှိ မြန်မာလုပ်သား သုံးသိန်းကျော်ကို (CI) ထုတ်ပေးပြီးဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၈

ထိုင်းရှိ မြန်မာလုပ်သား သုံးသိန်းကျော်ကို မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ် (CI) ထုတ်ပေးပြီး ဖြစ်ကြောင်းသိရသည်။ (CI) ထုတ်ပေးရန် မြန်မာအစိုးရက ထိုင်းနိုင်ငံအတွင်း စခန်းများဖွင့်ခဲ့ပြီး ခြောက်လအတွင်း မြန်မာ အလုပ်သမားသုံးသိန်းနှစ်သောင်း ကျော်ကို ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191